Channel Myanmar

Women of the White Buffalo (2022)

N/A    

N/A 1h 26mins Documentary

5.8
IMDB: 5.8/10 51 votes

, , , ,

4 wins

USA

255849

Report error

အ​မေရိကကို ဒီမိုက​ရေစီဘိုး​တော်နိုင်ငံ၊ လူ့အခွင့်အ​ရေးကို တန်ဖိုး
အထားဆုံး နိုင်ငံ​တွေထဲက တစ်ခုအဖြစ်ပြောကြလျှင် လူတချို့က
ရယ်ကြလိမ့်မည်၊ ထိုလူ​တွေက တခြားမဟုတ် အ​မေရိကန်နိုင်ငံမှာ
​နေထိုင်ကြတဲ့ ယူအက်စ်နိုင်ငံသား​​တွေလို့ ​ပြောရင် နည်းနည်း​တော့
ဆန်း​နေလိမ့်မည်၊ နိုင်ငံသားဟုဆိုရာ​တွင် ကိုလံဘတ်စ်​ရောက်ပြီး
​​နောက်ပိုင်း တစ်စတစ်စ​ ရောက်လာသည့် ဥ​ရောပမျိုးစပ်များကို
​ပြောတာမဟုတ်​ပေ၊ အင်ဒီးယန်းအပါအဝင် ​အ​မေရိကတိုက်ဟူ၍
ရှိကတည်း​က ​နေထိုင်လာကြသည့် ​ဒေသခံ တိုင်းရင်းသားများကို
ဆိုလိုခြင်းဖြစ်သည်။

 

အင်ဒီးယန်းသားတို့ ဤသို့ ခံစားရသည်မှာ အ​​ကြောင်းရှိသည်၊
ကိုလံဘတ်စ် အ​မေရိကတိုက်ကို စတင်​တွေ့ရှိခဲ့သည့် ၁၄၉၂တွင်
သန်း၈၀​ကျော်ရှိခဲ့​သော ​​​ဒေသခံတိုင်းရင်းသားများသည် ၂၁ရာစု
အ​စောပိုင်း​တွင် ၉၀%​ကျော် ဆုံးရှုံးသွားပြီး ​​သိန်းဂဏန်းခန့်သာ
ကျန်ရစ်​​တော့သည်အထိ ဥ​ရောပမျိုးစပ် – အ​မေရိကန်များသည်
​ဒေသခံ အ​မေရိကန်နိုင်ငံသား စစ်စစ်များအ​ပေါ် ဖိနှပ်ချိုးနှိမ်မှု
​ပေါင်းစုံ ကျူးလွန်ခဲ့သည်၊ နယ်​မြေများကို သိမ်းပိုက်ပြီး သီးသန့်
နယ်​မြေငယ်များ ဖွဲ့စည်းပြီး ပြည်မပြည်သူများနှင့် အဆက်ဖြတ်
ခဲ့သည်၊ ဒါတင်မကဘဲ နိုင်ငံသားစာရင်းက​နေ ​ဖျောက်ပစ်ဖို့အထိ
စနစ်တကျ​ဆောင်ရွက်ခဲ့သည်၊

 

စာအဖြစ်သာ​ပြောရရင် ယုံနိုင်စရာမရှိ​​ပေမယ့် အင်ဒီးယန်းနွယ်
ဖြစ်သည့် လာကိုတာမျိုးနွယ်များသည် ဒီလိုဖိနှိပ်မှုဒဏ်များကို
အဆိုးဆုံး ခံစားခဲ့ရသူ​တွေဖြစ်သည်၊ ယခုDocumentaryတွင်
အထက်ပါ ဖိနှိပ်မှုများအပြင် အ​မေရိကန်သမိုင်း၏ အရုပ်ဆိုး
အကျည်းတန်ဆုံးWounded Knee လူမျိုးတုံးသတ်ဖြတ်မှုနှင့်
လာကိုတာလူမျိုးများနှင့် တခြားအင်ဒီးယန်းတို့ ခံစားခဲ့ရသည့်
နိုင်ထက်စီးနင်းမှုများအ​ကြောင်း စိတ်ဝင်စားဖွယ်​တွေ့ရှိရမှာပဲ
ဖြစ်ပါတယ်။

 

 

 

 

 

File size…1.46GB / 633MB
Quality…1080p AMZ WEB DL AAC5.1CH / 720p
Format…mp4
Duration….1h 26m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by JimX

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Women of the White Buffalo (2022)


No downloads available

Genres



Related movies