Channel Myanmar

Devon Terrell

Ophelia (2018) 7.1
Ophelia (2018) ရှိတ်စပီးယားပြဇာတ်တွေနဲ့ မစိမ်းသူတွေကတော့ နာမည်ကျော် ဟမ်းမလက်ပြဇာတ်ကို သိကြမှာပါဒီကားကတော့ အဲဒီကမ္ဘာကျော်ပြဇာတ်ကိုပဲ ပြန်ရိုက်ထားတာ ဖြစ်ပါတယ်ဟမ်းမလက်ရဲ့အမျိုးသမီးဖြစ်သူ အိုဖီလီယာဘက်က လှည့်ပြီးတော့ဇာတ်ညွှန်းခွဲ ရိုက်ကူးတင်ဆက်ထားတာပါဇာတ်လမ်းအကျဉ်းကတော့ မင်းသားတစ်ပါးဖြစ်သူ ဟမ်းမလက်နဲ့ဘုရင့်နောက်တော်ပါးတစ်ဦးရဲ့ သမီးဖြစ်သူ အိုဖီလီယာတို့ရဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်ဟမ်းမလက်က သိပ်မရင့်ကျက်သေးတဲ့ မင်းသားတစ်ပါး ဖြစ်ပြီးသူ့ဦးရီးတော်ရဲ့ အနိုင်ကျင့်မှု လူဝါးဝမှုတွေကို ခံနေရကျဖြစ်ပါတယ်အိုဖီလီယာကတော့ တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ မိန်းမသားတွေကိုနှိပ်ကွပ်ထားတဲ့ခေတ်မှာတောင် ထက်ထက်မြက်မြက်ယောကျာ်းတွေနဲ့ တန်းတူ ကြီးပျင်းလာတဲ့ မိန်းကလေးတစ်ဦးပါသူတို့နှစ်ဦးရဲ့အခက်အခဲကြားက ချစ်ပုံပြင်ကို တင်ဆက်ထားတာပဲဖြစ်ပါတယ်သာမန်အချစ်ဇာတ်လမ်းလို့ထင်နိုင်ဖွယ်ရာရှိပေမယ့် ကမ္ဘာကျော်ပြဇာတ်ဆိုတဲ့အတိုင်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ အနု အကြမ်း အလွမ်း အကုန်ပါအောင် တင်ဆက်ထားတာပါတစ်ဆင့်ပြီးတစ်ဆင့် ဇာတ်ကွက်ကိုမှန်းမရအောင် ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်ကြည့်မိလို့နောင်တမရမယ့်ကားတစ်ကားဖြစ်ပြီးတော့Rating 7.1 အထိရရှိထားပါတယ်...ဒီပြဇာတ်ကလည်း ရိုမီယို ဂျူးလိယက်နဲ့ အပြိုင် ကမ္ဘာကျော်ခဲ့တဲ့ပြဇာတ်တစ်ခုမို့ ကြည့်ပြီးတဲ့အခါ ...
movie

Ophelia (2018)

The Professor(2019) 7.0
The Professor(2019) The Professor(2019)IMDb....7.0" ရစ်ချက်မင်းမှာ အဆင့်(၄)ရှိတဲ့ ကင်ဆာဖြစ်နေပြီ.... ရောဂါကအတော်လေးပျံနှံနေပြီ...မင်းရဲ့ကျောင်းကိုလည်းအသိပေးသင့်သလို မိန်းမနဲ့သမီးကိုလည်း အသိပေးသင့်နေပြီ....အမြန်ဆုံးလည်းကုသသင့်နေပြီ" " ကျုပ်မှာ အချိန်ဘယ်လောက်ကျန်သေးလဲ" "ကုသရင် ၁နှစ်ပေါ့ ကံကောင်းလွန်းနေရင် တစ်နှစ်ခွဲ... မကုသရင်တော့ ၆လပေါ့..." ရစ်ချစ်တစ်ယောက်ဟာ ဆရာဝန်ရဲ့ စိတ်မကောင်းပါဘူးဆိုတဲ့နှစ်သိမ့်စကားကို လောလောလတ်လတ်ကြားလိုက်ရဲ့ သတင်းစကားကြားမှာပင် အတတ်နိုင်ဆုံး ပြန်ပြုံးပြလိုက်တယ်.... ဒီအပြုံးတွေဟာ ဘယ်လောက်တောင်အသက်မဲ့နေလိုက်မလဲ... အနည်းငယ်သာကျန်ရှိတော့ သူ့ဘ၀သက်တမ်းကိုတွေးရင်း ရစ်ချက်တစ်ယောက်ရဲ့ခြေလှမ်းတွေ ... ကောင်းကင်ကိုမော့ကြည့်တဲ့သူ့မျက်လုံးတွေ... လူတစ်ချို့ရဲ့ ရယ်မောသံတွေကိုကြားရတဲ့သူ့နားတွေ... အားလုံးဟာ သူ့အတွက်အဓိပ္ပါယ်မဲ့နေသလိုပင်...ဒီကားမှာသရုပ်ဆောင်ထားတဲ့မင်းသားကြီး Johnny Depp ကိုတော့ အထွေအထူးမိတ်ဆက်ပေးစရာလိုတော့မယ် မထင်ပါဘူး... သူဟာ ကောလိပ်ကပရော်ဖက်ဆာတစ်ယောက်ဖြစ်ပါတယ်... တခြားဇာတ်ကားတွေလို ကျန်ရှိတဲ့သက်တမ်းမှာ ကောင်းမှုတွေကို သူတော်စင်တစ်ပါးလိုလုပ်...ဘ၀ရဲ့တန်ဘိုးဆိုတာဘာညာဆိုပြီး ကောင်းပြီးရင်းကောင်းတဲ့ ဇာတ်ဟန်မဟုတ်ဘူး... ပထမတစ်ခန်းမှာတင်သူ့ဘ၀လက်ကျန်ချိန်ဟာ အနည်းငယ်ပဲသိပြီးတဲ့နောက် သူလုပ်သွားတာတွေက တကယ့်ကိုစိတ်ဝင်စားစရာကောင်းတယ်.. သူ့ရဲ့သရုပ်ဆောင်ဟန်ကြောင့်ပဲ ဒီဇာတ်ကားဟာ ပိုရုပ်လုံးကြွလာတယ်လို့တောင်ပြောရမယ်ထင်တယ်... ကိုင်းခံစားကြည့်လိုက်ပါဦး....ခင်ဗျားတို့ရဲ့အကောင်းဆုံးသော ဇာတ်ကားစာရင်းထဲမှာ ဒီကားကိုကြည့်ပြီးရင် ဒီကားအပါအ၀င်ပဲဆိုပြီးထည့်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်..File Size : (859 MB) and (333 MB) Quality : WEB-DL 720p, Format…mp4 Duration…01:30:00 Genre : Comedy, Drama | Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel ...
movie

The Professor(2019)