Channel Myanmar

Do Ji-won

Cinderella (2006) 5.4
Cinderella (2006) Sinderella (2006)စင်ဒရဲလားပုံပြင်အဖြေရှာရမယ့် ကိုရီးယားသည်းထိတ်ရင်ဖိုကား လာပါပြီ။တစ်ဦးတည်းသော သမီးဖြစ်တဲ့ အထက်တန်းကျောင်းသူလေး ဟျွန်းဆုဟာ ပလက်စတစ်ဆာဂျရီဆရာဝန်ဖြစ်တဲ့ မိခင်လက်အောက်မှာ မင်းသမီးတစ်ပါးလို ကြီးပြင်းလာရပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အလှအပကို ဦးစားပေးပြီး ခွဲစိတ်ပြုပြင်နေကြတဲ့ သူငယ်ချင်းတွေကြားထဲမှာမှ သူကတော့ ပြစ်မျိုးမှဲ့မထင် အလှမျိုးနဲ့ သဘာဝအတိုင်း လှလို့နေတာပါပဲ။ဒါပေမဲ့ မကြာခင်မှာပဲ သူ့အမေဆီမှာ ခွဲစိတ်မှုခံယူခဲ့တဲ့သူငယ်ချင်းတွေ သံသယဝင်ဖို့ကောင်းတဲ့ အကြောင်းရင်းတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြပါတော့တယ်။ တစ်ချိန်တည်းမှာပဲ သူနဲ့မျက်နှာချင်းတူတဲ့ ကလေးမလေးတစ်ယောက်ရှိတဲ့အကြောင်း ရှာတွေ့သွားတဲ့အခါ...။မိခင်ဖြစ်သူ ဖုံးကွယ်ထားတဲ့လျှို့ဝှက်ထားတဲ့ လျှို့ဝှက်ချက်... စင်ဒရဲလားညီအစ်မ ဇာတ်မှာ ဘယ်သူက,မလဲဆိုတာကို အခန်းတိုင်း မျက်တောင်မခတ်ဘဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p File size… 1.6GB | 598MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator .....Su Myat Encoder ..... Aaron
movie

Cinderella (2006)

Love Me Not(2006) 6.6
Love Me Not(2006) Love Me Not(2006)=================ဒီတစ်ခေါက်မှာတော့ လွမ်းလည်းလွမ်းရ ငိုလည်းငိုရမယ့် ကိုရီးယားကားဟောင်းလေးနဲ့မိတ်ဆက်ပေးပါမယ်။ဂျပန်ဒရာမာကားကိုပြန်ရိုက်ထားတာဖြစ်ပြီးမင်းသားကြီး Kim Joo-hyukနဲ့ ​ပရိသတ်များအသိများတဲ့ My Little Bride၊Autumn in my heartတို့မှမင်းသမီးချောလေး Moon Geun-youngတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျူလီအန်းဆိုတဲ့သူက မကောင်းတာလုပ်စားတဲ့ယောကျ်ားတစ်ဉီးပါ။သူ့ဖောက်သည်အမျိူးသမီးတွေဆီကနေ ဇာတ်လမ်းတွေထွင်ရင်း မျက်ရည်လည်းချူ ပိုက်ဆံလည်းချူတတ်သူတစ်ဉီးပါ။အဲ့ကနေရလာတဲ့၏ပိုက်ဆံတွေနဲ့ပျော်ပါးရင်းက အကြွေးတွေတင်တဲ့ဆီကိုရောက်လာပါတော့တယ်။တစ်လအတွင်းမဆပ်နိုင်ရင်အသတ်ခံရမှာဖြစ်ပါတယ်။အဲ့တော့ အကြွေးဆပ်ဖို့အကြံထုတ်ကာ သေသွားတဲ့သူငယ်ချင်းရဲ့မိသားစုအိမ်မှာ အစ်ကိုအဖြစ်ဟန်ဆောင်ကာအမွေဆက်ခံမည့်ညီမဖြစ်သူကိုလုပ်ကြံရင်း မိမိကံကြမ္မာကိုဖန်တီးဖို့ အကြံထုတ်ပါတော့တယ်။တကယ်တမ်းမှာတော့​အေးစက်မာကြောတဲ့မျက်မမြင်မလေးမင်နဲ့ ခံစားချက်များပွင့်ဟပြီးနောက်မှာတော့မေတ္တာသံယောဇဉ်ကြိုးတွယ်လာပါတော့တယ်။အချစ်ကိုပြန်လည်ခင်တွယ်လာပြီးနောက် ပိုင်ဆိုင်ကြဖို့ကြိုးစားတဲ့အခါမှာတော့ ပြဿနာအမျိုးမျိုးကိုရင်ဆိုင်ကြရပါတော့တယ်။အလိမ်အညာတွေနဲ့တည်ဆောက်ထားတဲ့ ဂျူလီအန်းရဲ့ယူဂျင်းသရုပ်ကိုဘယ်လိုဆက်လက်ရှေ့တိုးမလဲ။မျက်မမြင်မလေးမင်ကိုစောင့်ရှောက်ရင်း ဘယ်လိုပြဿနာတွေနဲ့ကြုံတွေ့ရမလဲ။တင်နေတဲ့အကြွေးတွေဆပ်မဲ့တစ်လအချိန်မှာ ဘယ်လိုဘဝအချိုးအကွေ့တွေနဲ့ကြုံရမလဲ ဆိုတာဆက်လက်ကြည့်ရှု့ခံစားရမှာပါ။လောကကြီးမှာအရေးပါဆုံးအရာကတော့ငွေနဲ့ဝယ်လို့မရတဲ့ပစ္စည်းဖြစ်ပြီးတော့လူတိုင်းဟာ ထိုအရာကိုပိုင်ဆိုင်ဖို့အခွင့်အရေးကိုတော့ ခဏခဏမရနိုင်ပါဘူး။မျက်စိနဲ့မမြင်ရနိုင်တဲ့အရာတွေကို သေချာမြင်နိုင်ကြဖို့လိုပါတယ်။အနီးနားမှာအဝေးမှာ အတိတ်မှာ အနာဂတ်မှာ ထိုအရာနှင့်တွေ့ဆုံကြတဲ့အခါဖြစ်ပေါ်လာတဲ့ခံစားမှု၊အဖိုးမဖြတ်နိုင်တဲ့ ပြန်လည်အစားထိုးမရနိုင်တဲ့မှတ်ဉာဏ်တွေနဲ့တည်ဆောက်ထားတတ်တဲ့ဘဝရဲ့အခြေခံကျပုံသဘော ကို တွေ့မြင်ခံစားရမဲ့ဒီဇာတ်ကားဟာ ဒရာမာရသပြည့်ဝစွာခံစားလိုသူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားများထဲမှာအပါအဝင်ဖြစ်ပါတယ်။(ဘာသာပြန်သူနဲ့အညွှန်းရေးသားသူကတော့ Nwe Hnin Thazinဖြစ်ပါတယ်) File size…1.68GB / 627MB Quality…WEB-DL 1080p 5.1CH  / 720p Format…mp4 Duration….1h 59m Genre .....  Drama , ...
movie

Love Me Not(2006)