Channel Myanmar

Love Me Not(2006)

DramaRomance

6.6
IMDB: 6.6/10 535K votes

, ,

182138

Report error

Love Me Not(2006)

=================

ဒီတစ်ခေါက်မှာတော့ လွမ်းလည်းလွမ်းရ ငိုလည်းငိုရမယ့် ကိုရီးယားကားဟောင်း

လေးနဲ့မိတ်ဆက်ပေးပါမယ်။ဂျပန်ဒရာမာကားကိုပြန်ရိုက်ထားတာဖြစ်ပြီး

မင်းသားကြီး Kim Joo-hyukနဲ့ ​ပရိသတ်များအသိများတဲ့ My Little Bride၊

Autumn in my heartတို့မှမင်းသမီးချောလေး Moon Geun-youngတို့က

ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဂျူလီအန်းဆိုတဲ့သူက မကောင်းတာလုပ်စားတဲ့

ယောကျ်ားတစ်ဉီးပါ။သူ့ဖောက်သည်အမျိူးသမီးတွေဆီကနေ ဇာတ်လမ်းတွေ

ထွင်ရင်း မျက်ရည်လည်းချူ ပိုက်ဆံလည်းချူတတ်သူတစ်ဉီးပါ။အဲ့ကနေရလာတဲ့၏

ပိုက်ဆံတွေနဲ့ပျော်ပါးရင်းက အကြွေးတွေတင်တဲ့ဆီကိုရောက်လာပါတော့တယ်။

တစ်လအတွင်းမဆပ်နိုင်ရင်အသတ်ခံရမှာဖြစ်ပါတယ်။အဲ့တော့ အကြွေးဆပ်ဖို့

အကြံထုတ်ကာ သေသွားတဲ့သူငယ်ချင်းရဲ့မိသားစုအိမ်မှာ အစ်ကိုအဖြစ်ဟန်ဆောင်

ကာအမွေဆက်ခံမည့်ညီမဖြစ်သူကိုလုပ်ကြံရင်း မိမိကံကြမ္မာကိုဖန်တီးဖို့ အကြံ

ထုတ်ပါတော့တယ်။တကယ်တမ်းမှာတော့​အေးစက်မာကြောတဲ့မျက်မမြင်မလေး

မင်နဲ့ ခံစားချက်များပွင့်ဟပြီးနောက်မှာတော့မေတ္တာသံယောဇဉ်ကြိုးတွယ်လာ

ပါတော့တယ်။အချစ်ကိုပြန်လည်ခင်တွယ်လာပြီးနောက် ပိုင်ဆိုင်ကြဖို့ကြိုးစား

တဲ့အခါမှာတော့ ပြဿနာအမျိုးမျိုးကိုရင်ဆိုင်ကြရပါတော့တယ်။အလိမ်အညာ

တွေနဲ့တည်ဆောက်ထားတဲ့ ဂျူလီအန်းရဲ့ယူဂျင်းသရုပ်ကိုဘယ်လိုဆက်လက်

ရှေ့တိုးမလဲ။မျက်မမြင်မလေးမင်ကိုစောင့်ရှောက်ရင်း ဘယ်လိုပြဿနာတွေနဲ့ကြုံ

တွေ့ရမလဲ။တင်နေတဲ့အကြွေးတွေဆပ်မဲ့တစ်လအချိန်မှာ ဘယ်လိုဘဝအချိုးအကွေ့

တွေနဲ့ကြုံရမလဲ ဆိုတာဆက်လက်ကြည့်ရှု့ခံစားရမှာပါ။

လောကကြီးမှာအရေးပါဆုံးအရာကတော့ငွေနဲ့ဝယ်လို့မရတဲ့ပစ္စည်းဖြစ်ပြီးတော့

လူတိုင်းဟာ ထိုအရာကိုပိုင်ဆိုင်ဖို့အခွင့်အရေးကိုတော့ ခဏခဏမရနိုင်ပါဘူး။

မျက်စိနဲ့မမြင်ရနိုင်တဲ့အရာတွေကို သေချာမြင်နိုင်ကြဖို့လိုပါတယ်။အနီးနားမှာ

အဝေးမှာ အတိတ်မှာ အနာဂတ်မှာ ထိုအရာနှင့်တွေ့ဆုံကြတဲ့အခါဖြစ်ပေါ်လာတဲ့

ခံစားမှု၊အဖိုးမဖြတ်နိုင်တဲ့ ပြန်လည်အစားထိုးမရနိုင်တဲ့မှတ်ဉာဏ်တွေနဲ့

တည်ဆောက်ထားတတ်တဲ့ဘဝရဲ့အခြေခံကျပုံသဘော ကို တွေ့မြင်ခံစားရမဲ့

ဒီဇာတ်ကားဟာ ဒရာမာရသပြည့်ဝစွာခံစားလိုသူတွေအတွက် လက်မလွှတ်

သင့်တဲ့ဇာတ်ကားများထဲမှာအပါအဝင်ဖြစ်ပါတယ်။

(ဘာသာပြန်သူနဲ့အညွှန်းရေးသားသူကတော့ Nwe Hnin Thazinဖြစ်ပါတယ်)

 

File size…1.68GB / 627MB
Quality…WEB-DL 1080p 5.1CH  / 720p
Format…mp4
Duration….1h 59m
Genre …..  Drama , Romance
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Nwe Hnin Thazin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Love Me Not(2006)


No downloads available

Genres



Related movies