Channel Myanmar

Dominique Fouassier

Collision (2013) 5.9
Collision (2013)  ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲကားမတော်တဆမှုတစ်ခုကနေ အစပြုတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ ။စကော့ထ်နဲ့ တေလာတို့ ကြင်စဦးဇနီးမောင်နှံဟာမော်ရိုကို နိုင်ငံကို ဟန်းနီးမွန်းထွက်လာရင်း သဲကန္တာရထဲမှာကားမတော်တဆဖြစ်ခဲ့ပါတယ် ။ဒီလိုကနေ ကားမတော်တဆဖြစ်ပြီး ကန္တာရထဲမှာသောင်တင်နေခဲ့ရတာတော့ သူတို့လင်မယားနှစ်ယောက်တည်းမဟုတ်ပါဘူး ။ သူတို့ကားကို အသည်းအသန် ကပ်လိုက်လာတဲ့ထရားဗစ် ၊ မီးလောင်နေတဲ့ကားထဲက အော်ဒရေ ၊ပေတိပေစုတ်ပုံစံနဲ့ လူထူးဆန်း အိုမာ ၊ ဆိုင်ကယ်ပျက်ပြီးကန္တာရထဲမှာ သောင်တင်သွားရတယ်ဆိုတဲ့ ဆလာ တို့နဲ့အတူသူတို့လင်မယားဟာ ကန္တာရထဲက ထွက်ရဖို့ ကြိုးစားပါတော့တယ် ။ နောက်ကြောင်းမသိတာမို့ အချင်းချင်းမယုံကြတဲ့သူတို့တွေဟာ ဘယ်လို စခန်းသွားကြမလဲ ။ကန္တာရထဲကနေရော ဘယ်သူတွေက ထွက်သွားနိုင်ကြမှာလဲ ။သေချာတာတော့ အဲဒီလူငါးယောက်ရဲ့ နောက်ကွယ်မှာဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာပါပဲ ။ ဒါ့အပြင် ဂွကျကျနဲ့ဆရာလုပ်တတ်တဲ့ လူထူးဆန်း အိုမာဆီမှာ စိန်ရိုင်းတုံးတွေလည်းရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ... အိုမာဟာ ဘယ်လိုလူလဲ ။စိန်တုံးတွေက ဘယ်သူ့ဆီရောက်သွားမလဲ ။ စကော့ထ်နဲ့တေလာတို့ လင်မယားကရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ...
movie

Collision (2013)

Asteroid City(2023) 7.0
Asteroid City(2023) Asteroid City(2023)******************* ဒီကားကတော့ တွမ်ဟန့်နဲ့ စကားလက်ဂျိုဟန်ဆန်တို့ ပါဝင်ထားတဲ့ ရုပ်ရှင်ဆရာကြီးဝက်စ်အန်ဒါဆန်ရဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Wes Anderson ဟာ ရုပ်ရှင်ငါးကားနဲ့တင်အော်စကာ ဆန်ကာတင် ၇ ခု ရခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ထူးခြားတဲ့ အရေးအသားနဲ့ရိုက်ချက်အလှအပတွေကြောင့်ပါ။ Isle of Dogs, The Grand Budapest Hotel, Moonrise Kingdom တို့ကိုတော့အတော်များများသိကြမှာပါ။ ဒီရုပ်ရှင်ကတော့ သူ့ရိုက်သမျှထဲမှာ နာမည်ကျော်သရုပ်ဆောင်အများဆုံးပါပဲ။Jason Schwartzman, Scarlett Johansson, Tom Hanks, Jeffrey Wright,Tilda Swinton, Bryan Cranston, Edward Norton, Adrien Brody,Steve Carell, Hong Chau, Willem Dafoe စတဲ့ ဒိတ်ဒိတ်ကျဲတွေ စုပြီးပါဝင်ထားပါတယ်။စကားလက်အနေနဲ့ အရှေ့ပိုင်းဗလာအခန်းကို ရိုက်ရတာ ပြဿနာမရှိပေမဲ့ ဒါရိုက်တာကြီးကတော့အတော်ရှက်လို့ မျက်နှာပူစရာတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ဒီရုပ်ရှင်မှာ ...
movie

Asteroid City(2023)

Double Team (1997) 4.8
Double Team (1997) Double Team (1997)_____IMDb - 4.8/10     ဒီနေ့အတွက် ကျွန်တော်(စိုးထွေး)ရဲ့(၁၆)ကားမြောက်ဇာတ်ကားလေးကိုပရိတ်သတ်တွေဆီမိတ်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားအညွန်းကိုမပြောခင် ကျွန်တော် ပရိတ်သတ်တွေအကြောင်းကိုအရင်ပြောချင်ပါတယ် ။ ကျွန်တော်တို့တင်တဲ့ဇာတ်ကားတွေရဲ့အောက်မှာရေးတဲ့ ပရိတ်သတ်တွေရဲ့Commentတွေကို ကျွန်တော်တို့အမြဲတန်း လေးလေးစားစားဖတ်ပါတယ်။ ပရိတ်သတ်တွေတောင်းဆိုသမျှဇာတ်ကားတွေကိုလည်း အတတ်နိင်ဆုံးလုပ်ပေးနိင်အောင် ကျွန်တော်တို့ညီအစ်ကိုမောင်နမတွေအမြဲတစေကြိုးစားနေကြပါတယ်။ အခုတော့မင်းသားကြီးဗန်ဒိန်းဇာတ်ကားကို တောင်းဆိုသူတွေလည်းအများကြီးတွေ့ခဲ့လို့ ကျွန်တော်ဘာသာပြန်ဖြစ်ခဲ့တာပါ။    ဒီဇာတ်ကားလေးကတော့ကြာပါပြီတော်တော်လေးကိုကြာနေပါပြီ။ ဇာတ်လမ်းအစမှာဦးနှောက် အရမ်းကောင်းမွန်တဲ့ထိပ်သီးလူဆိုးခေါင်းဆောင်စတားဘရို့ကို ဖမ်းဆီးဖို့တာဝန်ယူရသည့် အေဂျင့်ဂျက်ကွင်း . . . သူ့ရဲ့မတော်တဆမှုတခုကြောင့်စတားဘရို့ရဲ့ရင်သွေးငယ်သေဆုံးသွားပြီးနောက် ဂျက်ကွင်း ကိုအညို းထားပုံ၊ ဂျက်ကွင်းရဲ့ကိုယ်ဝန်သည်ဇနီးကို ပြန်ပေးဆွဲထားပြီးဂျက်ကွင်းကိုလက်စားချေဖို့ကြို းပန်းပုံ၊ စတားဘရို့ရဲ့လက်ထဲကသားနဲ့ဇနီးကိုဂျက်ကွင်း ဘယ်လိုကယ်တင်မလဲစသဖြင့်မင်းသားကြီးဗန်ဒိန်းရဲ့ အက်ရှင်အလန်းများနဲ့စတားဘရို့ရဲ့သရုပ်ဆောင် ကောင်းမှုတွေကြောင့် ဇာတ်ကားကောင်းတစ်ကားအဖြစ်ညွန်းဆိုလိုက်ပါတယ်။    (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ CM Team မှ Ko Soe Htwe ဖြစ်ပါတယ်။)  File Size                          : 850 MB Quality   ...
movie

Double Team (1997)

1997