Channel Myanmar

Collision (2013)

ActionRomanceThriller

5.9
IMDB: 5.9/10 3.4K votes

33374

Report error

 

ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့

ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲ

ကားမတော်တဆမှုတစ်ခုကနေ အစပြုတဲ့

ဇာတ်လမ်းတစ်ပုဒ်ပါ ။

စကော့ထ်နဲ့ တေလာတို့ ကြင်စဦးဇနီးမောင်နှံဟာ

မော်ရိုကို နိုင်ငံကို ဟန်းနီးမွန်းထွက်လာရင်း သဲကန္တာရထဲမှာ

ကားမတော်တဆဖြစ်ခဲ့ပါတယ် ။

ဒီလိုကနေ ကားမတော်တဆဖြစ်ပြီး ကန္တာရထဲမှာ

သောင်တင်နေခဲ့ရတာတော့ သူတို့လင်မယားနှစ်ယောက်တည်း

မဟုတ်ပါဘူး ။ သူတို့ကားကို အသည်းအသန် ကပ်လိုက်လာတဲ့

ထရားဗစ် ၊ မီးလောင်နေတဲ့ကားထဲက အော်ဒရေ ၊

ပေတိပေစုတ်ပုံစံနဲ့ လူထူးဆန်း အိုမာ ၊ ဆိုင်ကယ်ပျက်ပြီး

ကန္တာရထဲမှာ သောင်တင်သွားရတယ်ဆိုတဲ့ ဆလာ တို့နဲ့အတူ

သူတို့လင်မယားဟာ ကန္တာရထဲက ထွက်ရဖို့ ကြိုးစားပါ

တော့တယ် ။ နောက်ကြောင်းမသိတာမို့ အချင်းချင်းမယုံကြတဲ့

သူတို့တွေဟာ ဘယ်လို စခန်းသွားကြမလဲ ။

ကန္တာရထဲကနေရော ဘယ်သူတွေက ထွက်သွားနိုင်ကြမှာလဲ ။

သေချာတာတော့ အဲဒီလူငါးယောက်ရဲ့ နောက်ကွယ်မှာ

ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာပါပဲ ။ ဒါ့အပြင် ဂွကျကျနဲ့

ဆရာလုပ်တတ်တဲ့ လူထူးဆန်း အိုမာဆီမှာ စိန်ရိုင်းတုံးတွေလည်း

ရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ… အိုမာဟာ ဘယ်လိုလူလဲ ။

စိန်တုံးတွေက ဘယ်သူ့ဆီရောက်သွားမလဲ ။ စကော့ထ်နဲ့

တေလာတို့ လင်မယားကရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ

ဆိုတာကို collision ရုပ်ရှင်မှာ ကြည့်ရှုခံစားလိုက်ရအောင်နော် ။

 

File size…1.69GB / 858MB
Quality…Blu-Ray 1080p 5.1CH / 720p
Format…mp4
Duration….1h 41m
Genre ….. Action , Romance , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Ashley



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Collision (2013)
Collision (2013)


No downloads available

Genres



Related movies