Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dominique Valadié
6.5
The Three Musketeers Part II : Milady (2023)
The Three Musketeers Part II : Milady ( 2023 )ပြင်သစ်စာရေးဆရာနဲ့ ပြဇာတ်ရေးဆရာ အလက်ဇန္ဒားဒူးမားရဲ့ ဝတ္တုတွေဟာ ကမ္ဘာကျော်သလို ရွှေဥဒေါင်းရဲ့ မြန်မာမူ ဘာသာပြန်လိုက် လက်ချက်တွေနဲ့ တော်တော်မစိမ်းကြဘူး။ သူရေးခဲ့သမျှထဲ ဒီထဲ ရုပ်ရှင်အဖြစ် အသက်သွင်းမှုအများဆုံးက The Three Musketeers ပါပဲ။ ဇာတ်လမ်းအမျိုးမျိုးပေါင်းပြီး တစ်ဖုံ ချိတ်ပြီးတစ်ဖုံ သူ့ဘာသာတစ်ဖုံ အဖုံဖုံ ရိုက်ကူးခဲ့ကြတာ ကားပေါင်း ၅၀လောက်ရှိပါတော့မယ်။ ဒီထဲကမှ အနုပညာအရ အအောင်မြင်ဆုံး Ratingအမြင့်ဆုံးလို့ပြောရမှာကတော့ မနှစ်ကနှစ်လယ်လောက်မှာထွက်ခဲ့တဲ့ The Three Musketeers: D'Artagnan ပါပဲ။ ကောင်းဆို ပြင်သစ်ကပဲ ထုတ်တာကိုး။ ပြင်သစ်စာရေးဆရာ ဝတ္တုကို ကမ္ဘာအရပ်ရပ်က ပတ်ထုတ်လို့ဝမှ ပြင်သစ်က ပြန်ကောက်ထုတ်လိုက်တာပါ။ ဒါပေမဲ့လည်း အကောင်းဆုံးဖြစ်နေတုန်းပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က သူ့ဇာတ်ကွန့်တွေက တခြားကားလိုတွေလို မဟုတ်ဘဲ တစ်သားတည်းဖြစ်ပြီး တော်တော်လေး သေသပ်တာပါပဲ။ကောင်းဆို ဒါရိုက်တာအပါအဝင် ဒီကားထဲပါကြတဲ့လူအတော်များများက The Three Musketeersနဲ့ ရေစက်မကင်းတဲ့လူတွေ The Three ...
movie
The Three Musketeers Part II : Milady (2023)
2023
7
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D'Artagnan (2023)~ IMDb - 6.9/10, Rotten Tomatoes - 96% ~ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသလောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent ...
movie
The Three Musketeers: D’Artagnan (2023)
2023
4K HEVC
6.3
The Book of Solutions (Le Livre Des Solutions) (2023)
ဒီရုပ်ရှင်လေးက IMDb 6.3 နဲ့ Meta score 65 ရရှိထားတဲ့ ပြင်သစ် ကော်မဒီ ဒရာမာရုပ်ရှင်လေးပါ။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်မက် သူ့ရဲ့ရိုက်ကူးရေးအဖွဲ့လေးနဲ့ ရုပ်ရှင်တစ်ကားကို ရိုက်ကူးနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ထုတ်လုပ်ရေးကုမ္ပဏီက သူဌေးတွေက မက်ရဲ့ရုပ်ရှင်ကို လက်လွှတ်ဖို့ကြိုးစားနေကြတဲ့အခါမှာတော့ မက် ဟာ သူ့ရဲ့မပြီးပြတ်သေးတဲ့ရုပ်ရှင်ကို မပြီးပြီးအောင်ရိုက်ဖို့အတွက် သူအားကိုးအားထားပြုရတဲ့ အဖွဲ့လေးနဲ့အတူ မြို့ပြနဲ့ဝေးကွာတဲ့နေရာက မြို့ငယ်လေးမှာရှိတဲ့ အဒေါ်ဖြစ်သူ ဒနိစ်ရဲ့အိမ်ကို ရောက်ချလာပါတယ်။မက်ရဲ့အဖွဲ့ထဲမှာ တည်းဖြတ်သူ၊ လက်ထောက်၊ ပရိုဂျူဆာတွေဖြစ်တဲ့ ရှားလက်နဲ့ ဆီဗီယာဆိုတဲ့ အမျိုးသမီးနှစ်ဦးရယ် ကာလို့စ်ဆိုတဲ့ အမျိုးသားတစ်ဦးရယ်ပါလာပါတယ်။ မက်ဟာ စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရပြီး ဒီဝေဒနာကို ဖုံးဖိထားဖို့အတွက် ဆေးသောက်နေရတဲ့သူတစ်ဦးပါ။ မက်ဟာ ရုပ်ရှင်ကိုအပြီးသတ်ရိုက်ကူးဖို့ အနုပညာပြဿနာတွေရှိသလို တစ်ဖက်မှာလည်း စိတ်က ထထဖောက်တတ်ပြီး တစ်ခါတလေ မဆင်မခြင် လုပ်ချင်ရာတွေလုပ် ပြောချင်ရာတွေပြောနေတတ်ပြီး စိတ်ကူးကမ္ဘာနဲ့ လက်တွေ့ဘ၀ မကွဲပြားဘဲလည်း ဖြစ်နေတတ်ပါတယ်။ဒီရုပ်ရှင်လေးက ရိုးရိုးရှင်းရှင်းပါပဲ။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတဲ့ ...
movie
The Book of Solutions (Le Livre Des Solutions) (2023)