Channel Myanmar

Report error

The Three Musketeers: D’Artagnan (2023)

~ IMDb – 6.9/10, Rotten Tomatoes – 96% ~

ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသလောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent Cassel, François Civil, Eva Green, Louis Garrel တို့လို လူတွေကို သုံးပေးထားပါတယ်။

ဇာတ်လမ်းကတော့ ဒူးမားရဲ့ ဇာတ်လမ်းအတိုင်းကိုမှ အနည်းအကျဥ်း အပြောင်းအလဲလေးတော့ရှိတာပေါ့ဗျာ။ ဇာတ်ကားနဲ့ ပတ်သက်ပြီး ယေဘုယျဝေဖန်ချက်တွေကတော့ အဖက်ဖက်မှာ အကောင်းတွေများပြီး ဇာတ်လမ်းပြန်ယူထားတဲ့နေရာမှာတော့ သဘောမကျတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ စာအုပ်က ကောင်းနေတော့ အသစ်ထပ်ပြောင်းတာကို လက်မခံကြတဲ့သူတွေက မကျေမနပ်ဖြစ်ကြတာလည်းဖြစ်နိုင်ပါတယ်။ အက်ရှင်ခန်းတွေလည်း မဆိုးသလို ဟာသလေးလည်းနှောပြီးပြတယ်။ ဇာတ်လမ်းက အရမ်းကြီးလေးမနေသလို စုံထောက်ဇာတ်လမ်းလည်းဆန်တယ်။

Eva Green က Milady နေရာက သရုပ်ဆောင်ထားတာကတော့ အပိုဆုလေးပေါ့။ သူ အဲဒီနေရာက သရုပ်ဆောင်ထားတာက ဇာတ်ကားကို နောက်တစ်ဆင့်မြှင့်ပေးလိုက်သလိုပါပဲ။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပြဿနာတက်တဲ့တစ်ချက်က ဘာသာရေးစစ်ပွဲတွေဖြစ်နေတဲ့အချိန် ၁၇ ရာစုလောက်က ဇာတ်ကောင် ပေါသိုး ကို Bi လား Gay လား လုပ်ထားတာတစ်ခုတော့ရှိတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပြီးတော့ ပထမပိုင်းပဲရှိပါသေးတယ်။ နောက်တစ်ပိုင်းကို မျှော်နေတဲ့သူတွေလည်း အများကြီးပါပဲ။ အဲဒီထဲမှာ ခင်ဗျားပါမလားဆိုတာကတော့ ကြည့်ပြီး ဆုံးဖြတ်ပေါ့ဗျာ။

(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 4.1GB, 1.6GB, 680MB
Quality – 4K HEVC, 1080p, 720p
IMDb Rating – 6.9/10
Format – mp4
Duration – 2H 1Min
Genre – Action, Adventure, History
Subtitle – Myanmar Subtitle (Hardsub)
Translated by 666
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D’Artagnan (2023)


No downloads available

Genres



Related movies