Channel Myanmar

Enzo Cilenti

Juliet, Naked (2018) 6.6
Juliet, Naked (2018) အခု မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2018 ခုနှစ်မှာ ထွက်လာတဲ့ Juliet, Naked ဆိုတဲ့ အင်္ဂလိပ်ဒရမ်မာကားလေးပါ ဒန်ကန်ဆိုတဲ့ လူဟာ တပ်ကာခရိုးဆိုတဲ့ ရော့ခ်အဆိုတော်ဟောင်းကို အရမ်းစွဲလမ်းပြီး ကြိုက်နှစ်သက်တဲ့ သူပါ သူ့ရဲ့ စွဲလမ်းမှုတွေဟာ သူနဲ့အတူနေတဲ့ သူ့ရည်းစား အန်နီကို အရမ်းလွှမ်းမိုးခဲ့ပါတယ် အန်နီကတော့ သူ့အဖေပိုင်တဲ့ ပြတိုက်ကို ဦးစီးလုပ်ကိုင်ရင်း ရော့စ်ဆိုတဲ့ မိန်းကလေးချင်းစိတ်ဝင်စားသူ ညီမဖြစ်သူကို အုပ်ထိန်းနေသူပါ တစ်နေ့မှာတော့ Juliet, Naked ဆိုတဲ့ ခွေအကြမ်းသွင်းထားတဲ့ ခွေတစ်ခွေ ဒန်ကန်ဆီကို ရောက်လာရာက သူတို့နှစ်ေယာက်ရဲ့ အချစ်ရေးမှာ ဆူးညောင့်ခလုတ်တစ်ခု ဖြစ်လာပါတော့တယ် ဒီအခါ သူတို့ ဘယ်လိုဖြေရှင်းကြလဲဆိုတာနဲ့ မျှော်လင့်မထားတာတွေ ဖြစ်လာတဲ့အခါ ဇာတ်ကားက ပိုအသက်ဝင်လာပြီး စိတ်ဝင်စားဖို့ ကောင်းလာပါတော့တယ် IMDB 6.6 ထိရထားတဲ့ ဒရမ်မာကားကောင်းတစ်ကားဖြစ်လို့လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းပေးပါရစေ   (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ)   File Size : (800 MB) and (380 MB) Quality ...
6.6
IMDB: 6.6/10 7,929 votes
movie

Juliet, Naked (2018)

2018
Blu-Ray 720p
The Martian (2015) EXTENDED 8.0
The Martian (2015) EXTENDED Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာ IMDb rating 8.2/10 ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အဂါင်္ဂြိုလ်ပေါ်ကို လေ့လာမှုပြုလုပ်နေတုန်း ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။ မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား၃ ယောက်တို့ MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေ ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။ မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ . သတိရရချင်းပဲ အဂါင်္ဂြိုလ်(Mars)ပေါ်မှာ တစ်ယောက်ထဲ ကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။ အဲ့အတွက် သူ့အသက်မသေခင် ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါ လုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့ အဂါင်္ဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။ စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာ nasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲ အပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီး သူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။ World မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့ အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့် ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာ တကယ့်ကိုအံ့မခန်းပါပဲ။ ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်း ဝပ်နေးကို အဂါင်္ဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့ အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်က အဂါင်္ဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာ ရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲ အစာပြတ်သေသွားနိုင်တာကြောင့် ပညာရှင်တွေအကြပ်ရိုက်နေတုန်း လူငယ်လေးတစ်ယောက်ရဲ့ ...
8.0
IMDB: 8.0/10 644,462 votes
movie

The Martian (2015) EXTENDED

2015
Blu-Ray 1080p 5.1 CH
High-Rise (2015) 5.6
High-Rise (2015) "စကြဝဠာနဲ့ လူတွေရဲ့ ရူးသွပ်မှုသာ အဆုံးမဲ့ဖြစ်တယ်။ အရှေ့ကတစ်ခုကတော့ ကျွန်တော် မသေချာဘူး" လို့ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ သမုဒ်ခံထားရတဲ့ Albert Einstein ကပြောခဲ့ပါတယ်။ လောဘကြောင့် ဒေါသကြောင့် မောဟကြောင့် လူတွေ ရူးသွပ်နေကြပါတယ်။ Thor ဇာတ်ကားတွေထဲမှာ Loki အဖြစ်တွေ့ရတဲ့ Tom Hiddleton ကို High Rise (2015) မှာတော့ သူ့ရဲ့ရူးသွပ်မှုကို ရိုးရိုးရှင်းရှင်းလေး ခံယူလိုက်တဲ့ Dr. Laing အဖြစ်တွေ့ရမှာပါ။ Tom ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာ ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာ ပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကို Dracula:Untold မင်းသား Luke Evans က Richard Wilder နေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှု မကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။ လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်က မအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laing တစ်ယောက် အထပ်မြင့်တိုက်မှာသွားနေပြီးတော့ ဖြစ်ပျက်ကြတဲ့ အကြောင်းလေးတွေကနေ ဇာတ်လမ်းတည်ဆောက်ထားတာပါ။ သွေးထွက်သံယိုခန်းနဲ့ sexခန်း ...
5.6
IMDB: 5.6/10 32,107 votes
movie

High-Rise (2015)

2015
Next (2007) 6.2
Next (2007) Next (2007) ======= ဒီတစ်ခါ တင်ဆက်မဲ့ကားကတော့ Nicolas Cageရဲ့ ရွှေခေတ်တုန်းက အက်ရှင်ကားတစ်ကားပါ။ ဘ၀မှာ နောက်ထပ်ပြီး နောက်ထပ် ဘာပြီးရင် ဘာတွေဖြစ်မလဲ ကြိုသိနေကြရင် ဘာတွေများဖြစ်လာပါမလဲ... အနာဂတ်နဲ့ ပက်သက်တဲ့ပြဿနာတစ်ခုက အနာဂတ်ကို ကြည့်လိုက်တဲ့အချိန်တိုင်းမှာ ကြည့်လိုက်တဲ့အတွက် အနာဂတ်က ပြောင်းလဲသွားတာပါပဲ....။ ဒီဇာတ်လမ်းကတော့ အနာဂတ်ကို မြင်နိုင်တဲ့လူတစ်ယောက်ရဲ့ စွန့်စားခန်းတစ်ခုကို ရိုက်ကူးပြသထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကို အရှေ့၂မိနစ် ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာတစ်ယောက်ရှိပါတယ်။ တစ်ဖက်မှာလည်း FBI ဟာ နျူကလိယား တိုက်ခိုက်မှုတစ်ခုကိုကို ဖြေရှင်းနေရပါတယ်။ ဒီလိုနဲ့ FBI က အရှေ့ကို ၂မိနစ်ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာကို သတိထားမိပြီး သူ့ကို အသုံးချဖို့လုပ်ပေမဲ့.. မျက်လှည့်ဆရာဟာ သူမလုပ်နိုင်တာကြောင့် ထွက်ပြေးခဲ့ပါတယ်။ FBI နဲ့ အကြမ်းဖက်သမားတွေက သူ့ကို ထောင်ဖမ်းကြပေမဲ့ ရှေ့၂မိနစ်ကြိုမြင်နေရတဲ့အတွက် သူတို့ထက် နှာတစ်ဖျားသာနေတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ....။ ဒီဇာတ်ကားဟာ -Action, Sci-Fi, Thrillerအမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 850 MB) and ( 350 MB) Quality__HD-Rip 720p IMDb Rating__6.2/10 Format__mp4 Duration__01:36:10 Type__Action, Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung  Encoded by Naing Aung Latt
6.2
IMDB: 6.2/10 137,199 votes
movie

Next (2007)

2007
HD-Rip 720p
Kick-Ass 2 6.6
Kick-Ass 2 ဒီ Hero ကားလေးကိုတော့ အားလုံးနဲ့မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်... ၂၀၁၀ ကထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့  ၃ နှစ်အကြာမှာပြန်လည်ထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်... နောက်ပြီးတော့ ဒီ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ... ( သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ... ဘာလို့လဲဆိုတော့ သူ့အမေကိုသူမတော်တဆသတ်မိလိုက်လို့တဲ့ဗျာ....) သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်... သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ... ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့  အကြီးမားဆုံးရာဇ၀တ်မှု့ကို ကျူးလွန်ကြတော့မှာပါ... ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးဝတ်တော့တာမဟုတ်ပါဘူး... Kick Ass 1 မှာတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှု့တွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ... သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး...ဒါပေမယ့် သူတို့ရဲ့စံပြကြီး Kick Ass လိုမျိုးမျက်နှာဖုံးတပ်လိုက်တာနဲ့ သူတို့ကိုယ်သူတို့အားအင်တွေ ရှိလာကြမယ်ဆိုတာ သူတို့ကိုယ်တိုင်ယုံကြည်နေကြလို့ပါ.... (သူရဲကောင်းဆိုတာလက်ရုံးရည်မရှိလည်း နှလုံးရည်ရှိလည်းရတယ်ဆိုသလိုပေါ့..) နောက်ပြီးတော့ Kick Ass 1 မှာ ၁၃ နှစ်သာသာပဲရှိနေသေးတဲ့ ...
6.6
IMDB: 6.6/10 226,119 votes
movie

Kick-Ass 2

2013
The Rum Diary (2011) 6.2
The Rum Diary (2011) မင်းသားကြီး ဂျွန်နီဒပ်ကိုယ်တိုင်သရုပ်ဆောင် ထုတ်လုပ်သူအဖြစ် ဖန်တီးထားတဲ့ဇာတ်ကားပါ။ ခေတ်သစ်ဂျာနယ်လစ်လောကကို ပြောင်းလဲစေခဲ့သူအဖြစ် နာမည်ကောင်းနဲ့ကျော်ကြားသလို တာတေလန်အောင်ဆိုးတဲ့ ဆိုးကွက်တွေနဲ့လဲ နာမည်ကြီးလှတဲ့ အမေရိကန် ဂျာနယ်လစ် Hunter S Thompson ရဲ့စာအုပ်ကို ရုပ်ရှင်ရိုက်ကူးထားတာဖြစ်ပါတယ်။Thompson ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကျွန်တော့်အတွက်တော့ ထူးခြားနေခဲ့ပါတယ်။ ဘာလို့ဆို ကျွန်တော်တို့ပုရိသယောင်္ကျားထုရဲ့ နတ်သမီးလေး Amber Heard ဆိုတဲ့မင်းသမီးလေးကို  ဘိုးတော်ကြီးဂျွန်နီဒပ်ဟာ ဒီရုပ်ရှင်မှာခေါ်ရိုက်ပြီး လက်ထပ်ပစ်လိုက်တာပါ။ ဘိုးတော်နဲ့ အဲ့မင်းသမီးက အသက်နှစ်ဆယ်လောက်ကွာပါတယ်...so sad....ထားပါတော့...ခုတော့ဖြင့် သူတို့အတွဲလဲ ပြတ်ပြီး နောက်အတွဲတွေနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေကြပါပြီ။ ကျွန်တော့်မှာသာ ယောင်ရင်တောင် Amber Heard လို့ထယောင်တုန်း....သြော်..နှင်းပျောက်တဲ့နွေ။   File size…(999 MB) and (380 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:57:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
6.2
IMDB: 6.2/10 91,695 votes
movie

The Rum Diary (2011)

2011