Channel Myanmar

Fabio Bizzarro

The Voyagers (2022)
The Voyagers (2022)  ဒီဇာတ်ကားလေးက ၂၀၂၂ ကမှထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးပါ။ အချိန်​ခရီးသွား​တဲ့ Fantasy​ အမျိုးအစား​ဇာတ်​ကားဖြစ်ပြီး ခါတိုင်းလို အမေရိကန်​တွေက ကမ္ဘာ​ကြီး​ကိုကယ်တင်မဲ့အစား ဒီတစ်ခါ​တော့​ အီတာလျံတွေ ကမ္ဘာ​ကိုကယ်တင်မှာကို ကြည့်ရှုရမှာပါ။ဇာတ်လမ်း​အကျဥ်း ကတော့ မက်စ် ဆိုတဲ့ကောင်လေးရဲ့ အစ်ကို​ဖြစ်သူ ဘီယိုက သိပ္ပံ​သုတေသန​ Lab တစ်ခုမှာ အလုပ်​လုပ်​နေတဲ့ သိပ္ပံ​ပညာရှင်​တစ်ယောက်​ဖြစ်ပြီး တစ်နေ့​မှာ ခြေရာ​လက်ရာမကျန်ဘဲ လုံးဝ​ပျောက်ဆုံးသွားပါတယ်။တစ်နှစ်​အကြာမှာ အစ်ကို​ဖြစ်​သူပျောက်သွားတဲ့ Lab ကို မက်စ်နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဂရီတာ နဲ့ ဖလီဘိုတို့ သုံးယောက်​သား ဖောက်​ထွင်း​ဝင်ရောက်ရာကနေ စက်​တစ်ခုကို​ မတော်​တဆဖွင့်မိရင်း သူငယ်ချင်း​သုံး​ယောက်​လုံး အတိတ်​ကိုပြန်ရောက်သွားပါတော့တယ်။ ရောက်​သွားတဲ့အတိတ်က ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်​ခါနီး မူဆိုလီနီ​အုပ်ချုပ်​နေတဲ့ ဖက်ဆစ်အီတလီနိုင်ငံကိုဖြစ်ပါတယ်။ အစ်​ကိုဖြစ်သူကိုစုံစမ်းရင်း Montanary Brigade ဆိုတဲ့​ ဖက်ဆစ်ဆန့်ကျင်ရေးအုပ်စုတစ်စုနဲ့ ဆက်သွယ်​မိပြီး မူဆိုလီနီက ဒုတိယ​ကမ္ဘာစစ်ကို အနိုင်​တိုက်​ပြီး သမိုင်း​ကို​ပြောင်းဖို့အတွက် ပြီး​ပြည့်စုံ​တဲ့ ကာလယန္တရားတစ်ခုကိုတည်ဆောက်နေပြီး မက်စ်​ရဲ့အစ်ကို ဘီယို​ကိုလည်း​ ဖမ်းဆီး​ထားတာကို ...
movie

The Voyagers (2022)