Channel Myanmar

The Voyagers (2022)

AdventureFantasyTV Movie

IMDB: /10 votes

98868

Report error

 

ဒီဇာတ်ကားလေးက ၂၀၂၂ ကမှထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးပါ။ အချိန်​ခရီးသွား​တဲ့ Fantasy​ အမျိုးအစား​ဇာတ်​ကားဖြစ်ပြီး ခါတိုင်းလို အမေရိကန်​တွေက ကမ္ဘာ​ကြီး​ကိုကယ်တင်မဲ့အစား ဒီတစ်ခါ​တော့​ အီတာလျံတွေ ကမ္ဘာ​ကိုကယ်တင်မှာကို ကြည့်ရှုရမှာပါ။

ဇာတ်လမ်း​အကျဥ်း ကတော့ မက်စ် ဆိုတဲ့ကောင်လေးရဲ့ အစ်ကို​ဖြစ်သူ ဘီယိုက သိပ္ပံ​သုတေသန​ Lab တစ်ခုမှာ အလုပ်​လုပ်​နေတဲ့ သိပ္ပံ​ပညာရှင်​တစ်ယောက်​ဖြစ်ပြီး တစ်နေ့​မှာ ခြေရာ​လက်ရာမကျန်ဘဲ လုံးဝ​ပျောက်ဆုံးသွားပါတယ်။

တစ်နှစ်​အကြာမှာ အစ်ကို​ဖြစ်​သူပျောက်သွားတဲ့ Lab ကို မက်စ်နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဂရီတာ နဲ့ ဖလီဘိုတို့ သုံးယောက်​သား ဖောက်​ထွင်း​ဝင်ရောက်ရာကနေ စက်​တစ်ခုကို​ မတော်​တဆဖွင့်မိရင်း သူငယ်ချင်း​သုံး​ယောက်​လုံး အတိတ်​ကိုပြန်ရောက်သွားပါတော့တယ်။ ရောက်​သွားတဲ့အတိတ်က ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်​ခါနီး မူဆိုလီနီ​အုပ်ချုပ်​နေတဲ့ ဖက်ဆစ်အီတလီနိုင်ငံကိုဖြစ်ပါတယ်။ အစ်​ကိုဖြစ်သူကိုစုံစမ်းရင်း Montanary Brigade ဆိုတဲ့​ ဖက်ဆစ်ဆန့်ကျင်ရေးအုပ်စုတစ်စုနဲ့ ဆက်သွယ်​မိပြီး မူဆိုလီနီက ဒုတိယ​ကမ္ဘာစစ်ကို အနိုင်​တိုက်​ပြီး သမိုင်း​ကို​ပြောင်းဖို့အတွက် ပြီး​ပြည့်စုံ​တဲ့ ကာလယန္တရားတစ်ခုကိုတည်ဆောက်နေပြီး မက်စ်​ရဲ့အစ်ကို ဘီယို​ကိုလည်း​ ဖမ်းဆီး​ထားတာကို သိလိုက်ရချိန်မှာတော့ ကလေး​သုံးယောက်​ မူဆိုလီနီ​ရဲ့အကြံကို တားဆီးရပါတော့တယ်။

ဇာတ်လမ်း​က ကြည့်ရတာပေါ့ပါးပြီး ဇာတ်​အိမ်​ရိုးရှင်းပေမဲ့ ဒရာမာ​ elements တွေလည်း​ ထည့်​သွင်း​ထားလို့ အားလုံး​ခြုံ​ကြည့်ရင် ကြည့်ပျော်မဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ Time Travel ဇာတ်​ကားဆိုပေမဲ့ ခေါင်း​စားစရာတွေမပါတာကြောင့် စိတ်​ချလက်ချကြည့်ရှုနိုင်ပါတယ်။

 

File size…(2.1 GB)/(1.1 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:48:00
Genre…Fantasy, Adventure, TV Movie 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Wolfemhein 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Voyagers (2022)
The Voyagers (2022)
The Voyagers (2022)


No downloads available

Genres



Related movies