Channel Myanmar

Finn Wittrock

Origin (2023) 7.2
Origin (2023)  Origin  ( 2023 ) ==============A24ဟာ ကားကောင်းတွေ ဆန်းဆန်းပြားပြားအငွေ့အသက်ရတဲ့ ရုပ်ရှင်တွေအများကြီးထုတ်ပြီး အောင်မြင်မှုကြီးလာခဲ့သလို မနှစ်ကလည်း သူ့ဆီကထုတ်တဲ့ EEAAOနဲ့ အော်စကာတွေ တော်တော်သိမ်းခဲ့ပြီးပါပြီ။ နီယွန်ကတော့ နည်းနည်းပိုထင်ရှားလာတာတော့  A24နောက်မှပေမဲ့ ၂၀၁၉ကတည်းက သူ့ဆီကဖြန့်တဲ့ ပါရာဆိုက်နဲ့  ဒီလိုအောင်မြင်မှုမျိုးရပါပြီ။  ဒီနှစ်လည်း   A24က သူဖြန့်တဲ့  The Zone of Interest နဲ့  အော်စကာရခဲ့သလို နီယွန်ကလည်း  Anatomy of a Fall နဲ့ အော်စကာရခဲ့ပါတယ်။ နှစ်ဘက်စလုံးက နှစ်တိုင်းလိုလို ကောင်းပေ့ဆိုတဲ့ကားတွေချည်း ဖြန့်နေတဲ့ ကုမ္ပဏီတွေချည်းပါပဲ။ အခု  Origin  ( 2023 )ကလည်း နီယွန်ကကားပါပဲ။  Originဟာ တကယ်တမ်းလည်း ဇစ်မြစ်တစ်ခုကို အဖြေရှာသွားတဲ့ ရုပ်ရှင်တစ်ကားပဲ။  ဘာဇစ်မြစ်လဲဆိုရင်တော့ လူမဲတွေ လူမျိုးရေးခွဲခြားခံရခြင်းရဲ့ ဇစ်မြစ်ပေါ့။ ဘယ်လိုစသလဲဆို တော်တော်တော့ရှည်တယ်။ ဒီဇာတ်မှာတော့ လူမဲကောင်လေးတစ်ယောက်ကို ...
movie

Origin (2023)

Landline (2017) 6.4
Landline (2017) Landline (2017) ============ IMDb Rating - 6.4/10ဒီဇာတ်လမ်းလေးက 1995 ခုနှစ်မှာ အခြေခံထားတာပါ။ ညီအစ်မနှစ်ယောက်ရှိတဲ့ ပျော်ပျော်ရွှင်ရွှင်မိသားစုလေး တစ်ခုက နောက်တော့ သူတို့အဖေ ဖောက်ပြန်နေတာကို သိသွားကြတယ်။ အစ်မ Dana က သူ့ချစ်သူ Ben နဲ့စေ့စပ် ထားပြီး ညီမဖြစ်တဲ့ Ali ကတော့ အရွယ်နဲ့မလိုက်​အောင် ဉာဏ်ကောင်းတဲ့အထက်တန်းကျောင်းသူတစ်ယောက်ပေါ့။သူတို့ညီအစ်မနှစ်ယောက် သူတို့အဖေဖောက်ပြန်နေတဲ့စာ ကိုမြင်တော့ သူတို့အမေကိုမပြောသေးဘဲ တိတ်တိတ်လေး ဆက်စုံစမ်းလိုက်ကြတယ်။ ဒီဇာတ်လမ်းက မိသားစုနဲ့ စုံတွဲ တွေကြားက ပြဿနာကိုဖော်ပြထားပြီး ချစ်ခြင်းမေတ္တာ၊ သံယောဇဥ်တွေနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ရသစုံ စွာရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.5 GB) / (507 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thwal Htoo Zin Encoder..........SWM
movie

Landline (2017)

2017
Noah (2014) 5.8
Noah (2014) Noah (2014)နောက်ထပ် သမ္မာကျမ်းဝင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ "Noah" နောဧအကြောင်း ရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် နာမည်ကြီးသရုပ်ဆောင် Russell Crowe က နောဧအဖြစ်သရုပ်ဆောင်ထားပြီး ဝါရင့်သဘာရင့် ဂန္ထဝင်သရုပ်ဆောင်ကြီး Anthony Hopkins နဲ့ Jennifer Connelly, Emma Watson, Logan Lerman တို့က အသီးသီးဇာတ်ပို့နေရာကနေပါဝင်ထားကြပါတယ်။~ ဖန်ဆင်းခြင်း အကျဉ်း ~သမ္မာကျမ်းစာရဲ့ Timeline အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ခန့်လောက်က ထာဝရဘုရားကဗလာနတ္တိကနေ ဖန်ဆင်းခြင်းကိုအစပြုခဲ့ပါတယ်။ ဖန်ဆင်းခြင်းကို ရက်ပေါင်းခုနစ်ရက်အနေနဲ့ ပိုင်းခြားထားခဲ့ပါတယ်။ ပထမနေ့ရက်မှာ ကောင်းကင်နဲ့မြေကြီး၊ နေ့နဲ့ညလို့ သမုတ်ခြင်းကိုခံရတဲ့ အလင်းနဲ့အမှောင်ကို ဖြစ်စေခဲ့ပါတယ်။ ဒုတိယနေ့မှာ ဘုရားသခင်ဟာ မိုဃ်းကောင်းကင်နဲ့ ကုန်း(မြေ)အသီးသီးမှာရေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တတိယနေ့မှာ မြေကြီးပေါ်ကရေကို စုဝေးစေပြီး ပင်လယ်၊ ကုန်းကိုစုဝေးစေပြီး မြေလို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြေပေါ်ကပေါက်တဲ့အပင်၊ အလင်းအိမ်ကြီးနှစ်လုံးဖြစ်တဲ့ နေနဲ့လ၊ သားရဲတိရစ္ဆာန်တို့ကို ...
movie

Noah (2014)

4K HEVC
Semper Fi(2019) 6.1
Semper Fi(2019) IMDB - 6.1/10ကယ်လန်ဟန်ဆိုတာက စစ်တပ်ထဲမှာ နိုင်ငံတာဝန်ထမ်းဆောင်ပြီး လက်ရှိ ရဲလုပ်နေတဲ့လူတစ်ယောက်။ သူငယ်ချင်းအရင်း ၃ ယောက်နဲ့အတူ သွေးတစ်ဝက်ပါတဲ့ လူရမ်းကားလေး ညီဖြစ်သူ အွိုင်းစတားနဲ့ အတူတူသွားလာလှုပ်ရှားနေကြပေါ့။ တစ်လကို တစ်ခါလည်း အုပ်စုလိုက် စစ်တပ်ထဲကို ပြန်ပြန်သွားပြီး စစ်မှုထမ်းပေးရပါသေးတယ်။ တစ်ညကျတော့ ဘားထဲမှာ အုပ်စုလိုက်သောက်ပြီး ကယ်လန်ဟန်တို့ ပြန်လာတဲ့အချိန် ညီဖြစ်သူက ကောင်မလေးကိုကြောင်ရင်း ကျန်ခဲ့ပါတယ်။ အဲဒီမှာပဲ တစ်ဖက်ကလာကြောင်တဲ့လူနှစ်ယောက်နဲ့ အွိုင်းစတားတစ်ယောက် ရန်ဖြစ်ရာကနေ မတော်မဆဖြစ်ပြီး လူသတ်မှုဖြစ်သွားခဲ့ပါတယ်။ ညီဖြစ်သူက ပြေးပေမယ့် အစ်ကိုကတော့ ကိုယ်တိုင်လိုက်ဖမ်းပေးပြီး ဥပဒေလက်ထဲ အပ်ပေးခဲ့ပါတယ်။ အဲဒါနောက်ပိုင်း ကယ်လန်ဟန်တို့လည်း အီရတ်မှာ တာဝန်ကျဖို့ ဖြစ်လာတယ်။ ထောင်ထဲမှာလည်း အွိုင်းစတားတစ်ယောက် အစောင့်တွေရဲ့ အနိုင်ကျင့်မှုတွေကို ဆက်တိုက်ခံစားနေရခဲ့တယ်။ ဒီလိုနဲ့ စစ်ပွဲထဲမှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ ထောင်ထဲမှာ အဆင်မပြေဖြစ်နေတဲ့ ညီတော်မောင်ကို သူကိုယ်တိုင် ပရမ်းပတာတွေ ဖြစ်နေတဲ့ကြားကနေ ...
movie

Semper Fi(2019)

Luckiest Girl Alive (2022) 6.5
Luckiest Girl Alive (2022) Luckiest Girl Alive (2022)မိန်းကလေးတွေ ကြုံဖူးနေကျအတိုင်း ကိုယ်ဟာ victim ဖြစ်ပေမယ့် ပတ်ဝန်းကျင်ကြောင့် မိဘအသိုင်းအဝိုင်းကြောင့် victim ဖြစ်ပါတယ်လို့ ထုတ်ဖော်မပြောရဲဘဲ မြိုသိပ်ခဲ့ရတာအပြင် တစ်ခါတစ်ရံမှာ ကိုယ်ဟာ ကျူးလွန်သူရယ်လို့ တဖန်ပြန်လည် စွပ်စွဲခံကြရပါသေးတယ်။ အများအမြင်မှာတော့ ကံကောင်းတဲ့မိန်းကလေးပါလားလို့ အားကျကြပေမယ့် အတွင်းစိတ်ထဲမှာတော့ ဖုံးကွယ်ထားတဲ့ ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ဒီဇာတ်ကားလေးကလည်း အဲ့ဒီလိုဖြစ်ရပ်မျိုးကို အခြေခံပြီး ရိုက်ကူးထားတာပါ။ New York မြို့က မဂ္ဂဇင်းတိုက်တစ်ခုမှာ Editor တစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောခင်ပွန်းလောင်းနဲ့လည်း မကြာခင်မှာ လက်ထပ်ရမယ့် Ani တစ်ယောက် မြို့ကြီးပြကြီးမှာတော့ လူအများအမြင် ပြည့်စုံတဲ့ကောင်မလေးတစ်ယောက်ပေါ့။ဒါပေမယ့် တစ်နေ့မှာ Documentary ရိုက်တဲ့ ဒါရိုက်တာတစ်ယောက်ဟာ Ani တက်ခဲ့တဲ့ ကောလိပ်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အကြောင်းရိုက်ကူးဖို့ လာကမ်းလှမ်းတဲ့အခါမှာတော့ အတိတ်က ဖုံးကွယ်ထားတဲ့ ပုံရိပ်တချို့ဟာ တစ်စတစ်စ ပိုမိုထင်ဟပ်လာပါတော့တယ်။လူအများထင်ထားခဲ့သလို ပစ်ခတ်မှုမှာ ဗီလိန်ဟာ ဗီလိန်မဟုတ်သလို လူစွမ်းကောင်းကြီးဟာလည်း ...
movie

Luckiest Girl Alive (2022)

2022
La La Land (2016) 8.4
La La Land (2016) (သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။)IMDb - (8/10) / Rotten Tomatoes (91%)၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို ...
movie

La La Land (2016)

2016
4K HEVC
Deep Water (2022) 5.5
Deep Water (2022) Deep Water (2022) တစ်မျိုးတော့မထင်နဲ့ဦး။ တကယ်ကို ထူးဆန်းပြီး ကြောင်တောင်တောင်နိုင်ပြီး အချစ်စမ်းတာက လန့်စရာကောင်းတဲ့ လင်မယားနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ။ဝက်သားဟင်းကို နေ့တိုင်းစားရတော့ တစ်ခါတလေ ချဉ်ပေါင်ဟင်းလေးလည်း စားချင်တာပေါ့ဆိုတဲ့ သဘောမျိုးပါပဲ။ အရမ်းချစ်ကြတဲ့လင်မယားနှစ်ယောက် အချိန်တွေ ကြာလာတော့ တစ်ယောက်ကို တစ်ယောက်ရိုးလာတတ်ကြသလို သူတို့ကိုမောင်းနှင်နေတဲ့ အချစ်မီးတောက်က လောင်စာတွေလျော့လာတော့ တစ်ယောက်ကိုတစ်ယောက် အပြစ်မြင်လာကြတယ်။ မိန်းမက ယောက်ျားကို အရမ်းပျင်းစရာကောင်းတယ်လို့ မြင်တယ်။ မိန်းမက သူ့ကိုအလေးမထားတော့ဘူး မချစ်တော့ဘူးလို့ ယောက်ျားက မြင်လာတယ်။ လွတ်လွတ်လပ်လပ်နေတတ်တဲ့ မိန်းမက ယောက်ျားမရှိတော့သလိုကို လွတ်လွတ်လပ်လပ်နေလာတယ်။ အဲဒီတော့ အပြစ်တွေ မြင်နေပေမဲ့ ချစ်နေသေးတဲ့ ယောက်ျားက သဝန်တိုတယ်။ဒီအထိတော့ ပုံမှန်အိမ်ထောင်ရေး ဇာတ်လမ်းလေးလိုပါပဲ...ဒါပေမဲ့ မိန်းမနဲ့ ရင်းရင်းနှီးနှီးဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက် ပျောက်နေတာကစပြီး ပုံမှန်မဟုတ်တော့တာပါပဲ။ အဲဒီမိတ်ဆွေပျောက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယောက်ျားဖြစ်သူက သူသတ်လိုက်တာလိုလိုနဲ့ အပေါင်းအသင်းတွေကြား မိန်းမရဲ့ မိတ်ဆွေသစ်တွေကြားမှာ ဂုဏ်ယူစွာနဲ့ ...
movie

Deep Water (2022)

2022
Long Weekend (2021) 6.1
Long Weekend (2021) Long Weekend (2021) =================IMDb Rating - 6.1/10"အနာဂတ်နဲ့ပတ်သက်ပြီး အများကြီးမပြောနိုင်ပေမဲ့ တစ်နေ့တာကုန်ဆုံးသွားတိုင်း လူတွေဟာ တန်ဖိုးအထားခံရပြီး ပျော်ရွှင်ရတယ်ဆိုတဲ့ခံစားချက်ကို ခံစားချင်ကြဆဲ အချစ်ကို ရှာဖွေကြဆဲပါပဲ" လူတိုင်းဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ စိတ်တွေ လွတ်ထွက်ဖူးမှာပါ ...အထူးသဖြင့် ဒီကားထဲက ဇာတ်ကောင် ဘက်လိုမျိုး အမေက ကင်ဆာနဲ့ဆုံး ကောင်မလေးကပစ်သွားတဲ့အပြင် အလုပ်ပါမရတဲ့အနေအထားမှာဆိုရင် ပိုလို့တောင်ဆိုးဦးမှာပေါ့။ဒီလိုအခြေအနေကနေ သူငယ်ချင်းဖြစ်သူကြောင့် နလန်ထခါစ ပြုလာတဲ့အနေအထားမှာ ကောင်မလေးတစ်ယောက်နဲ့ အမှတ်အထင် တွေ့ဆုံခဲ့ပေါ့ဗျာ။ ပျော်စရာနတ္ထိဖြစ်နေတဲ့ ဘဝမှာ အချိန်တိုအတွင်း ရင်းနှီးခဲ့ရတဲ့ ကောင်မလေးကသူ့အတွက် အရာရာလာဖြစ်ပေမဲ့ လက်ကိုင်ဖုန်းမရှိ၊ မှတ်ပုံတင်မရှိဘဲ ဒေါ်လာတစ်သောင်းလောက်ကို အထပ်လိုက် အိတ်ထဲထည့်ပြီး လိုက်သွားနေတဲ့ ဒီကောင်မလေးကို ထူးဆန်းစပြုလာတဲ့အချိန်မှာတော့.....ဘဝမှာ အဝေးကြီးကို လှမ်းမမျှော်ဘဲ လက်ရှိအချိန်ကိုပဲ အကောင်းဆုံးနေထိုင်နိုင်ဖို့ကလည်း အရေးကြီးတဲ့အရာတစ်ခုပဲမလား ဒီဇာတ်ကားဟာ ခမ်းနားလွန်းတဲ့ အချစ်ဇာတ်လမ်းမျိုးမဟုတ်ပေမဲ့ ရင်ထဲရောက်စေမယ့် ရုပ်ရှင်ပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Amelia ဖြစ်ပါတယ်။)File Size -(1.5 GB) / (876 MB) / (417 MB) Quality – WebRip -(1080p) /  (720p) / (480p) Duration - ...
movie

Long Weekend (2021)

2021
A Mouthful of Air (2021) 6.0
A Mouthful of Air (2021) A Mouthful of Air (2021)===================IMDb Rating - 6.0/10ဂန္တဝင် ရုပ်ရှင် Mamma Mia ထဲမှမင်းသမီး Amanda ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းလေး ဟာဆိုရင်ဖြင့် IMDb 6 အထိရရှိထားတဲ့ အမေရိကန် Drama အမျိုးအစားလေးပဲ ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် ဇာတ်လမ်းအကျဥ်းလေးကိုမိတ်ဆက်ပေးချင်ပါတယ် . . . ဂျူးလီဟာ ကလေးတွေရဲ့အကြောက်တရားတွေကို ဖျောက်ဖျက်ပေးနိုင်ပြီး နှစ်လိုဖွယ်ကောင်းတဲ့အပြင် နွေးထွေးမှုကိုပါဆောင်ကျဥ်းပေးနိုင်တဲ့ စာရေးဆရာမတစ်ယောက်ပါ။ သူဟာ မထင်မရှား သာမန်စာရေး ဆရာမ လုံးဝ မဟုတ်ပါဘူး။ သူရေးသမျှစာအုပ်တိုင်းက best-selling ဖြစ်တဲ့အထိကို  အောင်မြင်ကျော် ကြားတဲ့ စာရေးဆရာမတစ်ဦးပါ။ အခုလိုမျိုး ဂျူလီတစ်ယောက် စာတွေရေးရင်း ကလေးတွေရဲ့ အကြောက် တရားကို ပျောက်ကွယ်အောင် လုပ်နိုင်ပေမယ့်လည်း သူရဲ့တစ်ဘဝလုံးကို နှောင့်ယှက်နေတဲ့ လျှို့ဝှက်တံခါး ကိုတော့ မဖွင့်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ မိခင်တစ်ဖြစ်လဲ ဂျူးလီမှာ ဒုတိယရင်သွေးလေးထပ်ရလာတဲ့အခါ သူရဲ့ အကြောက်တရားက ကြီးစိုးလာပြီးတော့ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြားစစ်ပွဲကိုတိုက်ခိုက်ရပါတော့တယ်။ ဒါဆိုရင် ဂျူးလီရဲ့ ...
movie

A Mouthful of Air (2021)

2021
Unbroken (2014) 7.2
Unbroken (2014) မင်းသမီး Angelina Jolie က ရိုက်ကူးထားတဲ့ Unbroken ရုပ်ရှင်ဇာတ်ကားဟာ Laura Hillenbrand ရဲ့ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ်ကို မှီငြမ်းထားပြီး Oscars ဆုပေးပွဲမှာ nomination ၄ ခုအပါအဝင် အခြားဆုတွေ nomination တွေ တစ်သီတစ်တန်းကြီးရရှိထားပါတယ်။ဇာတ်လမ်းကတော့ စစ်အတွင်း အမေရိကန်သုံ့ပန်းတွေထဲက သုံ့ပန်းတစ်ယောက်နဲ့ ဂျပန်စစ်ဖက်အရာရှိ တစ်ယောက်တို့ရဲ့ ယှဉ်ပြိုင်မှုတွေကို အဓိကထားပြီးရိုက်ပြထားတာပါ။ တကယ့်အဖြစ်အပျက်ဖြစ်ပြီးတော့ မင်းသား Jack O'Connell က အိုလံပစ် အပြေးချန်ပီယံဟောင်း လူးဝစ်ဇမ်ပီရီနီအဖြစ် အဓိကသရုပ်ဆောင်နေရာကနေ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဂျပန်စစ်ဗိုလ် Watanabe အဖြစ်သရုပ်ဆောင်တဲ့ Miyavi ကလည်း အဆိုတော်ဆိုပေမယ့် သူ့ character ကို အကောင်းဆုံးသရုပ်ဆောင်ပြသွားပါတယ်။ IMDb Rating(7.2/10) ...
movie

Unbroken (2014)

HEVC 1080p 5.1
The Big Short (2015) 7.8
The Big Short (2015) The Big Short (2015) Won 1 Oscar... Another 37 wins & 80 nomination IMDb….7.8/10_____Rotten….88% [Unicode]The Big Shortစကားဦးသန်းချင်တာကတော့ ရုပ်ရှင်တစ်ကားကို ချဉ်းကပ်တဲ့အခါ အပျင်းပြေကျော်ကြည့်ချင်ရုံသက်သက်ဆို ဒီရုပ်ရှင်ကို လက်ရှောင်သင့်ပါတယ်။ ဘာတစ်ခုမှနားလည်လိုက်မှာ မဟုတ်ပါဘူး။ The Wolf of Wall Streetတို့ Moneyballတို့လိုကားတွေကြိုက်တယ်ဆိုရင်တော့ ဒီကားက ခင်‌ဗျားအတွက်ပါပဲ။ဒီရုပ်ရှင်ကို Brad Pittရဲ့ Plan B Productionက ထုတ်ထားပြီး Brad Pittကိုယ်တိုင်ပါတဲ့အပြင် Christiain Bale, Steve Carell,Ryan Glosingတို့ရဲ့ မှော်ဝင်မှုတွေလည်း ခမ်းနားပါတယ်။ Margot Robbieနဲ့ Selena Gomezတို့လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါပါတယ်။ Best adapted Screenplay awardနဲ့ အော်စကာရခဲ့ပြီး Baleရဲ့ Best supporting Acotrအပါအဝင် ဆန်ခါတင်လေးဆုဝင်ထားပါတယ်။ 2010မှာထွက်ခဲ့တဲ့ The Big Shortဆိုတဲ့ စာအုပ်ကို ရိုက်ထားတာပါ။2008တုန်းက Financial Crisis ဘဏ္ဍာရေးပျက်ကပ်တစ်ခု ဖြစ်ခဲ့တယ်။ အမေရိကန်သမိုင်းမှာ ဒီ့ထက်ကြီးတာဆိုလို့ ၁၉၃၀က Great Depression စီးပွားပျက်ကပ်ပဲကျန်ပါတယ်။ ကျောက်တုံးကို တူနဲ့ထုခွဲရင် ကျောက်တုံးကွဲတာ နောက်ဆုံးထုချက်ကြောင့်သက်သက်မဟုတ်ပါဘူး။ အရှေ့က အားစိုက်မှုတွေပါပါတယ်။ဒီဖြစ်ရပ်က ၂၀၀၈မှာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖြစ်အပျက်ကမှ ဝုန်းခနဲကျကွဲသွားမတတ်ပါဘူး။ ၂၀၀၅ကတည်းက ဘွန်းတွေရဲ့ ...
movie

The Big Short (2015)

Judy (2019) 7.2
Judy (2019) တစ်ခေတ်တစ်ခါက အကြွေစောခဲ့တဲ့ Legendary Star တစ်ယောက်ဖြစ်တဲ့Somewhere Over The Rainbow သီချင်းရဲ့ပိုင်ရှင်ဂျူဒီဂါလန်အကြောင်းကိုရိုက်ကူးထားတာပါဂရန်းရပ်ပစ်မင်နီဆိုတာက ဖရန်စစ်ဂမ်းစ်ကိုခေါ်တဲ့ကလေးမလေးတစ်ယောက်...အနုပညာပိုးပါလွန်းလို့ အသက် ၂နှစ်အရွယ်တည်းက စင်ပေါ်တက်သီချင်းဆိုခဲ့သူ... သူ့အနုပညာနာမည်ကို ဂျူဒီဂါလန်ရယ်လို့သူကိုယ်တိုင်းရွေးချယ်ခဲ့သူ...သူ့အသက် ၁၃နှစ်အရွယ်ကိုရောက်ချိန်မှာတော့Louis B. Mayor ကုမ္ပဏီကရိုက်ကူးတဲ့ Wizard of the Oz ဇာတ်လမ်းတွဲထဲမှာအဓိကဇာတ်ကောင် ဒေါ်ရသီအဖြစ်ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တယ်...ရုပ်ရည်ချောမောလှပသလို အဆိုပါရမီပြည့်ဝတဲ့ သူမဘဝလေးဟာပန်းခင်းလမ်းပဲလို့ထင်မှတ်စရာရှိပေမယ့်တကယ်တမ်းအဲ့လိုမဟုတ်ခဲ့ရှာပါဘူး...တွန်းအားအရမ်းပေးလွန်းတဲ့ မိခင်ရယ်နေ့လည်စာစားချိန်တောင်မပေးပဲအတင်းအဓမ္မအနိုင်ကျင့်ခိုင်းစေတဲ့ကုမ္ပဏီကြောင့် ဂျူဒီဟာ ဘဝကိုပင်ပန်းခက်ခဲစွာနေထိုင်နေရရှာရုံသာမက ဆေးစွဲတဲ့အဆင့်ထိရောက်သွားပါတော့တယ်...ဒီလိုသနားစရာဂျူဒီလေး အရွယ်ရောက်သွားတဲ့အခါကြုံတွေခဲ့ရတဲ့ ဘဝဇာတ်စုံကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်....သက်လတ်ပိုင်းဂျူဒီဂါလန်အဖြစ် Rene Zellweger ကပါဝင်သရုပ်ဆောင်ထားပေးပါတယ်IMDB 7.2/10 ရရှိထားပြီး ကြည့်သင့်တဲ့ဇာတ်ကားကောင်းလို့ ညွှန်းပေးလိုက်ပါရစေ File Size ...
movie

Judy (2019)

2019
Locating Silver Lake(2018) 6.2
Locating Silver Lake(2018) Locating Silver Lake(2018) IMDb....6.5 "ဒန်နီကယ်ဟာ ကောလိပ်ပြီးရင် အယ်အေကို ရည်းစားဖြစ်သူနဲ့ တူတူသွားပြီး အခြေချမယ်လို့ တွေးထားပေမယ့် ဘွဲ့ယူတဲ့နေ့မှာတင် သူ့ရဲ့အစီအစဉ်တွေဟာ ရေစုန်မြောသလိုဖြစ်သွားတယ်... သူ့ကောင်မလေးက ဒန်နီယယ်ရဲ့ လက်ရှိဘ၀ဟာ အယောင်ဆောင်စာရေးဆရာဖြစ်လေတော့ သူမကို ကျေနပ်အားရစေမှုမရှိတဲ့အပြင် အယ်အေဆိုတာကလည်း သူ့အိပ်မက်မဟုတ်ဘူးဆိုပြီး ဘွဲ့ယူတဲ့နေမှာတင် ဖြတ်လိုက်လို့ပါပဲ....  တခြားသူတွေအားလုံးပျော်နေပေမယ့် ဒန်နီယယ်တစ်ယောက်ကတော့ ဗလာကျင်းနေတဲ့ နှလုံးသားတစ်ခုကို တုန်ယင်ချိနဲ့စွာထွေးပိုက်ရင်း ဆို့နင့်ကြေကွဲနေလေရဲ့..... သူရဲ့လှပတဲ့စိတ်ကူးယဉ်အနာဂတ်ကို မျက်နှာတစ်ချက်မပျက်ပြောဆိုဖျက်ဆီးခဲ့တဲ့ မိန်းမလှလေးတစ်ယောက်အကြောင်းကိုတွေးရင်းဒန်နီယယ်ဟာ ကျောင်းတော်ကြီးက ထွက်ခွာခဲ့လေရဲ့.... ဒန်နီယယ်တစ်ယောက်အချစ်စစ်နဲ့တွေ့မလား....တကယ့်စာရေးဆရာတစ်ယောက်အဖြစ် ရအောင်ကြိုးစားသွားမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရင်းခံစားကြည့်လိုက်ပါဦး.. IMDb..6.5ရရှိထားတဲ့ Drama ကားကောင်းလေးမို့ ကြည့်ကြပါလို့ညွှန်းဆိုပါရစေ... File Size : (900 MB) and (374 MB) Quality : WEB-DL 720p, Format…mp4 Duration…01:50:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie


2018
If Beale Street Could Talk (2018) 7.6
If Beale Street Could Talk (2018) Rating 7.4 ရရှိထားတဲ့ ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်...အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ လူမည်းရပ်ကွက်တစ်ခုမှာနေထိုင်ကြတဲ့လက်လုပ်လက်စားလူမည်းမိသား စုတစ်စုမှာကြုံတွေ့ရတဲ့အဖြစ်အပျက်တစ်ခုကို အခြေခံပြီးဇာတ်လမ်းတစ်ပုဒ်အဖြစ်တင်ဆက်ထားတဲ့ အမေရိ ကန်ရဲ့ ယနေ့ခေတ်လူမည်းတွေရဲ့ဘဝကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားပါ။အသားအရောင်ခွဲခြားမှု အဆင့်အတန်းခွဲခြားမှုတွေဟာအမေရိကန်မှာ ယနေ့တိုင်ရှိနေသေးတဲ့အကြောင်း ဖော်ညွှန်းတင်ပြထားပါတယ်။တရားကို နတ်စောင့်တာလား လူစောင့်တာလားဆိုတာကွဲကွဲပြားပြပြားသိအောင် ရိုက်ပြထားပါတယ်။လူလူချင်း မဟုတ်တာလုပ်ကြပြီဆိုရင်ဖန်ဆင်းရှင်တောင်မတတ်နိုင်ဘူးဆိုတာ တွေ့ကြရမှာပါ။တရားခြင်း မတရားခြင်းဆို တာ စနစ်နဲ့ဆိုင်တာလား၊ဥပဒေတွေနဲ့ဆိုင်တာလား၊ လူတွေနဲ့ဆိုင်တာလား ကြည့်ပြီးတော့တွေးတောနိုင်ဖို့မီးမောင်းထိုးပြထားတဲ့ကားတစ်​ကားမို့ အာ​ပေးကြပါဦး​နော်​ File Size : (1 GB) & ( 205 MB)Quality : WEB-DL 720pRunning Time : 1 hr 59minFormat : Mp4Genre : ...
movie

If Beale Street Could Talk (2018)

2018