Channel Myanmar

François Civil

The Three Musketeers Part II : Milady (2023) 6.5
The Three Musketeers Part II : Milady (2023) The Three Musketeers Part II : Milady ( 2023 )ပြင်သစ်စာရေးဆရာနဲ့ ပြဇာတ်ရေးဆရာ အလက်ဇန္ဒားဒူးမားရဲ့ ဝတ္တုတွေဟာ ကမ္ဘာကျော်သလို ရွှေဥဒေါင်းရဲ့ မြန်မာမူ ဘာသာပြန်လိုက် လက်ချက်တွေနဲ့ တော်တော်မစိမ်းကြဘူး။ သူရေးခဲ့သမျှထဲ ဒီထဲ ရုပ်ရှင်အဖြစ် အသက်သွင်းမှုအများဆုံးက The Three Musketeers ပါပဲ။ ဇာတ်လမ်းအမျိုးမျိုးပေါင်းပြီး တစ်ဖုံ ချိတ်ပြီးတစ်ဖုံ သူ့ဘာသာတစ်ဖုံ အဖုံဖုံ ရိုက်ကူးခဲ့ကြတာ ကားပေါင်း ၅၀လောက်ရှိပါတော့မယ်။ ဒီထဲကမှ အနုပညာအရ အအောင်မြင်ဆုံး Ratingအမြင့်ဆုံးလို့ပြောရမှာကတော့ မနှစ်ကနှစ်လယ်လောက်မှာထွက်ခဲ့တဲ့ The Three Musketeers: D'Artagnan ပါပဲ။ ကောင်းဆို ပြင်သစ်ကပဲ ထုတ်တာကိုး။ ပြင်သစ်စာရေးဆရာ ဝတ္တုကို ကမ္ဘာအရပ်ရပ်က ပတ်ထုတ်လို့ဝမှ ပြင်သစ်က ပြန်ကောက်ထုတ်လိုက်တာပါ။ ဒါပေမဲ့လည်း အကောင်းဆုံးဖြစ်နေတုန်းပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က သူ့ဇာတ်ကွန့်တွေက တခြားကားလိုတွေလို မဟုတ်ဘဲ တစ်သားတည်းဖြစ်ပြီး တော်တော်လေး သေသပ်တာပါပဲ။ကောင်းဆို ဒါရိုက်တာအပါအဝင် ဒီကားထဲပါကြတဲ့လူအတော်များများက The Three Musketeersနဲ့ ရေစက်မကင်းတဲ့လူတွေ The Three ...
movie

The Three Musketeers Part II : Milady (2023)

2023
The Three Musketeers: D’Artagnan (2023) 7
The Three Musketeers: D’Artagnan (2023) The Three Musketeers: D'Artagnan (2023)~ IMDb - 6.9/10, Rotten Tomatoes - 96% ~ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသလောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent ...
movie

The Three Musketeers: D’Artagnan (2023)

2023
4K HEVC
A Place to Fight For (2023) 6.1
A Place to Fight For (2023) A Place to fight for (2023)ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးလိုပေါ့ လူ့ဘဝကြီးမှာတော့ အိုရနာရသေရတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ သင်သေသွားသော်လဲ သင်နေတဲ့နေရာကြီး ကောင်းမွန်စွာရှိနေဖို့က ကြိုးစားရမှာပါပဲ။ သင်နေနေတဲ့ ခုကမ္ဘာမြေကြီးဟာလဲ သင်ကာကွယ်ထိုက်တဲ့ ကျုးကျော်ဖျက်ဆီးသူတွေကို တွန်းလှန်သင့်တဲ့ နေရာတစ်ခုဆိုတာ မမှားပါဘူး။ဒီဇာတ်ကားလေးကလဲ ဒီအကြောင်းပါပဲ ကိုယ့်မိသားစုကိုတောင် မကာကွယ်နိုင်တဲ့သူဟာ ဒီကမ္ဘာမြေကြီးကိုကော ဘယ်လိုကာကွယ်မလဲ။ အရာအားလုံးဟာ အခြေခံကနေစပါတယ်။ ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရှေ့တန်းတင်ပြီး ဒီကမ္ဘာကြီးကို ဖျက်ဆီးလာခဲ့ကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။ ဒီလိုဖျက်ဆီးခဲ့ကြတာကနေ ပြန်လည်တည်ဆောက်ပေးဖို့မလုပ်တာလဲ အတော်ကြာပါပြီ။ ဒါပေမဲ့ ဒီလိုကမ္ဘာမြေကြီးကို ဘာလို့ကာကွယ်သင့်သလဲဆိုတာ ကိုတော့ ဒီဇာတ်ကားလေးမှာ မြင်တွေ့ကြရမှာပါ။ နိုင်ငံရေးသမားတွေရဲ့လှည့်ကွွက်တွေကြားမှာ ဒုက္ခရောက်ရတဲ့ မိသားစုအကြောင်းလေးပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ဂရက် ဆိုသူဟာအဓိကရုဏ်းနှိမ်နှင်းရေး ရဲတစ်ယောက်ပါ။ မီရီရန်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူလေးပေါ့။ ဂရက်ကတော့ ဒီလိုတက်ကြွလှုပ်ရှားသူတွေကြားထဲသွားပြီး အသွင်ယူကာသူတို့ဘာလုပ်နေတယ် ဘာတွေကြံနေတယ်ဆိုတာကို အထက်ဌာနသိအောင် ပြန်ပြီးတင်ပြရတဲ့အလုပ်ပေါ့။ ဂရက်က ဒီလိုမျိုး သူလျှိုလုပ်နေတုန်းမှာ မီရီရန်နဲ့ တစ်ညတာအတူကုန်ဆုံးလိုက်မိရကနေ သားလေးတစ်ယောက်ရလာပါတယ်။ သူတို့မိသားစုလေးဟာ သူတို့ရဲ့အလုပ်တွေကိုမေ့ထားပြီး မိသားစုဘဝလေး အတူတူတည်ထောင်နေချိန်မှာပဲ သူတို့ကြားကို ရေကာတာလုပ်ငန်းတစ်ခုလာတည်ဆောက်တဲ့အချိန်မှာ ပဲ ...
movie

A Place to Fight For (2023)

2023
En Corps(Rise) (2022) 7.2
En Corps(Rise) (2022) En Corps(Rise) (2022) ================ IMDb Rating - 7.2/10ဇတ်လမ်းလေးကတော့ ဘဲလေးကချေသည်လေးအဲလစ်မှာ စင်ပေါ်မှာဖျော်ဖြေနေတုန်းမှာ ခြေကျင်းဝတ်ဒဏ်ရာရသွားတယ်၊ အရင်ကတည်းကဒဏ်ရာဟောင်းကိုပဲသုံးခါလောက်ထပ်ဖြစ်တော့ ဆရာဝန်က ဘဲလေးအကကို နှစ်အနည်းငယ်လောက်နားဖို့ပြော လိုက်တာပေါ့၊ ငယ်ငယ်ကတည်းက ဘဲလေးအကကို ကလာတာ ရယ် ရူးသွပ်တဲ့စွဲလန်းမှုတွေကြောင့် ရပ်နားရမယ်လို့ကြားလိုက်ရတဲ့ စကားကသူ့အတွက်အတော်လေးစိတ်ဓာတ်ကျစေတယ်။အက မကရတဲ့အတွက်အခြားအလုပ်ကိုပြောင်းပြီးလုပ်မယ်လို့ စိတ်ကူးရင်းနဲ့ သူငယ်ချင်းဆဘရီနာနဲ့ဆက်သွယ်ဖြစ်တယ်၊ ဆဘရီ နာရဲ့ ချစ်သူက အနုပညာသင်တန်းတစ်ခုမှာစာဖိုမှူးလုပ်နေတာဆိုတော့ အဲလစ်လည်းလက်ခံလိုက်တယ်၊ဆေးကုနေရင်း အနုပညာသင်တန်းမှာ ခေတ်ပေါ်အကကိုတဖြည်းဖြည်းနဲ့လိုက်က ကြည့်တယ်၊ ဒဏ်ရာက တဖြည်းဖြည်းသက်သာတဲ့အတွက် ခေတ်ပေါ်အကအဖွဲ့ကိုဝင်ကရင်းနဲ့ စင်ပေါ်မှာပြန်လည်တင်ဆက်နိုင်ဖို့အတွက် ကြိုးစားအားထုတ်မှုတွေကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့အတွက်ကြည့်ရှုပေးပါဦးလို့ပြောလိုက် ပါရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.2 GB) / (870 MB) / (514 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 57Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Tin Myo Lwin Encoder..........SWM
movie

En Corps(Rise) (2022)

2022
[18+]Elles(2011) 6.7
[18+]Elles(2011) [18+]Elles(2011) အညွှန်း****************** 2011 က ထွက်ရှိခဲ့တဲ့ ပိုလန် Erotic drama ဇာတ်ကားဖြစ်ပြီး IMDb 5.6/10 အထိရရှိထားပါတယ်။အသက်ပြည့်မှ ကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းများပါဝင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အန်းက နာမည်ကြီးမဂ္ဂဇင်းတစ်ခုက ဂျာနယ်လစ်ဖြစ်ပြီးသားနှစ်ယောက်မိခင်ပါ။ သူ ဒီတစ်ခေါက်ရေးနေတဲ့ ဆောင်းပါးကဆယ်ကျော်သက်ကျောင်းသူလေးတွေ ပြည့်တန်ဆာလုပ်ကြတဲ့အကြောင်းဖြစ်ပြီး သူ အင်တာဗျူးလုပ်နေတဲ့ ကောင်မလေးနှစ်ယောက်ရှိပါတယ်။အဲဒီမိန်းကလေးနှစ်ယောက်ရဲ့ ဇာတ်လမ်းတွေ အတွေ့အကြုံတွေကပရော်ဖက်ရှင်နယ်ဆန်တဲ့သူ့ရဲ့ ကိုယ်ပိုင်ဘဝထဲထိ ဘယ်လို ရိုက်ခတ်လာမလဲဆိုတာကတော့-   File Size : (1.6GB) and (627MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:15:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by XXX Encoded by YZ
movie

[18+]Elles(2011)

Burn Out (2017) 6.2
Burn Out (2017) Burn Out (2017) တိုနီဟာ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေမှာ အလားအလာရှိတဲ့ ဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ပေမဲ့ ဘဝကိုတော့ ပင်ပန်းစွာ ရုန်းကန်နေရသူပါ။အချိန်ပိုင်းအလုပ်လည်းလုပ်ရ၊ ပရော်ဖက်ရှင်နယ် ဆိုင်ကယ်မောင်းပြိုင်သမားတစ်ဦးဖြစ်လာရေးအတွက် လေ့ကျင်းရေးလည်း ဆင်းနေရချိန်မှာ သူ့ရဲ့ အဆက်ဟောင်း၊ သူ့သားရဲ့မိခင်ဖြစ်သူ လေလာဟာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အကောင်ကြီးတစ်ကောင်ဆီကို အကြွေးတွေတင်သွားပါတယ်။လေလာတစ်ယောက် အကြွေးတွေကို ဘယ်နည်းနဲ့မှ ပြန်မဆပ်နိုင်လို့ ဘဝပျက်ရတော့မဲ့ အခြေအနေမရောက်အောင်လို့ တိုနီတစ်ယောက်ဝင်ကူညီရပါတော့တယ်။မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အလုပ်ထဲကို ပါဝင်ပတ်သတ်မိသွားရတာက တိုနီရဲ့ ဘဝကို ဘယ်လိုတွေ ရိုက်ခတ်သွားမလဲဆိုတာကိုတော့ ဒီ ပြင်သစ်-ဘယ်ဂျီယမ် အက်ရှင်ကားလေးမှာ ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။)File Size : 1.5GB, 683MB, 344MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 47mins Genre : Action, ...
movie

Burn Out (2017)

2017
The Stronghold (2021) 7
The Stronghold (2021) The Stronghold (2021)IMDb - 7/10Bac Nord နာမည်နဲ့လည်း သိကြပါတယ်။၂၀၁၂ခုနှစ်တုန်းက ပြင်သစ်နိုင်ငံမြောက်ပိုင်းက မာဆေးလ်ခရိုင်လေးဟာ ဒုစရိုက်မှုအများဆုံး ဥပဒေစိုးမိုးမှုအနည်းဆုံးခရိုင်တစ်ခုပါပဲ။အခု ဒီကားလေးကတော့ မာဆေးလ်ခရိုင် က ဂျူးရပ်ကွက်တစ်ခုကိုအခြေတည် ရိုက်ထားတာပါ။ရဲတွေတောင်မထိရဲလို့ ဒီအတိုင်းလွှတ်ထားရတဲ့ဂျူးရပ်ကွက် … သေနတ်ကို ဥပဒေလုပ်နေတဲ့ အဲဒီရပ်ကွက်ထဲက မူးယစ်ဆေးဝါးကွန်ယက်ကြီးတစ်ခုလုံးကို ဖြိုချချင်နေတဲ့ မာဆေးလ်ခရိုင်က သူငယ်ချင်းရဲသုံးယောက်က…. ဥပဒေစိုးမိုးမှုမရှိတော့တဲ့ အဲဒီရပ်ကွက်ထဲကို ဘယ်လို ထိုးဖောက်ဝင်ရောက်ပြီး မူးယစ်ဆေးဝါးကွန်ယက်ကြီးတစ်ခုလုံးကိုဖြိုချမလဲဆိုတာကိုတော့ အက်ရှင်ဇာတ်လမ်းပီပီ အကြမ်းအရမ်းတွေနဲ့ ကြည့်ရှုရမယ့် ပြင်သစ် ရဲစုံထောက်အက်ရှင်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။အညွှန်းကိုတော့ Chit Tee က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားကတော့ Chit Tee နဲ့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…1.8GB and 1.25GB Format…mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee and Thiha Yan Naing Encoder .....August
movie

The Stronghold (2021)

2021
Someone, Somewhere (2019) 6.7
Someone, Somewhere (2019) ဒီကားလေးကတော့ IMDb6.7 ရထားတဲ့ ဇာတ်လမ်းအေးအေးလေးတစ်ကားပါပဲတစ်ယောက်တည်းအတွေးတွေများစွာနဲ့ကိုယ့်ကိုယ်ကိုအားမလိုမရဖြစ်နေသူတွေတခြားစိုးရိမ်ပူပန်တာတွေတွေးနေမိသူတွေအတွက် ကြည့်သင့်တဲ့ဇာတ်လမ်းလေးပါမင်းသားကတော့သူ့ရဲ့အိမ်ကပြဿနာတွေရယ်အလုပ်အဆင်မပြေမှုတွေရယ်ကြောင့်အိပ်မပျော်တဲ့ရောဂါကိုခံစားနေရတဲ့သူဖြစ်ပြီးမင်းသမီးကတော့သူ့ရဲ့လူနေမှုပုံစံနဲ့relationshipပြဿနာတွေရယ်ကြောင့်အမြဲတမ်းအိပ်နေတဲ့ရောဂါကိုခံစားနေရသူဖြစ်ပါတယ်တစ်ရက်သူတို့နှစ်ယောက်အသီးသီးစိတ်ပိုင်းဆိုင်ရာကုသမှုတွေကိုခံယူပြီးတော့လူတွေနဲ့လိုက်လျောညီထွေဖြစ်​အောင်နေထိုင်ဖို့ကြိုးစားလာတဲ့အခါမှာတော့...အဆင်မပြေမှုတွေကိုဘယ်လိုဖြေရှင်းမလဲကိုယ့်ကိုယ်ကိုအထင်သေးမှုတွေအဆိုးမြင်ဝါဒတွေကိုဘယ်လိုရင်ဆိုင်ပြီးအနိုင်ယူမလဲဆိုတာတွေကိုရိုက်ကူးထားတဲ့ကားလေးပါဇာတ်လမ်းကအေးတာကြောင့်ပျင်းဖို့ကောင်းတယ်လို့ထင်ရနိုင်ပေမယ့်ဒီလိုဇာတ်လမ်းမျိုးကြိုက်တဲ့သူတွေအတွက်တော့ကားကောင်းလေးတစ်ကားပါ File Size : ( 1 GB , 334 MB )Quality : WEB-DL 720pRunning Time : 1 hr 50 minFormat : Mp4Genre : Comedy , Drama , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin zawgyiဒီကားလေးကတော့ IMDb6.7 ရထားတဲ့ ဇာတ်လမ်းအေးအေးလေးတစ်ကားပါပဲတစ်ယောက်တည်းအတွေးတွေများစွာနဲ့ကိုယ့်ကိုယ်ကိုအားမလိုမရဖြစ်နေသူတွေတခြားစိုးရိမ်ပူပန်တာတွေတွေးနေမိသူတွေအတွက် ကြည့်သင့်တဲ့ဇာတ်လမ်းလေးပါမင်းသားကတော့သူ့ရဲ့အိမ်ကပြဿနာတွေရယ်အလုပ်အဆင်မပြေမှုတွေရယ်ကြောင့်အိပ်မပျော်တဲ့ရောဂါကိုခံစားနေရတဲ့သူဖြစ်ပြီးမင်းသမီးကတော့သူ့ရဲ့လူနေမှုပုံစံနဲ့relationshipပြဿနာတွေရယ်ကြောင့်အမြဲတမ်းအိပ်နေတဲ့ရောဂါကိုခံစားနေရသူဖြစ်ပါတယ်တစ်ရက်သူတို့နှစ်ယောက်အသီးသီးစိတ်ပိုင်းဆိုင်ရာကုသမှုတွေကိုခံယူပြီးတော့လူတွေနဲ့လိုက်လျောညီထွေဖြစ်​အောင်နေထိုင်ဖို့ကြိုးစားလာတဲ့အခါမှာတော့...အဆင်မပြေမှုတွေကိုဘယ်လိုဖြေရှင်းမလဲကိုယ့်ကိုယ်ကိုအထင်သေးမှုတွေအဆိုးမြင်ဝါဒတွေကိုဘယ်လိုရင်ဆိုင်ပြီးအနိုင်ယူမလဲဆိုတာတွေကိုရိုက်ကူးထားတဲ့ကားလေးပါဇာတ်လမ်းကအေးတာကြောင့်ပျင်းဖို့ကောင်းတယ်လို့ထင်ရနိုင်ပေမယ့်ဒီလိုဇာတ်လမ်းမျိုးကြိုက်တဲ့သူတွေအတွက်တော့ကားကောင်းလေးတစ်ကားပါFile ...
movie


The Wolf’s Call (2019) 7.6
The Wolf’s Call (2019) Rating 7.7 အထိရရှိထားတဲ့ ပြင်သစ် Action/Drama/Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ပြင်သစ်နိုင်ငံရဲ့ ရေငုတ်သင်္ဘောသားတွေကိုအခြေပြုပြီးရိုက်ကူးထားတာပါ။ရေငုတ်သင်္ဘောတစ်စီးမှာ Sonar ဆိုတဲ့ Radar ကဲ့သို့သော Detection and Navigationလုပ်ငန်းကိုဆောင်ရွက်ပေးနိုင်တဲ့ အသံလှိုင်းသုံးကိရိယာတစ်ခုရှိပါတယ်။အဲဒါကနေရလာတဲ့အသံလှိုင်းတွေကိုကြည့်ပြီး ဒါဟာဘယ်ကလာတဲ့အသံ...ဘယ်လိုရေယာဉ်အမျိုးအစားဆိုတာကိုခွဲခြမ်းစိတ်ဖြာရတဲ့ Analyst တွေလည်းရှိပါတယ်။ဒီကားလေးမှာတော့ အဲလို အသံလှိုင်းစီစစ်ရတဲ့သူဖြစ်တဲ့ ချန်တာရိန်ဆိုတဲ့လူငယ်လေးကိုတည်ထားပြီး ပြင်သစ်နိုင်ငံကိုဘယ်လိုကယ်တင်သွားလဲဆိုတာကိုတွေ့မြင်ရမှာပါ။Drama/Thriller ဆိုတဲ့အတိုင်း ကောင်းကောင်းကြီးခံစားရမှာဖြစ်ပါတယ်။နားပါးလှပါတယ်တဲ့သူကိုမှ ဘယ်လိုလှည့်စားပြီးကမ္ဘာပျက်ကိန်းရောက်အောင် ဘယ်သူတွေလုပ်သွားလဲ။ဘယ်လိုပြန်လည်ဟန့်တားရလဲဆိုတာကိုတွေ့မြင်ရမှာပါ။( ရေတပ်ဆိုက်ရာအသုံးအနှုန်းတွေပါဝင်တဲ့အတွက် အဓိပ္ပါယ်တစ်ချို့ကွဲလွဲတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။အနီးစပ်ဆုံးဖြစ်အောင်ဘာသာပြန်ထားပေမယ့် ကွဲလွဲတာရှိရင်သည်းခံပေးကြပါ။) (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရ ပါ) File Size : (1.80 GB) , (900 MB) and (450 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : 1hr 55min Format ...
movie

The Wolf’s Call (2019)

2019
As Above, So Below (2014) 6.2
As Above, So Below (2014) ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကြီးရဲ့ လမ်းမတွေရဲ့အောက်မှာ အကွေ့အချိုးမိုင်ပေါင်းများစွာနဲ့ မြေအောက်လိုဏ်ခေါင်းတွေရှိလို့နေတယ်။ မရေမတွက်နိုင်တဲ့ဝိညာဉ်တွေရဲ့ ထာဝရအိမ်က ပါရီမြို့ကြီးရဲ့ လမ်းမတွေအောက်မှာပဲလား။ အမေရိကန်-အင်္ဂလိပ်ရှာဖွေစူးစမ်းအဖွဲ့တစ်ဖွဲ့က လူငယ်တွေ အရင့်အရင်က မတွေ့မကြုံခဲ့ရဖူးသေးတဲ့ အရိုးဝင်္ကပါတစ်ခုကို တွေ့သွားတယ်။ ဒီမြို့တော်ကြီးအတွင်းမှာ တည်ရှိနေတဲ့သေခြင်း၊ ပုန်းကွယ်မှောင်မိုက်နေခဲဲ့တဲ့ လှို့ဝှက်ချက်ကိုဖော်ထုတ်မိလျက်သားဖြစ်ခဲ့ရပြီ။ ၁၇၈၅ ခုနှစ်ကတည်ဆောက်ခဲ့သတဲ့။ ကမ္ဘာ့အကြီးဆုံးဂူသချုႋင်းတစ်ခုမှာ မမျှော်လင့်ဘဲ တွေ့ခဲ့ရတဲ့စန္ဒရားအို၊ ရုတ်တရက်ထွက်ပေါ်လာတဲ့ လှို့ဝှက်တံခါး၊ အဲဒီတံခါးပွင့်သွားခဲ့တာနဲ့ပဲ။ ချောက်ချားစရာ အတိတ်တွေ ရုန်းကြွတွန်းကန်လာတော့တယ်။ Mad Men သရုပ်ဆောင် Ben Feldman ၊ The Purge: Anarchy သရုပ်ဆောင် Edwin Hodge နဲ့ The Invisible Woman က သရုပ်ဆောင်မိန်းကလေး Perdita Weeks တို့ ပါဝင်ထားကြတယ်။ ထိတ်လန့်သည်းဖိုရုပ်ရှင်နှစ်သက်ကြသူတွေအတွက်တော့ စိတ်ဝင်စားစရာရုပ်ရှင်ဖြစ်နေမှာပါ။ As Above, so below ရဲ့ ရုပ်ရှင်ပိုစတာမှာပဲ ဆွဲဆောင်မှုအားကြီးနေတော့ ...
movie

As Above, So Below (2014)