Channel Myanmar

Gianmarco Saurino

The Voyagers (2022)
The Voyagers (2022)  ဒီဇာတ်ကားလေးက ၂၀၂၂ ကမှထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးပါ။ အချိန်​ခရီးသွား​တဲ့ Fantasy​ အမျိုးအစား​ဇာတ်​ကားဖြစ်ပြီး ခါတိုင်းလို အမေရိကန်​တွေက ကမ္ဘာ​ကြီး​ကိုကယ်တင်မဲ့အစား ဒီတစ်ခါ​တော့​ အီတာလျံတွေ ကမ္ဘာ​ကိုကယ်တင်မှာကို ကြည့်ရှုရမှာပါ။ဇာတ်လမ်း​အကျဥ်း ကတော့ မက်စ် ဆိုတဲ့ကောင်လေးရဲ့ အစ်ကို​ဖြစ်သူ ဘီယိုက သိပ္ပံ​သုတေသန​ Lab တစ်ခုမှာ အလုပ်​လုပ်​နေတဲ့ သိပ္ပံ​ပညာရှင်​တစ်ယောက်​ဖြစ်ပြီး တစ်နေ့​မှာ ခြေရာ​လက်ရာမကျန်ဘဲ လုံးဝ​ပျောက်ဆုံးသွားပါတယ်။တစ်နှစ်​အကြာမှာ အစ်ကို​ဖြစ်​သူပျောက်သွားတဲ့ Lab ကို မက်စ်နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဂရီတာ နဲ့ ဖလီဘိုတို့ သုံးယောက်​သား ဖောက်​ထွင်း​ဝင်ရောက်ရာကနေ စက်​တစ်ခုကို​ မတော်​တဆဖွင့်မိရင်း သူငယ်ချင်း​သုံး​ယောက်​လုံး အတိတ်​ကိုပြန်ရောက်သွားပါတော့တယ်။ ရောက်​သွားတဲ့အတိတ်က ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်​ခါနီး မူဆိုလီနီ​အုပ်ချုပ်​နေတဲ့ ဖက်ဆစ်အီတလီနိုင်ငံကိုဖြစ်ပါတယ်။ အစ်​ကိုဖြစ်သူကိုစုံစမ်းရင်း Montanary Brigade ဆိုတဲ့​ ဖက်ဆစ်ဆန့်ကျင်ရေးအုပ်စုတစ်စုနဲ့ ဆက်သွယ်​မိပြီး မူဆိုလီနီက ဒုတိယ​ကမ္ဘာစစ်ကို အနိုင်​တိုက်​ပြီး သမိုင်း​ကို​ပြောင်းဖို့အတွက် ပြီး​ပြည့်စုံ​တဲ့ ကာလယန္တရားတစ်ခုကိုတည်ဆောက်နေပြီး မက်စ်​ရဲ့အစ်ကို ဘီယို​ကိုလည်း​ ဖမ်းဆီး​ထားတာကို ...
movie

The Voyagers (2022)

The Hottest Summer(2023) 6.5
The Hottest Summer(2023) The Hottest Summer(2023)************************* ဇာတ်လမ်းကိုတော့ အီတလီနိုင်ငံ ဆစ္စလီမြို့ရဲ့ အပူဆုံးနွေရာသီတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်...။ အဲ့ဒီမှာဆိုရင် နွေရာသီကာလ ကျောင်းတွေပိတ်တော့ ဘုရားကျောင်းတွေမှာ ကလေးတွေအတွက် နွေရာသီကျောင်းလေးတွေဖွင့်လေ့ရှိပါတယ်..။ ကလေးတွေကို ထိန်းကူဖို့ လူငယ်လူရွယ်လေးတွေကလည်း volunteerလာလုပ်ပေးကြတာ‌ပေါ့...။ လူစီယာဟာလည်း အဲ့လိုvolunteerတစ်ယောက်ဖြစ်ပြီး နွေရာသီကျောင်းကိစ္စဆိုရင် တက်တက်ကြွကြွပါဝင်လေ့ရှိသူပါ...။ ဒီလိုနဲ့ အပူဆုံးနွေရာသီတစ်ခုမှာ သူတို့ရဲ့ဘုရားကျောင်းကို ဘုန်းတော်ကြီးအသစ်ရောက်လာပါတယ်...။ ရောက်လာတဲ့ဘုန်းတော်ကြီးက ငယ်ငယ်ရွယ်ရွယ် ခန့်ခန့်ချောချောဆိုတော့လူစီယာတို့လို မိန်းမငယ်လေးတွေအတွက်တော့ သဘောကျချင်စရာပါ...။ ဘုန်းတော်ကြီးတွေက အိမ်ထောင်သားမွေးအမှုကိုပြုလို့မရဘူးဆိုတဲ့ ဝိနည်းပညတ်တွေရှိပါတယ်...။ သို့ပေမယ့် အချစ်ဇာတ်လမ်းတစ်ပုဒ်က ဒီလိုစလာပြီဆိုတော့လည်း စည်းမျဥ်းတွေကို မြင်နိုင်တော့မယ် မထင်ပါဘူး...။ အတားအဆီး ပညတ်ချက်တွေအကြား အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဘယ်လိုပေါက်ဖွားလာမလဲ၊ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ...။File Size : (1.6GB) and (771MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:36:00 Genre : Romance, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae  
movie

The Hottest Summer(2023)

Summit Fever (2022) 5.1
Summit Fever (2022) Summit Fever (2022) ================‌ဒီဇာတ်ကားလေးက 2022 ခုနှစ်ကထွက်ရှိခဲ့ပြီး ဒါရိုက်တာ Julian Gilbey ရိုက်ကူးထားပါတယ်။ မိုက်ကယ်ဟာ ဆုံးပါး သွားတဲ့သူ့အမ လူစီကြောင့်မလို့တောင်တက်ရတာကိုဝါသနာ ပါသူတစ်ယောက်ပါ။ သူ့အဖေကတော့ ဝင်ငွေကောင်းတဲ့ စီးပွား ရေးလုပ်ငန်းကိုပဲလုပ်စေချင်ပါတယ်။ ဒါပေမယ့်တစ်နေ့တော့ အလုပ်ကနေခွင့်ယူလာပြီး သူငယ်ချင်းတွေဖြစ်တဲ့ ဂျင်ပီရယ်တို့နဲ့ အတူတောင်တက်ဖို့ ချန်မိုနိ့ ကိုထွက်လာပါတော့တယ်။အဲဒီမှာသူတို့သူငယ်ချင်းတစ်စုတောင်တက်နေရင်း မတော်တစ် ဆမှုဖြစ်လို့ လီယို နဲ့ နာတာရှာ တို့သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် လည်း သူတို့သူငယ်ချင်းတွေကတော့ ၀မ်းနည်းပူဆွေးနေခြင်းမရှိ ဘဲ ဂုဏ်ပြုတာဆိုပြီး အနေထိုင်မပျက် တောင်ဆက်တက်နေတုန်း ပါပဲ။ အဲဒါကို မိုက်ကယ်က မကြိုက်လို့တောင်တက်အဖွဲ့ထဲကထွက် လိုက်ပေမယ့်လည်း သူ့ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဂျင်ပီရယ်က မိုက်ကယ့် နေရာကိုတခြားသူတွေအစားထိုးပြီး တောင်တက်ဖို့ပြင် ပါတော့တယ်။ အဲဒီအခါ မိုက်ကယ် ကသူ့အမလူစီ တုန်းကလိုမျိုး သူ့သူငယ်ချင်းကိုအသက်မဆုံးရှုံးစေချင်လို့ တောင်တက်အဖွဲ့ထဲ ပြန်၀င်ခဲ့ပါတယ်။မိုက်ကယ် နဲ့ ဂျင်ပီရယ် တို့အဖွဲ့တောင်တက်တဲ့‌အခါမှာတော့ မထင် မှတ်ဘဲ မုန်တိုင်းမိပြီး ပြဿနာတွေတက်ကြတဲ့အခါ ဘယ်လိုရင်ဆိုင် ကြလဲဆိုတာ ရင်သပ်ရှုမောစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(3.5 GB) / (1.6 GB) / (640 ...
movie

Summit Fever (2022)

2022