Channel Myanmar

Godehard Giese

Easy Money (2010) 6.7
Easy Money (2010) Easy Money 1 (2010) IMDB- 6.7Ratting ကောင်းတဲ့ ဆွီဒင်မူးယစ်ဂိုဏ်းဇာတ်လမ်းလေးအကြောင်းရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ရိုဟန်ဆိုတဲ့ စီးပွားရေးကောလိပ်တက်နေတဲ့ကောင်းလေးတစ်ယောက်ကလူချမ်းသားအသိုင်းအဝိုင်းကြားမှာ နေထိုင်ရတဲ့အတွက်ပိုက်ဆံများများရနိုင်မယ့်အလုပ်ကိုရှာပြီးလုပ်နေရတယ်။သိကြတဲ့အတိုင်း ကိုကင်းတွေကိုလိုက်ပို့ပေးရတာပေါ့။တက္ကစီးအငှားကို ဟန်ပြမောင်းရင်းကိုကင်းတွေပို့ရတဲ့အလုပ်ကဝင်ငွေကောင်းတဲ့အပြင် လူချမ်းသာရွယ်တူသူငယ်ချင်းတွေရဲ့ ပရောဂျက်တွေကိုလုပ်ပေးရင်းနဲ့သူ့ကိုယ်သူလူချမ်းသာအသိုင်းအဝိုင်းထဲဝင်ဆံ့နိုင်အောင်ကြိုးစားနေတယ်။ တစ်နေ့သူအဖွဲ့က သူ့ကို ဟောရုဟဲဆိုတဲ့ထောင်ကထွက်ပြေးလာတဲ့အကျဉ်သားတစ်ယောက်ကိုသွားခေါ်ခိုင်းတယ်။သူ့ကို ရာဒိုဗန်ဆိုတဲ့ မူးယစ်ဂိုဏ်းအဖွဲ့ကလည်းလိုချင်နေတဲ့အခါမှာတော့.....  File size…2.44GB / 1.15GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 4m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Easy Money (2010)

The Conference (2022) 7.3
The Conference (2022)  သမိုင်း​မှာ​ Holocaust ဖြစ်ရပ်ကိုကြားဖူးကြမယ်ထင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ​ ဖြစ်ပျက်​ခဲ့တဲ့​ အရေးပါ​ဆုံးဖြစ်စဥ်တွေထဲကတစ်ခုဖြစ်ပြီး​ ဂျူး​လူမျိုး​ ၆သန်းကျော်ကို လူမျိုး​တုံးသတ်ဖြတ်ခဲ့တဲ့​ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်က ဒုတိယ​ကမ္ဘာ​စစ်​နဲ့တကွ နောင်​လာမဲ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဥ်တွေကိုပါ​ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုရုပ်ရှင်​က​ နာဇီတွေရဲ့ဂျူး​ပြဿနာ​ကိုဖြေရှင်းမဲ့ Final Solution ဆိုတဲ့စီမံကိန်းနဲ့ ဒီစီမံကိန်းကို အကောင်​အထည်ဖော်ခဲ့တဲ့ Holocaust အဖြစ်အပျက်​ရဲ့​ မြစ်ဖျားခံရာ Wannsee Conference​ အကြောင်းကို​ Dokudrama​ အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်​တစ်ခုလုံး​ဟာ​ Wannsee​ Conference​ ကျင်း​ပနေတဲ့​ မိနစ်ပိုင်းတွေကို ဘေးကနေထိုင်ကြည့်နေရသလို​ တင်ဆက်ထားတာဖြစ်ပါတယ်။ဒီ​အစည်းအဝေး​ကို​ ဘာလင်မြို့ပြင်က Wannsee​ ​ဆိုတဲ့​အရပ်မှာကျင်းပခဲ့ပြီး​ အစည်းအဝေးကို နာဇီဂျာမနီအစိုးရရဲ့ ထိပ်တန်း​အရာရှိ​တွေနဲ့​ SS​ ထိပ်သီးခေါင်းဆောင်​တွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေ​ထဲမှာ​ ထိပ်တန်း​ဂျာမနီ​တက္ကသိုလ်​တွေမှာ​ ပညာသင်ကြားခဲ့တဲ့ ပညာရှင်​တွေ​ ခေါင်း​ဆောင်တွေပါဝင်ပြီး ဒီလူတွေ​ကပဲ​ လူ့သမိုင်းမှာမကြုံဖူးလောက်တဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီမံခဲ့တာပါ။ ဒီအစည်းအဝေးဟာ ကမ္ဘာ့သမိုင်းဖြစ်စဥ်ရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နာဇီတွေဟာ ဥရောပ​တိုက်​ကို​ ကျူး​ကျော်မှုစပြီးမကြာမီမှာ ဂျူး​ပြဿနာ​ကိုဖြေရှင်းဖို့ ...
movie

The Conference (2022)

Transit(2018) 7.0
Transit(2018) Transit(2018)*************ငါတို့ဟာ တရွေ့ပြီးတရွေ့ ငါတို့ဟာ တငွေ့ငွေ့ ငါတို့ဟာ ဘယ်ရထားမှာလွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာခဲ့သလဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။ ဆရာကြီးအောင်ချိမ့်ရဲ့ ကဗျာထဲကလိုပဲ။ ကိုယ့်ဘဝမှာ ကိုယ့်အနား တစ်သက်လုံးခေါ်မထားနိုင် တဲ့သူ(ဒါမှမဟုတ်) သူ့အနားမှာ ကိုယ့်ကို တစ်သက်လုံးလက်မတွဲနိုင်သူတွေကို ဘယ်လိုမျိုးအလွဲခံပြီး၊ဘယ်လောက်များဒုက္ခအရောက်ခံပြီး ချစ်ခဲ့ဖူးပါသလဲ။ တစ်ချိန်ချိန်မှာခွဲရမယ်မှန်းသိသိနဲ့ မျဉ်းပြိုင် နှစ်ကြောင်းလို မဆုံအောင်လုပ်မှာလား၊ ဆုံပြီးမှဝေးရတဲ့မျဉ်းဆုံလိုမျိုး ကြုံချင်သလား တစ်ခါတရံ ဝေခွဲမရဖြစ်ခဲ့ဖူးပါသလား။ဒီဂျာမန် အချစ်ကားလေးထဲမှာတော့ ဒီလိုမျိုး ခံစားချက်တွေရဲ့ လေးနက် ပြင်းထန်မှုကိုလှလှပပဖော်ကျူးထားပါတယ်။ ဇာတ်လမ်းကို ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမန်တွေပြင်သစ်ဝင်သိမ်းတဲ့နောက်ခံအခြေအနေကို ယနေ့ခေတ်ပုံစံနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂျော့ဂ်ျဟာ တေလေတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းတစ်ယောက်အကူ အညီ တောင်းတာကြောင့် ပြည်ပကိုထွက်ပြေးဖို့ကြိုးစားနေတဲ့ နာမည်ကြီးဂျာမန်စာရေးဆရာဝိုက်ဒယ်လ် ကို သူပုန်းတဲ့နေရာမှာသွားတွေ့ပြီး စာ(၂)စောင် သွားပေးပါတယ်။ဒါပေမယ့် ဝိုက်ဒယ်လ်သေနေသွားတဲ့အတွက် မာဆေးလ်မြို့အထိသွားပြီးဒီသတင်းကို သူ့မိတ်ဆွေတွေဆီပေးဖို့ဖြစ်လာပါတယ်။ မာဆေးလ်မြို့ကို အရောက်မှာသူဟာ မိန်းမတစ်ယောက်နဲ့ ကလေးငယ်လေးတစ်ယောက်ကို ချစ်မိသွား၊ သံယောဇဉ်တွယ်မိသွားပါတယ်။အဲဒီ အချစ်စိတ်၊ သံယောဇဉ်စိတ်တွေနဲ့ သူ့ရဲ့ အတ္တတစ်ကိုယ်ကောင်းဆန်မှုတို့ လွန်ဆွဲကြပါတော့တယ်။သူရဲ့အတ္တကပဲ အနိုင်ရမလား၊ အချစ်စိတ်ကပဲ ...
movie

Transit(2018)

Submergence (2017) 5.4
Submergence (2017) Submergence (2017)_____IMDb - 5.4/10    Marvelရဲ့ Professor X (James McAvoy)ရဲ့ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါ့မယ် ဒီကားလေးထဲမှာတော့ သူက အယ်လ်ကိုင်ဒါအကြမ်းဖက်သမားတွေကြောင့် ခရူးဆိတ်စစ်ပွဲ(ဘာသာရေးစစ်ပွဲ)တွေပြန်အစပျိုးလာတဲ့အာဖရိကရဲ့ကက်စ်စမဒရိုးဒေသဆီသွားပြီးဂျီဟတ်ဒ်စစ်ပွဲပြင်ဆင်ဖို့ဖိအားပေးခြင်းခံနေရတဲ့ဒုက္ခသည်တွေအတွက် ရေရရှိဖို့အကျိုးဆောင်မယ့်အင်ဂျင်နီယာဂျိမ်းစ်မောအဖြစ်တွေ့ရမှာပါ ဒီလိုပြင်ဆင်ရင်းနဲ့ပဲ ဟိုတယ်တစ်ခုမှာပရော်ဖက်ဆာဒန်နီဖလင်းဒါးလို့ခေါ်တဲ့အဏ္ဏဝါဗေဒပညာရှင်လေးတစ်ယောက်နဲ့ဆုံခဲ့ပြီးသိတဲ့အတိုင်းဇာတ်လမ်းဘာညာစတယ်ဆိုပါတော့ဗျာ ဒန်နီကလည်းသူမရဲ့အိပ်မက်ဖြစ်တဲ့ရေအောက်အနက်ဆုံးအလွှာထိဆင်းပြီးလေ့လာဖို့ ဂျိမ်းစ်ကလည်း စစ်ပွဲတွေအဆုံးသတ်ဖို့အတွက် ဆိုတဲ့ကိုယ်စီအိပ်မက်တွေယှဉ်လာချိန်မှာတော့....... သူတို့ပြန်ဆုံနိုင်ပါ့မလား အိပ်မက်ကိုယ်စီကိုအကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကတော့...??? ကြည့်ကြည့်ရအောင်ဗျာ....???(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုပြေဟိဏ်းဆက်ပါ)    File Size : (850 MB) Quality : WEB-DL 720p Running Time : 1hr 52min Format : Mp4 Genre : Drama, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Pyae Xeinn Sett Encoded by Thanhtike Zaw
movie

Submergence (2017)

2017