Channel Myanmar

The Conference (2022)

DramaHistoryWar

7.3
IMDB: 7.3/10 votes

193259

Report error

 

သမိုင်း​မှာ​ Holocaust ဖြစ်ရပ်ကိုကြားဖူးကြမယ်ထင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ​ ဖြစ်ပျက်​ခဲ့တဲ့​ အရေးပါ​ဆုံးဖြစ်စဥ်တွေထဲကတစ်ခုဖြစ်ပြီး​ ဂျူး​လူမျိုး​ ၆သန်းကျော်ကို လူမျိုး​တုံးသတ်ဖြတ်ခဲ့တဲ့​ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်က ဒုတိယ​ကမ္ဘာ​စစ်​နဲ့တကွ နောင်​လာမဲ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဥ်တွေကိုပါ​ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုရုပ်ရှင်​က​ နာဇီတွေရဲ့ဂျူး​ပြဿနာ​ကိုဖြေရှင်းမဲ့ Final Solution ဆိုတဲ့စီမံကိန်းနဲ့ ဒီစီမံကိန်းကို အကောင်​အထည်ဖော်ခဲ့တဲ့ Holocaust အဖြစ်အပျက်​ရဲ့​ မြစ်ဖျားခံရာ Wannsee Conference​ အကြောင်းကို​ Dokudrama​ အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်​တစ်ခုလုံး​ဟာ​ Wannsee​ Conference​ ကျင်း​ပနေတဲ့​ မိနစ်ပိုင်းတွေကို ဘေးကနေထိုင်ကြည့်နေရသလို​ တင်ဆက်ထားတာဖြစ်ပါတယ်။

ဒီ​အစည်းအဝေး​ကို​ ဘာလင်မြို့ပြင်က Wannsee​ ​ဆိုတဲ့​အရပ်မှာကျင်းပခဲ့ပြီး​ အစည်းအဝေးကို နာဇီဂျာမနီအစိုးရရဲ့ ထိပ်တန်း​အရာရှိ​တွေနဲ့​ SS​ ထိပ်သီးခေါင်းဆောင်​တွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေ​ထဲမှာ​ ထိပ်တန်း​ဂျာမနီ​တက္ကသိုလ်​တွေမှာ​ ပညာသင်ကြားခဲ့တဲ့ ပညာရှင်​တွေ​ ခေါင်း​ဆောင်တွေပါဝင်ပြီး ဒီလူတွေ​ကပဲ​ လူ့သမိုင်းမှာမကြုံဖူးလောက်တဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီမံခဲ့တာပါ။ ဒီအစည်းအဝေးဟာ ကမ္ဘာ့သမိုင်းဖြစ်စဥ်ရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နာဇီတွေဟာ ဥရောပ​တိုက်​ကို​ ကျူး​ကျော်မှုစပြီးမကြာမီမှာ ဂျူး​ပြဿနာ​ကိုဖြေရှင်းဖို့ စဥ်းစား​ခဲ့တာဖြစ်ပြီး ပထမဆုံး​အနေနဲ့​ ဂျူး​တွေ​အားလုံးကို​ မာဒါဂါစကားကျွန်းကိုပိုဖို့စီစဥ်ခဲ့ပေမဲ့ စစ်ပွဲအခြေအနေနဲ့ ရေကြောင်း​အင်အားမလုံလောက်မှုကြောင့် အရှေ့ဘက်ဒေသလို့ခေါ်တဲ့ ဂျာမန်အသိမ်းပိုက်ခံ ပိုလန်နိုင်ငံကိုပို့ပြီး​ ဓာတ်ငွေ့ခန်းတွေထဲမှာ စီရင်​ဖို့​ဆုံးဖြတ်​ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်တွေအားလုံးကို ဒီအစည်းအဝေးမှာပဲဆုံးဖြတ်ခဲ့ပါတယ်။

ဒီစီမံကိန်းကို​ အကောင်​အထည်ဖော်ဖို့လိုအပ်တဲ့လုပ်ငန်းစဥ်တွေ၊ အသေး​စိတ်အချက်တွေကို ဆွေးနွေး​ကြတာကို သမိုင်းစိတ်ဝင်စားသူတွေအတွက် စိတ်ဝင်စား​ဖွယ်တွေ့မြင်ရမှာပါ။ ဒီ​ရုပ်ရှင်​က​ ဂျာမန်​တယ်လီဗေးရှင်းဆုများနဲ့​ နိုင်ငံ​တကာဆုများကိုလည်းရရှိထားပါတယ်။ အစည်းအဝေး​အစကနေ​ အဆုံးထိကို ရိုက်ကူး​ထားတာ​ဖြစ်ပြီး ဇာတ်ကား​တစ်လျှောက်​လုံး စကားတွေပဲထိုင်ပြောနေတာဖြစ်တဲ့အတွက် ပရိသတ်​တချို့အတွက်တော့ ပျင်းရိ​စရာကောင်းနေမှာဖြစ်ပေမဲ့ သမိုင်းကိုစိတ်ဝင်စားသူတွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ခုဖြစ်မှာပါ။ ဘာသာပြန်သူ​ကတော့​ Wolfenheim​ ဖြစ်​ပါတယ်။

 

File size…(1.4 GB)/(600 MB)/(340 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….01:47:00
Genre…History, War, Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Wolfemheim



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Conference (2022)


No downloads available

Genres



Related movies