Channel Myanmar

Gu Bao-Ming

Shaolin Popey 3 ( 1995 ) 6.3
Shaolin Popey 3 ( 1995 ) ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ရှေ့ ၂ ကား ကိုတင်ဆက်ပေးပြီးဖြစ်ပါတယ် ၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ်Shaolin Popey 3 မှာတော့ ရှောင်လင်ကိုယ်တော်လေးတို့ မောင်နှမ၂ယောက်ဟာ ကမ္ဘာကိုယ်ခံပညာပြိုင်ပွဲကိုဝင်ပြိုင်ဖို့ ဟာဝိုင်ယီကိုသွားကြရမှာဖြစ်ပါတယ်။ ဟာဝိုင်ယီကိုရောက်တဲ့အခါ အဲဒီမှာအခြေချနေထိုင်နေတဲ့ ညီအစ်ကို(၂)ယောက်နဲ့ရေစက်ဆုံပြီး လူဆိုးတွေရန်ကကူညီပေးလိုက်တဲ့အချိန်မှာ အစ်ကိုဖြစ်တဲ့သူက ရှောင်လင်ကိုယ်တော်လေးရဲ့အစ်မ ရှောင်ယင်ကိုမြင်မြင်ချင်းချစ်မိသွားပါတယ်။လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးက ရှောင်လင်ကွန်ဖူးရဲ့အစွမ်းကိုကြားသွားပြီးတော့ သူတို့ရှောင်လင်ကိုယ်တော်လေးကိုဖမ်းခေါ်သွားပါတယ်။ ကိုယ်တော်လေးကိုပြန်ကယ်ဖို့ကြိုးစားရင်း ဟာဝိုင်ယီကိုသိုင်းပြိုင်ပွဲအမည်ခံနဲ့ရောက်လာပေမယ့် တခြားတာဝန်ရှိသေးတာကြောင့် သူတို့ရဲ့ချစ်ဇာတ်လမ်းကရှေ့ဆက်ဖို့ခက်ခဲနေပါတယ်။ ဟာဝိုင်ယီမှာပါ ကိုယ်တော်လေးတို့ဘယ်လိုအစွမ်းပြမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ Quality : DVDRip Format : mp4 Genres : Action , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Shaolin Popey 3 ( 1995 )

(18+)Angel Heart (1995) 5.0
(18+)Angel Heart (1995) - နာကျင်လွန်းတဲ့အတိတ်ဒဏ်ရာတွေက အချစ်ကိုပုံဖော်တဲ့အခါအနှောင့်အယှက်တစ်ခုဖြစ်နေခဲ့သလား- ကိုယ့်ရဲ့အတိတ်ဒဏ်ရာတွေနဲ့ မင်းကိုထိုးသွင်းလိုက်တဲ့အခါထပ်တူညီတဲ့ နာကျင်မှုဖြစ်သွားစေနိုင်မလား- ကိုယ့်ရဲ့အချစ်တွေက မင်းရဲ့ရမ္မက်နဲ့ထိပ်တိုက်တွေ့တဲ့အခါစိတ်ရှိတိုင်းမချစ်ရဘဲ အားနာနေမိမလား- ကိုယ့်အဖြစ်ကိုကြည့်ပြီး မင်းကတော့ ပြောရှာပါတယ်“ကျွန်မကို လျော့ချစ်ပါ”တဲ့လား...မြောင်ဝေကတော့ ဦးလေးနဲ့အတူတူ မူးယစ်ဆေးအရောင်းအဝယ်လုပ်ရင်း ဦးလေးကိုယ်စား ထောင်နှစ်နှစ်ကျသွားခဲ့ရပါတယ်။ ဆေးမှုနဲ့ဆိုတော့ ထောင်ထဲမှာ အေးအေးဆေးဆေးမနေရဘဲ အမြဲလိုလိုနှိပ်စက်ခံခဲ့ရပြီး သူ့အချစ်ဆုံးသူငယ်ချင်းက သူ့လက်ထဲမှာသေဆုံးသွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။အဲ့ဒီထိုးနှက်ချက်တွေကြောင့် ထောင်ကပြန်ထွက်လာပေမယ့် သူမပျော်တော့ပါဘူး။ အဲ့ဒီအချိန် ငယ်ချစ်ဦးဝင်ဒီနဲ့ပြန်တွေ့ရတဲ့အခါ.... အချစ်နဲ့ဝေဒနာကို သက်သာစေနိုင်မလား ဒါမှမဟုတ် အချစ်ကြောင့်ပဲ ဝေဒနာပိုတိုးလာမလားဆိုတာကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာမို့ ၁၈ ယောက်စုကြည့်လိုက်ပါတော့နော်.... File size…2.5GB / 1.01GB Quality…1080p / 720p Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Dark V
movie

(18+)Angel Heart (1995)

1995
The Warlords (2007) 7
The Warlords (2007)  The Warlords (2007)IMdb Rating (7) / Rotten Tomatoes (63%)၁၉ရာစုအလယ်မှာ ချင်မင်းဆက်ရဲ့ အကျင့်ပျက်ခြစားတဲ့ အုပ်ချုပ်မှုဒဏ်ကို မခံနိုင်တော့တဲ့ပြည်သူတွေဟာ တိုင်ပင်းပုန်ကန်မှုကို အစပြုခဲ့တယ်။ ဒီပြည်တွင်းစစ်ကာလဟာ ၁၄နှစ်ကြာမြင့်ခဲ့ပြီး အငတ်ဘေးနဲ့ စစ်ပွဲကြောင့် လူသန်း၇၀ကျော်သေဆုံး ခဲ့ရတယ်။ ၁၅ရာစုကဆောက်ခဲ့တဲ့ အလယ်ခေတ် ကမ္ဘာ့အံ့ဖွယ်၇ခုထဲပါတဲ့ နန်ဂျင်းကကြွေမျှော်စင်ဆို မြေကွက်လပ်ပဲကျန်တဲ့အထိ ပျက်စီးဆုံးရှုံးမှု များခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲ့ဒီကာလက ဇာတ်အိမ်တည်ထားတဲ့ စစ်ခေါင်းဆောင် သွေးသောက်ညီအစ်ကိုသုံးယောက်ကို ဗဟိုပြုပြီး ဇာတ်အိမ်တည်ထားတယ်။စစ်ကိုဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်တွေမှာ တိုက်ပွဲကိုအသားပေးတဲ့ရုပ်ရှင်ရယ် တိုက်ပွဲထဲက လူတွေရဲ့ စိတ်အခြေအနေကို အသားပေးတဲ့ရုပ်ရှင်ရယ် ရှိတဲ့အထဲ ဒီရုပ်ရှင်ဟာ ဒုတိယအမျိုးအစားရုပ်ရှင်လို့ ပြောလို့ရတယ်။ အောက်ခြေစစ်သားတွေထက် အမိန့်ပေးဆုံးဖြတ်မှုလုပ်ရတဲ့ ခေါင်းဆောင်တွေရဲ့ စိတ်ကို ပိုအသားပေးပြတယ်။တကယ်တမ်းပြောရရင် သွေးသောက်ညီအစ်ကိုစစ်ခေါင်းဆောင်သုံးယောက်မှာ ဒုတိယညီရယ် တတိယညီရယ်ကို နားလည်နိုင်ပေမဲ့ အကိုကြီးဖြစ်တဲ့ ဂျက်လီရဲ့ ကာရိုက်တာ ဖန်းကွမ်ရန်ကို သိပ်နားမလည်နိုင်ဘူး။ ဟိုးငယ်ငယ်တုန်းက တစ်ခါကြည့်ဖြစ်ခဲ့တုန်းကတော့ ဂျက်လီရဲ့ ဒီကာရိုက်တာကို လူယုတ်မာလိုသတ်မှတ်ခဲ့ဖူးပေမဲ့ ဒီတစ်ခါပြန်ကြည့်ဖြစ်တဲ့အခါကျ သူ့လုပ်ရပ်တွေဟာ တစ်နည်းတစ်ဖုံနဲ့ မှန်နေတာကိုလည်း မြင်လာတယ်။ တစ်ချိန်တည်းမှာပဲ သူ့ကာရိုက်တာရဲ့ စိတ်ဟာ နားလည်ရခက်တဲ့ အခြေအနေတစ်ခုဖြစ်သွားတယ်။ ဘယ်သူ့လုပ်ရပ်မှန်ပြီးဘယ်သူ့လုပ်ရပ်မှားတယ်ဆိုတာ အဖြေမထွက်တော့ဘူး။အမှန်ဆိုတာ ပိုဝေဝါးလာတယ်။ စာအုပ်တစ်အုပ်ကို နှစ်ခါဖတ်လို့မရဘူးဆိုတဲ့စကားလိုပဲ ဒီရုပ်ရှင်ကို ငယ်ငယ်တုန်းက အတော်များများလည်း ကြည့်ဖူးခဲ့ကြမှာပဲ ကြည့်တဲ့လူရဲ့စိတ်ပေါ်မူတည်ပြီး ရုပ်ရှင်တစ်ကားကိုလည်း နှစ်ခါပြန်ကြည့်လို့ရမှာတော့ မဟုတ်‌လောက်ဘူး။WARLORDS ဟာ ဂျက်လီကားတွေထဲ Heroနဲ့ Fearless အပါအ၀င် ဂျက်လီရဲ့ ...
movie

The Warlords (2007)

My Missing Valentine (2020) 7.4
My Missing Valentine (2020) My Missing Valentine (2020) ****************************ဒိတ်ပျောက်တယ် ဆိုတဲ့ စကားကို လူငယ်တွေ အရမ်းပြောလေ့ရှိပါတယ် ဒါပေမယ့် တကယ် ဒိတ်ပျောက်သွားတဲ့လူတွေရှိပါ့မလားဒီဇာတ်လမ်းထဲက ကောင်မလေးကတော့ တကယ်ဒိတ်ပျောက်သွားခဲ့ပါတယ်အရာရာကို မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက် ခရာမတွတ်ခင် ပြေးတတ်တဲ့ သူများတွေထက် ရှေ့ကိုတစ်လှမ်းကြိုပြင်ဆင်တတ်သူလေးတစ်ယောက်ရှိသတဲ့။ကမ္ဘာလောကကြီးနဲ့အဆက်သွယ်ပြတ်နေတဲ့သူတစ်ယောက်အသက်ကလဲ ၃၀ နားကပ်နေပြီး အချစ်ရေးနဲ့ပါတ်သက်လို့ မူးလို့တောင်မရှုဖူးတဲ့သူမအနားကို ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။အဲ့ကောင်လေးနဲ့ ချစ်သူများနေ့မှာ အတူဖြတ်သန်းဖို့ စိတ်ကူးယဉ် အပျော်တွေလွန်ပြီး အိပ်သွားခဲ့ပေမဲ့ နောက်တစ်နေ့ သူအိပ်ရာနိုးလာချိန်မှာတော့ သူ့ရဲ့ချစ်သူများနေ့ဟာ သူ့မှတ်ဉာဏ်ထဲကနေ ထူးဆန်းအံ့သြဖွယ်ရာ ပျောက်ဆုံးနေခဲ့တာသိလိုက်ရပါတယ်။သူ့ရဲ့ဘဝမှာ အပြောင်းလဲကြီးတစ်ခုလို့ဆိုရလောက်တဲ့နေ့တစ်နေ့ဟာ ဘာလို့ပျောက်ဆုံးသွားရတာလဲ အဖြေရှာပါတော့တယ်။ဘာ​ကြောင့် နေ့ရက်တစ်ရက် ပျောက်ဆုံးသွားရတာလဲ ပျောက်ဆုံးသွားတဲ့နေ့ရက်ကို ဘယ်လိုပြန်ရှာမလဲ"ကိုယ့်ကိုယ်ချစ်ပါ တစ်နေရာမှာတော့ သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပါတယ်"IMDb rating 7.4 ရရှိထားပြီး Golden Horse Film Festival တစ်ခုတည်းမှာတင် Winner 5 ဆုရရှိပြီး Nomi 6 ဆု ၀င်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်။ File Size : ( 1.75 GB), ( 1.09 ...
movie

My Missing Valentine (2020)

2020