Channel Myanmar

The Warlords (2007)

ActionAdventureAsianDramaWar

7
IMDB: 7/10 votes

718608

Report error

 

The Warlords (2007)

IMdb Rating (7) / Rotten Tomatoes (63%)

၁၉ရာစုအလယ်မှာ ချင်မင်းဆက်ရဲ့ အကျင့်ပျက်ခြစားတဲ့ အုပ်ချုပ်မှုဒဏ်ကို မခံနိုင်တော့တဲ့ပြည်သူတွေဟာ
တိုင်ပင်းပုန်ကန်မှုကို အစပြုခဲ့တယ်။
ဒီပြည်တွင်းစစ်ကာလဟာ ၁၄နှစ်ကြာမြင့်ခဲ့ပြီး
အငတ်ဘေးနဲ့ စစ်ပွဲကြောင့် လူသန်း၇၀ကျော်သေဆုံး
ခဲ့ရတယ်။ ၁၅ရာစုကဆောက်ခဲ့တဲ့ အလယ်ခေတ်
ကမ္ဘာ့အံ့ဖွယ်၇ခုထဲပါတဲ့ နန်ဂျင်းကကြွေမျှော်စင်ဆို
မြေကွက်လပ်ပဲကျန်တဲ့အထိ ပျက်စီးဆုံးရှုံးမှု များခဲ့တယ်။
ဒီရုပ်ရှင်ဟာ အဲ့ဒီကာလက ဇာတ်အိမ်တည်ထားတဲ့
စစ်ခေါင်းဆောင် သွေးသောက်ညီအစ်ကိုသုံးယောက်ကို
ဗဟိုပြုပြီး ဇာတ်အိမ်တည်ထားတယ်။

စစ်ကိုဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်တွေမှာ
တိုက်ပွဲကိုအသားပေးတဲ့ရုပ်ရှင်ရယ် တိုက်ပွဲထဲက
လူတွေရဲ့ စိတ်အခြေအနေကို အသားပေးတဲ့ရုပ်ရှင်ရယ်
ရှိတဲ့အထဲ ဒီရုပ်ရှင်ဟာ ဒုတိယအမျိုးအစားရုပ်ရှင်လို့
ပြောလို့ရတယ်။ အောက်ခြေစစ်သားတွေထက်
အမိန့်ပေးဆုံးဖြတ်မှုလုပ်ရတဲ့ ခေါင်းဆောင်တွေရဲ့
စိတ်ကို ပိုအသားပေးပြတယ်။တကယ်တမ်းပြောရရင်
သွေးသောက်ညီအစ်ကိုစစ်ခေါင်းဆောင်သုံးယောက်မှာ
ဒုတိယညီရယ် တတိယညီရယ်ကို နားလည်နိုင်ပေမဲ့
အကိုကြီးဖြစ်တဲ့ ဂျက်လီရဲ့ ကာရိုက်တာ ဖန်းကွမ်ရန်ကို
သိပ်နားမလည်နိုင်ဘူး။ ဟိုးငယ်ငယ်တုန်းက
တစ်ခါကြည့်ဖြစ်ခဲ့တုန်းကတော့ ဂျက်လီရဲ့
ဒီကာရိုက်တာကို လူယုတ်မာလိုသတ်မှတ်ခဲ့ဖူးပေမဲ့
ဒီတစ်ခါပြန်ကြည့်ဖြစ်တဲ့အခါကျ သူ့လုပ်ရပ်တွေဟာ
တစ်နည်းတစ်ဖုံနဲ့ မှန်နေတာကိုလည်း မြင်လာတယ်။
တစ်ချိန်တည်းမှာပဲ သူ့ကာရိုက်တာရဲ့ စိတ်ဟာ
နားလည်ရခက်တဲ့ အခြေအနေတစ်ခုဖြစ်သွားတယ်။
ဘယ်သူ့လုပ်ရပ်မှန်ပြီးဘယ်သူ့လုပ်ရပ်မှားတယ်ဆိုတာ
အဖြေမထွက်တော့ဘူး။အမှန်ဆိုတာ ပိုဝေဝါးလာတယ်။
စာအုပ်တစ်အုပ်ကို နှစ်ခါဖတ်လို့မရဘူးဆိုတဲ့စကားလိုပဲ
ဒီရုပ်ရှင်ကို ငယ်ငယ်တုန်းက အတော်များများလည်း
ကြည့်ဖူးခဲ့ကြမှာပဲ ကြည့်တဲ့လူရဲ့စိတ်ပေါ်မူတည်ပြီး
ရုပ်ရှင်တစ်ကားကိုလည်း နှစ်ခါပြန်ကြည့်လို့ရမှာတော့
မဟုတ်‌လောက်ဘူး။

WARLORDS ဟာ ဂျက်လီကားတွေထဲ Heroနဲ့
Fearless အပါအ၀င် ဂျက်လီရဲ့ အကောင်းဆုံး
သုံးကားထဲပါတယ်။ Hero ကိုတော့ ဂျက်လီရဲ့
အကောင်းဆုံးကားလို့ တထစ်ချပြောလို့ရပေမဲ့
Fearless နဲ့ Warlords မှာဘယ်ကားပိုသာလဲ
ကျွန်တော်တော့ပြောဖို့ခက်တယ်။
ညီအစ်ကိုသုံး‌ယောက်နေရာမှာ Jetli, Andy Lauနဲ့
ဝေါင်ကာဝေးပရိတ်သတ်တွေ သဘောကျတဲ့
Takeshi Kaneshiro ကို သုံးထားတယ်။
The Warlordsဟာ ‌Hongkong Film Awardကနေ
Best Picture,Best Director, Best Actor,
Best Cinematographyတို့အပြင် ဆုအကုန်နီးပါး
တစ်ကားတည်းသိမ်းကျုံးရခဲ့တယ်။

(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကိုတော့ WiRa Aung မှ တင်ဆက်ထားတာပါ။)

 

File size…(2.3 GB) and (1.4 GB)
Quality….BluRay 1080p and 720p 5.1CH
Format…mp4
Duration….02:06:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by WiRa Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Warlords (2007)
The Warlords (2007)
The Warlords (2007)


No downloads available

Genres



Related movies