Channel Myanmar

Guido Föhrweißer

Subject 101 (2022)
Subject 101 (2022)  ဆီးရီးယားက ဒုက္ခသည်ဖြစ်သူ ဘန်နီက ဥရောပကို ခြေလှမ်းသစ် စတင်ဖို့ ရောက်ရှိလာခဲ့ပြီး အလုပ်ရှာဖို့ ကြိုးစားခဲ့ပေမဲ့ အိမ်ခြေမဲ့ဖြစ်နေတာမို့ အလုပ်ရနိုင်ဖို့ အခက်အခဲဖြစ်နေခဲ့ပါတယ်။ အမြဲတမ်းနေရပ်လိပ်စာ မရှိလို့ အခက်တွေ့နေတဲ့ သူ့ကို အလုပ်အကိုင် ရှာဖွေရေး အင်ဂျင်စီက သူတို့ရဲ့အိမ်ရာစီမံကိန်းတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။နေစရာရသွားပြီး အလုပ်လည်းရသွားလို့ ကြိုးစားပမ်းစားနဲ့ နေ့ရက်တိုင်းကို ကြိုးစားဖြတ်သန်းနေရင်းနဲ့ တစ်နေ့မှာတော့ သူ နေနေတဲ့အခန်းက ထင်သလောက် မရိုးရှင်းမှန်း ရိပ်စားမိသွားပါတော့တယ်။ အဲဒါကတော့ သူ အိပ်ရာက နိုးလာရင် ညဘက်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေက အိပ်မက်လိုလို တကယ်လိုလိုနဲ့ မရေမရာဖြစ်ဖြစ်နေပြီး သူ မရောက်ခင် အခန်းမှာ နေခဲ့တဲ့ သူကလည်း စိတ်ကျန်းမာရေးဆေးရုံကနေ ထွက်ပြေးပြီး အစအန ရှာမရအောင် ပျောက်ဆုံးသွားခဲ့တယ်ဆိုတာပါပဲ။အလုပ်ထွက်လိုက်ရင်လည်း နေစရာကဆုံး၊ အဲဒီမှာပဲ ဆက်နေရင်လည်း သူ့အတွက် အန္တရာယ်ရှိလာနိုင်တာမို့ ဆုတ်လည်း စူး၊ စားလည်း ရူး အခြေအနေကနေ ...
movie

Subject 101 (2022)

Inglourious Basterds (2009) 8.3
Inglourious Basterds (2009) Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ..... နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von ...
movie

Inglourious Basterds (2009)

2009
4K HEVCHDR
Ninja Assassin (2009) 6.4
Ninja Assassin (2009) IMDB: (6.4/10)ကိုရီးယား နာမည်ကြီး သရုပ်ဆောင် Rain ပါ၀င်သရုပ်ဆောင်ထားတဲ့ Ninja Assassin ကို BluRay HEVC Quality နဲ့ Update တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းပုံစံကတော့ လူသတ်သမားဂိုဏ်းကို အစပျိုးဖို့ အတွက် မိဘမဲ့ လူငယ်လေးတွေကို သိုင်းသင်ပေးနေတဲ့ အဖွဲ့ အစည်းတစ်ခုမှာ ကြီးပြင်းလာရတဲ့ ကောင်လေး တစ်ယောက်အကြောင်းပါ အစကတော့ ဒီအသင်းအဖွဲ့ က မိဘမဲ့ကလေးတွေကိုစောင့်ရှောက်ပေးတယ်လို့ ထင်ရပေမယ့် ရက်စက်မှုများစွာနဲ့ ငရဲခန်းတစ်ခုအဖြစ်သိလာတဲ့နောက် ထွက်ပြေးဖို့ကြံရွယ်ကြသူတွေရှိကြသလို မိသွားခဲ့ရင်တော့ မတွေးရဲစရာ နှိပ်စက်အပြစ်ပေးတတ်ပါတယ်။ဒီလိုနဲ့ Rain တစ်ယောက်ဟာလဲ ဒီဂိုဏ်းအဖွဲ့ထဲကနေထွက်ပြေးခဲ့ပါတယ်... ဒါပေမယ့် ဘယ်လိုပဲ ထွက်ပြေးပြေး ဒီအဖွဲ့ဟာ နောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး အဖွဲ့ပေါ် သစ္စာဖောက်သူတွေနဲ့ ထွက်ပြေးသူတွေကိုသတ်ဖြတ်ကြပါတော့တယ်...သွေးသံရဲရဲ မြင်ကွင်းတွေ အများကြီးပါ၀င်လို့ နှလုံးအားနည်းသူတွေ မကြည့်သင့်ပါဘူး။ File size…(1.9 GB) / (900 MB) Quality….BluRay HEVC 1080p / 720p Format…mkv/mp4 Duration….01:38:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Wai Zin
movie

Ninja Assassin (2009)

2009
HEVC 1080p