Channel Myanmar

Hadley Robinson

Little Women (1994) 7.3
Little Women (1994)   အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက ...
movie

Little Women (1994)

Anyone But You (2023) 6.6
Anyone But You (2023) Anyone But You (2023)~ IMDb - 6.6/10, RT - 52%, Meta - 52% ~ကျန်တာမပြောခင် အရင်ဆုံးဝန်ခံရမှာက ဒီရုပ်ရှင်မှာ အဖမ်းစားဆုံးနိုင်ဆုံးက ဇာတ်လည်းမဟုတ်သလို ဒိုင်ယာလော့လည်းမဟုတ်ပါဘူး။ Sydney Sweeney ပါပဲ။ Euphoria နဲ့ အားလုံးသိပြီးသားဖြစ်မှာပါ။ Madame Web ထဲပါထားသလို The Voyeurs ထဲလည်း သူ့အလှတွေတော်တော်ပြပြီးပါပြီ။ ဆွဲဆောင်မှု တော်တော်ရှိတဲ့ မင်းသမီးပေါ့။ Friends with Benefits, Easy A နဲ့ Peter Rabbit တို့ရဲ့ ဒါရိုက်တာ Will Gluck ပဲ ရိုက်ထားတာပါ။ သူ့ကားတွေအကုန်ကြည့်ကောင်းတယ်ဆိုတော့ ဒီကားလည်း ကြည့်မကောင်းမှာတော့ ပူစရာမရှိဘူး။ ဒါရိုက်တာဟာ အင်တာတိန်မာတစ်ယောက်ပီသပါတယ်။ ဒါရိုက်တာဟာ ဆစ်ဒနီကို ခေါင်းအစခြေအဆုံး အကုန်သုံးပြီး ဒီရုပ်ရှင်အတွက် ...
movie

Anyone But You (2023)

2023
4K HEVC
The Boys in the Boat (2023) 7.1
The Boys in the Boat (2023) The Boys in the Boat (2023)~ IMDb - 7.1/10, Rotten Tomatoes - 57% ~George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။ ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက ...
movie

The Boys in the Boat (2023)

2023
4K HEVC
Appendage (2023) 5.5
Appendage (2023) ဒီဇာတ်ကားက ၂၀၂၃ထွက် horror ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်​သေ​ကြောင်းကြံစည်ဖူးသလိုအလုပ်မှာလည်း အဆင်မ​ပြေတဲ့ ဟန်နာတစ်​ယောက် သူ့ရဲ့ဗိုက်​​ပေါ်ရှိတဲ့ ​​မွေးရာပါအမှတ်က အနာတစ်ခုလိုဖြစ်လာရင်း သာမန်အနာလိုမဟုတ်ဘဲ သူ့ဗိုက်ထဲက​နေ ကိုယ်ပွားတစ်​ကောင် ပွားထွက်လာသလိုထူးဆန်းတဲ့သတ္တဝါတစ်​ကောင် ထွက်လာပါတယ်။စကား​ပြောတတ်သလို ဟန်နာရဲ့ စိတ်ဒဏ်ရာ​တွေကို ​ပြော​တတ်တဲ့အဲဒီ​ကောင်ကို ဟန်နာက ဖမ်းချုပ်ထားပြီး အင်တာနက်​မှာရှာကြည့်တဲ့အခါ အ​မေဗိုက်ထဲမှာ ကိုယ့်ရဲ့အမြွာသ​န္ဓေသားကို ကိုယ့်ကိုယ်ထဲစုပ်ယူလို့ဖြစ်တတ်တဲ့ ဒီအန်​အေတွဲ ၂ ခုပိုင်ရှင်တွေ ဖြစ်​နိုင်တဲ့​ရောဂါဆိုပြီး ​တွေ့ခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့လိုမျိုး ဒီအန်​အေတွဲ ၂ခုပိုင်ရှင်၊ကိုယ်ပွား​ကောင်​တွေ ထွက်ဖူးသူ​တွေဖွဲ့ထားတဲ့ အဖွဲ့ကိုသွား​တွေ့ရင်းသူမထင်ထားတဲ့ဖြစ်ရပ်​တွေ ကြုံလာရပါ​တော့တယ်။  File size…1.05GB / 496MB Quality…WEB-DL  1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy  , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Appendage (2023)

The Pale Blue Eye (2023) 6.5
The Pale Blue Eye (2023) The Pale Blue Eye (2023) ================== IMDb Rating - 6.5/10Christian Baleရဲ့ Crime, mystery ရုံတင်ဇာတ်ကားသစ်ကြီး Digital version အ​နေနဲ့ ထွက်ရှိလာတာ​ကြောင့် CM fan​​ တွေ အတွက် တင်ဆက်​ပေးလိုက်ပါတယ်။ Baleဟာ ဒီဇာတ်ကားမှာ စုံ​​​ထောက်ကြီး ဩဂတ်စတပ် လန်​ဒေါအဖြစ် ပါဝင်ထားပါတယ်။အ​စောပိုင်း IMDbမှာ 6.5, RT 68% ရရှိထားပါတယ်။ တစ်​ခေတ်တစ်ခါက နယူး​​ယောက်မြို့မှာ အလွန်နာမည်ကြီးခဲ့တဲ့ စုံ​ထောက်ကြီးလန်​ဒေါဟာ တချို့​​သောကိစ္စ​တွေ​ကြောင့် မြို့​လေး တစ်မြို့မှာ ဇာတ်မြုပ်​နေထိုင်​နေတာပါ။ ဒါ​ပေမဲ့ သူရှိရာ မြို့မှာပဲ ထူးဆန်းတဲ့အမှုတစ်ခုဟာ ဆိုက်မြိုက်စွာ​ ရောက်လာခဲ့ပါတယ်။ ထိုမြို့​လေးရှိ စစ်သင်တန်း​ကျောင်းမှ ဗိုလ်​​လောင်းတစ်​ယောက် ကြိုးဆွဲချ​သတ်​သေပြီး​တော့မှ အ​လောင်းထဲက နှလုံးကို ခိုးယူခံ လိုက်ရတာပါ။စုံ​ထောက်ကြီး လန်​ဒေါဟာ ဒီအမှုရဲ့သဲလွန်စ​တွေကို စုံစမ်းလာရင်း ​သေ​ကြောင်းကြံတာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာ ဖြစ်​ကြောင်း သိလာရပြီး ထို​ကျောင်းမှ ကဗျာရူးစာရူး ဗိုလ်​လောင်း အီး.​​အေ.ပိုးဆိုသူနဲ့ ရင်းနှီးကာ အမှုလိုက်ရာမှတဆင့် ထင်တာထက် များစွာနက်နဲတဲ့ ​ဖြစ်ရပ်​တွေနဲ့ပတ်သက်​နေမှန်း သိသွားကြပါတယ်။ ထိုကဗျာရူး ဗိုလ်​လောင်းဆိုသည်မှာ ...
movie

The Pale Blue Eye (2023)

2023
I’m Thinking of Ending Things(2020) 7.0
I’m Thinking of Ending Things(2020) I'm Thinking of Ending Things(2020)IMDb...7.0,,,,Rotten...84%မကြာခင်သေးခင်ကမှ Netflixမှာပြသသွားတဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်တဲ့ I'm Thinking of Ending Things နဲ့ မိတ်ဆက်ပေးပါရစေ။ချစ်သူဖြစ်တဲ့ Jake နဲ့ပြတ်ဆဲဖို့ အကြောင်းတွေ ခေါင်းထဲမှာ တချိန်လုံးရှိနေတဲ့ မိန်းမငယ်လေး Lucy ၊ဘာလို့ ပြတ်ဆဲချင်တယ်ဆိုတာကိုလည်း သူမကိုယ်သူမ ရေရေရာရာ မသိပါဘူး။ဂျိတ်ရဲ့မိဘတွေနဲ့ ညစာအတူစားဖို့ သွားတဲ့လမ်းမှာ နှင်းမုန်တိုင်းတွေ တိုက်ခတ်နေသလိုသူမရဲ့ခေါင်းထဲမှာလည်း အတွေးမုန်တိုင်းတွေ တိုက်ခတ်နေပါတယ်။ညစာစားပြီးတဲ့နောက်မှာတော့ ဂျိတ်နဲ့ပတ်သတ်ပြီး သိချင်တာတွေ နားမလည်နိုင်တာတွေ ပိုတိုးလာပါတော့တယ်။Jake က ဘယ်လိုလူမျိုးလဲ Jake ရဲ့တည်ရှိမှုက Lucyအပေါ်ဘယ်လိုသက်ရောက်နေလဲဆိုတာ ဆက်လက်ကြည့်ရှုကြည့်လိုက်ကြပါဦး...ဒီကားကကြည့်ရင်းနဲ့တွေးစရာတွေများပြီး ပေးချင်တဲ့ message တွေလည်းကောင်းမွန်တာကြောင့် IMDb..ရော Rt ရော လတ်ဆတ်နေတာကြောင့်လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thithtoo Zaw ပဲဖြစ်ပါတယ်....File Size :(1.04GB) and (388MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : ...
movie

I’m Thinking of Ending Things(2020)

Little Women (2019) 8.0
Little Women (2019) unicodeဒီတစ်ခါတော့ စူပါဟီးရိုးတွေ၊ ဆန်းပြားတဲ့အချစ်ဇာတ်လမ်းတွေ၊လှည့်ကွက်တွေဆိုတာတွေကို မေ့ပြီးအရိုးရှင်းဆုံး အလှပဆုံးလေး ခံစားကြည့်ရအောင်။Little women ဆိုတာက ၁၈၆၈ နဲ့ ၁၈၆၉ မှာ အမေရိကန်စာရေးဆရာမကြီး လူဝီဆာ မေ အဲကော့ က ၂ ပိုင်းခွဲပြီးရေးသားခဲ့တဲ့ တကယ့် ဂန္ဓဝင်လက်ရာပါပဲ။မာ့ချ် မိသားစုရဲ့ ညီအစ်မလေးယောက် ( မက်ဂ်၊ ဂျို၊ ဘက်သ် နဲ့ အေမီ) တို့ရဲ့ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ ဇာတ်လမ်းကို ရေးဖွဲ့ထားတာပါပဲ။စာရေးသူနဲ့ သူ့ရဲ့ ညီအစ်မ ၃ ယောက်အပေါ်ကို အခြေခံထားတာမို့Semi-autobiography လို့လည်း ပြောလို့ရပါတယ်။ဇတ်လမ်းကတော့ လေရူးသုန်သုန် တို့ စစ်နဲ့ငြိမ်းချမ်းရေးတို့လိုလူဘဝတွေအကြောင်းကိုအေးအေးဆေးဆေး လှလှပပလေး ဖော်ကျူးထားတာပါပဲ။မိသားစုတွေ၊ လူငယ်တွေကြားက အချစ်တွေ၊ရုန်းကန်မှုတွေ၊ ဘဝအပြောင်းအလဲတွေအကြောင်းပါပဲ။တကယ်ကို ပျော်ဝင်သွားပြီး ခံစားချက်အစုံရမယ့် ဇာတ်လမ်းမျိုးလေးပါ။Saoirse Ronan, Emma Watson, Florence Pugh,Eliza Scanlen, Laura Dern, Timothee ...
movie

Little Women (2019)