Channel Myanmar

Hailey Anne Nelson

Walk the Line (2005) 7.8
Walk the Line (2005) Walk the Line (2005)~ IMDb - 7.8/10, Rotten Tomatoes - 82% ~ကန်းထရီးအဆိုတော် ဂျွန်နီကတ်ရှ်ရဲ့ I Walk the Line သီချင်းဟာ ရိုးလင်းစတုန်းမဂ္ဂဇင်းရဲ့ သမိုင်းတစ်လျှောက်အကျော်ကြားဆုံးသီချင်းငါးရာ စာရင်းမှာ နံပါတ်၃၀ချိတ်ဖူးသလို ၂၀၁၄မှာ စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးကန်းထရီးသီချင်းတစ်ရာစာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့ဖူးတယ်။ ဂျွန်နီကတ်ရှ်ရဲ့တချို့အယ်လ်ဘမ်တွေဆိုရင်လည်း The Beatles တွေထက်တောင် ရောင်းအားကောင်းခဲ့ဖူးတယ်။ ခု Walk the Line ကတော့ သူ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ Walk the Line မှာ ဂျွန်နီကတ်ရှ်ပေါက်စနလေးဘဝကနေ ဘာမှပြစရာမရှိတော့တဲ့အထိ ဂျွန်နီကတ်ရှ်အကြောင်း အကုန်ပြထားတယ်။ ဂျွန်နီကတ်ရှ်ရဲ့ ဘိုင်အိုဖြစ်တဲ့ ဒီကားက ကြည့်ဖူးတဲ့ ဘိုင်အိုဂရပ်ဖီကားတွေထဲတော့ တော်တော်ဒရာမာများတဲ့ ရုပ်ရှင်လို့ပြောရမယ်။ ဘိုင်အိုကားလို့ကို ထင်စရာမရှိနေဘူး။ မရှိဆို James Mangold ရဲ့ အသက်သွင်းပုံကလည်း ...
movie

Walk the Line (2005)

2005
Big Fish (2003) 8.0
Big Fish (2003) IMDb Rating (8/10)Rotten Tomatoes (76%) Big Fish...“အမှန်တရားဆိုတာ သန့်ရှင်းတာ ရှားတယ် ရိုးရှင်းတယ်ဆိုတာ မရှိဘူး” ဆိုတဲ့ အော်စကာဝိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒါ့အပြင် အများစုသော အမှန်တရားတွေဟာ မလှပပါဘူး…..။ အမှန်တရားဟာ ထူးခြားလားဆိုတော့လည်း မထူးခြားပါဘူးမီးတွင်းထဲက ဇနီးသည်ဆီ အချိန်မှီမရောက်ခဲ့တဲ့ ယောကျာ်းတစ်ယောက်.. သူ့ကလေးမွေးတာနဲ့ ပက်သက်ပြီး တကယ့်အမှန်တရားဟာ..သူဟာ နောက်ကျခဲ့တဲ့ ဖခင်ဆိုတဲ့ အမှန်တရားပါပဲ။ ဒီအတွက် သူ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ရောက်ခဲ့တယ်ဆိုရင်ရော… သားဖွားခန်းထဲ ယောကျာ်းဝင်ခွင့်မရှိတဲ့အတွက် ဘာများ ထပ်ထူးခြားမလဲ။ မထူးခြားပါဘူး..ဒါပေမဲ့ နောက်ကျခဲ့တယ်ဆိုတဲ့ အမှန်တရားကတော့ ငြင်းမရပါဘူး…။ဒီလို… ခါးသီးတဲ့ အမှန်တရားတွေအစား.. သူ့ကလေးကို ပျိုးထောင်ဖို့ ဇာတ်လမ်းလှလှလေးတွေ တည်ဆောက်ခဲ့ပါတယ်။သူတကယ် ကြုံခဲ့ရတဲ့ ဒုက္ခတွေအစား အမှန်တရားတချို့တဝက် သင်ခန်းစာ တချို့တဝက်နဲ့ တကယ့်အဖြစ်အပျက်တွေကို သူ့သားကို ပုံစံပြောင်း ပြောပြခဲ့ပါတယ်။ဖုံးထားတဲ့ အမှန်တရားကိုမှ မြင်ချင်တက်ကြတဲ့ လူ့ သဘာဝအတိုင်း သူ့သားက အမှန်တရားကို ရှာဖွေဖို့ ကြိုးစားလာခဲ့တဲ့အခါ…….။ သူဘာတွေသိရမလဲ ခံစားကြရမှာပါ။ဘယ်တော့မှ မဟောင်းသွားတဲ့ ဟာသတစ်ပုဒ်ကို ကြားဖူးကြလား.. ပြန်ကြားရတိုင်း ပထမတုန်းက ဘာလို့ရယ်ရသလဲ မေ့သွားပြီး အသစ်ပြန်ဖြစ်သွားတဲ့ ဟာသမျိုး..။ဒီလိုမျိူး ပုံပြင်တစ်ပုဒ်ကို အကြိမ်ရေထောင်ချီ ပြောခဲ့တဲ့ လူတစ်ယောက်ကို ဒီဇာတ်ကားမှာ ခင်ဗျားတို့ တွေ့ရမှာပါ။လူတစ်ယောက်ဟာ ဒဏ္ဍာရီတစ်ပုဒ်ကို အခါခါ အထပ်ထပ်ပြောရင်း သူကိုယ်တိုင် အဲ့ဒီ ဒဏ္ဍာရီ ဖြစ်လာတယ်။.. သူတို့ မရှိတော့ပေမဲ့ အဲ့ဒီ ဒဏ္ဍာရီတွေက ရှိတုန်းပါ.. ထာဝရ ရှင်သန်နိုင်ခဲ့တယ်…။သူ့အဖေမရှိတော့ပေမဲ့ သူ့ကလေးတွေကို သူ့အဖေရဲ့အကြောင်းပုံပြင်တွေကို ပြောနေတဲ့ အဖေတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ...
movie

Big Fish (2003)

2003