Channel Myanmar

Hugh Skinner

Star Wars: Episode VIII – The Last Jedi (2017) 7.5
Star Wars: Episode VIII – The Last Jedi (2017) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode VIII – The Last Jedi (2017)

4K HEVC
The Invitation (2022) 5.3
The Invitation (2022) The Invitation (2022)(1080p ရပါပြီ)ဒီဇာတ်ကားကတော့ ဒါရိုက်တာ Jessica M.Thompson ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် Nathalie Emmanuel, Thomas Doherty, Stephanie Corneliussen, Alan Boden, Hugh Skinner နဲ့ Sean Pertwee တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Horror, Mystery အမျိုးအစား ဇာတ်ကားတစ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ဖြစ်သူ အီဗီ(Nathalie Emmanuel)ဟာ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဖေရောအမေရောမရှိတော့ဘဲ တစ်ကောင်ကြွက်လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတဲ့အချိန်မှာ သူ့ရဲ့ဝမ်းကွဲတစ်ယောက်ဖြစ်သူ အော်လီဗာ(Hugh Skinner) နဲ့ Online မှာတွေ့ပြီး သူ့ရဲ့မျိုးရိုးနောက်ခံကို သိရဖို့ အင်္ဂလန်ကို လိုက်လာပါတော့တယ်။အဲ့ဒီမှာနောက်မှာတော့ သူ့မိသားစုရဲ့နောက်ခံဇာတ်ကြောင်းတွေက ဘယ်လိုရှိမလဲ? ပြီးတော့ သူတို့မိသားစုရဲ့မိတ်ဆွေတွေဖြစ်တဲ့ တခြားမိသားစုတွေရဲ့လျှို့ဝှက်ချက်တွေကရော ဘာတွေလဲ? ဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲအခန်းတွေ၊ ကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ မဖွယ်မရာအခန်းတချို့ ပါဝင်တာကြောင့် Motion ...
movie

The Invitation (2022)

2022
Falling for Figaro(2021) 6.1
Falling for Figaro(2021) Falling For Figaro (2021) ရုပ်ရှင် အညွှန်း"အခြားသူတွေအတွက် ဘယ်လောက်ပဲ အဓိပ္ပါယ်ကင်းမဲ့နေပါစေ ကိုယ့်အိပ်မက်ကို မစွန့်လွှတ်သင့်ဘူး"ဆိုတဲ့ အကြောင်း ကို အဓိက သင်ခန်းစာပေး ရိုက်ကူးထားတဲ့Romance/Comedy ဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေမီလီ ကန့်ဝဲလ် ဆိုတဲ့ အသက်နှစ်ဆယ်ကျော် အမေရိကန် အမျိုးသမီးတစ်ယောက်ဟာရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ တစ်ခုမှာ ငွေကြေးမန်နေဂျာအဖြစ် အလုပ်လုပ်နေသူ ဖြစ်တဲ့အပြင်လစာလည်း အင်မတန်ရပါတယ် ။ ထို့အပြင် တွဲတာ နှစ်အတော်ကြာပြီဖြစ်တဲ့ ချစ်သူတစ်ယောက်လည်း ရှိပါတယ်​အဲ့လိုမျိုး သက်သောင့်သက်သာရှိတဲ့ ဘဝ နဲ့ အလုပ်မှာ သူက ပျော်နေလားဆိုတော့ မပျော်ပါဘူး ၊အကြောင်းရင်းကတော့ သူအရင်ကတည်း ဖြစ်ချင်နေခဲ့တဲ့ အော်ပရာအဆိုတော် အိပ်မက်ကြောင့်ပဲ ဖြစ်ပါတယ် ၊အဲ့ဒါကြောင့် သူ့အိပ်မက်ကို ဖြစ်အောင်လုပ်ဖို့အတွက် သူ့အလုပ်ကိုပါ ထွက်ပြီးတော့ ကြိုးစားပါတော့တယ်ကဲ အများကြီးပြောလိုက်ရင် ဇာတ်လမ်း အရသာ ပျက်သွားမှာဆိုးတဲ့ အတွက် သူ ...
movie

Falling for Figaro(2021)

2021
Les Misérables (2012) 7.6
Les Misérables (2012) Les Miserables (2012) ၁၈၁၅ ခုနှစ်က ပြင်သစ်မြို့ရဲ့ ခေတ်အနေအထားကိုပြသနေတဲ့ ဒီဇာတ်လမ်းလေးကို အော်ပရာဇာတ်ခုံပေါ်ကနေ တီဗီဖန်သားပြင်ထက်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲတင်ဆက်ပေးထားတာပါ... ဒီဇာတ်ကားလေးထဲမှာ X-Men ဇာတ်ကားထဲမှ ကိုယ်တွေရဲ့ လိုဂန်မင်းသားကြီး Hugh Jackman နဲက ဦးဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကိုတော့ ပေါင်မုန့်ခိုးမိလို့ ၅ နှစ်, ထွက်ပြေးဖို့ကြိုးစားလို့ ၁၄ နှစ်, စုစုပေါင်း ၁၉ နှစ်အပြစ်ပေးခံထားရတဲ့ ဂျန်းဗယ်ဂျန်လို့ခေါ်တဲ့ လူကို အန္တရာယ်ရှိတဲ့သူအဖြစ် ခံဝန်စာချုပ်နဲ့လွှတ်ပေးလိုက်တာမို့လို့ လုပ်ကိုင်စားသောက်လို့မရအောင် ဒုက္ခသုက္ခရောက်နေရာက အစပြုခဲ့ပါတယ် သူဟာဂျောင်ပိတ်မိနေတဲ့အဆုံး ခံဝန်စာချုပ်ကိုဖြဲဆုတ်လိုက်ပြီး ဘဝသစ် နာမည်သစ်နဲ့ အသစ်တစ်ဖန်ပြန်စတင်ခဲ့ပါတယ်... ဒီလိုမပြောင်းလဲခင်မှာ သေးနုတ်တဲ့သူ့ရဲ့သူခိုးတစ်ယောက်စိတ်ဓာတ်ကနေ ဆင်းရဲတဲ့သူတွေကို ကယ်တင်ပေးပြီး မေတ္တာတရားနဲ့စိတ်သဘောထားကြီးလာအောင် ဘုန်းတော်ကြီးတစ်ပါးက ပြောင်းလဲပေးခဲ့ပါတယ် ဗယ်ဂျန့်နောက်ကို ရေဆုံးမြေဆုံး ရှာဖွေနေတဲ့ အင်စပက်တာဂျဗက်ဟာ အစပိုင်းမှာ ဇဝေဇဝါနဲ့မြို့တော်ဝန် တစ်ဖြစ်လဲ ဗယ်ဂျန့်ကို သံသယသာဝင်ပေမဲ့ အဖြစ်မှန်ကိုသိသွားခဲ့တော့ ဘယ်လိုဆက်ဖြစ်မလဲ... ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဖန်တင်ဆိုတဲ့ အမျိုးသမီးရဲ့ သမီးလေး "ကိုဆက်" သူဌေးသားပေးမဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကိုဆက်နဲ့ မြင်မြင်ချင်းမေတ္တာသက်ဝင်သွားနေတဲ့ "မာရီးယက်စ်" ကိုဆက်နဲ့ငယ်စဥ်ကအတူကြီးပြင်းခဲ့ပေမဲ့ မတူညီတဲ့ဘဝလမ်းကို လျှောက်လှမ်းနေရရှာတဲ့ အီဖိုနီ ဒီဇာတ်ကောင်တစ်ခုချင်းဆီရဲ့ ဇာတ်ကြောင်းလေးတွေသိရအောင် ဒီဇာတ်လမ်းလေးကြည့်ဖို့တိုက်တွန်းချင်ပါတယ် တေးသရုပ်ဖော်ကြိုက်နှစ်သက်သူတွေ အော်ပရာဇာတ်လမ်းနှစ်သက်သူတွေအတွက်တော့ အားရစရာဖြစ်မှာပါ အော်ပရာမကြိုက်သူများကြည့်ရင်လည်း ရင်ထဲတစ်ခုခုကျန်မဲ့ ဇာတ်လမ်းဖြစ်မှာကျိန်းသေပါတယ်.. Les Miserables ...
movie

Les Misérables (2012)

2012
Mamma Mia! Here We Go Again (2018) 6.7
Mamma Mia! Here We Go Again (2018) Mamma Mia! Here We Go Again (2018) IMDb - 6.7/10_____Rotten - 79%   ဒီတစ်ခါတော့ CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ မကြာသေးခင်ကမှ ရုံတင်ပြသထားတဲ့ "Mamma Mia! Here we go again" ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းကတော့ 2008 တုန်းက ထွက်ခဲ့တဲ့ "Mamma Mia"ဇာတ်လမ်းပြီးနောက် ဒုတိယမြောက်ထွက်ရှိထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...2008 ဇာတ်လမ်းကို ကြည့်ရှုပြီးသူများကတော့ ဒီဇာတ်လမ်းနဲ့ စိမ်းမယ်မထင်ပါဘူး....အရင်ဇာတ်လမ်းရဲ့ သရုပ်ဆောင်တွေအပြင် ဇာတ်လိုက်မင်းသမီးရဲ့ ငယ်ဘဝနေရာ သရုပ်ဆောင်သူကလဲ CM ပရိတ်သတ်တွေနဲ့ မစိမ်းပါဘူး.. သူလေးကတော့ Cindrella ဇာတ်လမ်းထဲက မင်းသမီး "Lily James" ပဲဖြစ်ပါတယ်...ဇာတ်လမ်းက musical/comedy movie ဖြစ်တာကြောင့် တစ်ကားလုံး သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် နားထောင်ရမှာပါ...ဒါကြောင့် ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ... အညွှန်းဖတ်ရှုကြပါဦး...အညွှန်း- ...
movie

Mamma Mia! Here We Go Again (2018)

2018