Channel Myanmar

Hunter Clowdus

Bennett’s War (2019) 6.0
Bennett’s War (2019)  အကျိတ်အနယ်ယှဥ်ပြိုင်ကြတဲ့ ဆိုင်ကယ်ပြိုင်ပွဲတွေကိုခုန်ပျံကျော်လွှားကြည့်ရှုရမယ့်ဇာတ်ကားလေးပါ...။ဆိုင်ကယ်ပြိုင်ပွဲတွေကို ရင်တမမ လိုက်ကြည့်ရတာနဲ့တင်ကြည့်ရကျိုးနပ်မယ့် Sports ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဥ်းကတော့...ဘန်းနက်ဟာ ဆိုင်ကယ်စီးပြီးတိုက်ပွဲဝင်တဲ့ ရိန်းဂျားစစ်သည်တစ်ယောက်ပါ။သို့ပေမဲ့ စစ်မြေပြင်မှာ မိုင်းထိသွားပြီး ခြေထောက်ဒဏ်ရာကြောင့်စစ်တပ်ကထွက်ခဲ့ရပါတယ်....။ခြေထောက်ဒဏ်ရာကြောင့် ဘာမှမလုပ်နိုင်လို့ စိတ်ဓာတ်ကျနေရတဲ့အပြင် အဖေဖြစ်သူက အိမ်ကိုအပေါင်ဆုံးတော့မှာမို့ ငွေကြေးအကြပ်အတည်းနဲ့ပါရင်ဆိုင်လာရပါပြီ။သိတာတတ်တာဆိုလို့ ဆိုင်ကယ်မောင်း၊ ဆိုင်ကယ်ပြင်တာပဲသိတဲ့ဆိုင်ကယ်ချန်ပီယံဟောင်း ဘန်းနက်ဟာ ငွေရှာဖို့အတွက်ပြိုင်ကွင်းထဲပြန်ဝင်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ဘန်းနက်တစ်ယောက် ခြေထောက်က ဒဏ်ရာနဲ့ ပြိုင်ပွဲဘယ်လိုဝင်ပြီးဘာတွေအစွမ်းပြမလဲဆိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ...။  File size…1.54GB / 809MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ..... Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Bennett’s War (2019)

42 (2013) 7.5
42 (2013) ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့်ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံးအမိမြေကိုပြန်လာကြပါတယ်။အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့်အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ်လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူးစတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီးစာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်းကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါလူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးအနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီးဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကိုဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.82 GB /  894 ...
movie

42 (2013)

2013