Channel Myanmar

42 (2013)

PG-13 BiographyDramaSport

7.5
IMDB: 7.5/10 98K votes

USA

60797

Report error

ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့်

ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့

မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်း

တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်

၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့

အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံး

အမိမြေကိုပြန်လာကြပါတယ်။

အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။

သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့်

အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ်

လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။

သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊

ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူး

စတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။

ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။

ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။

၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီး

စာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။

အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။

ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့

မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။

ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့

ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်း

ကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါ

လူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။

ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး

အနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီး

ဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကို

ဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့်

ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

 

File size…  1.82 GB /  894 MB
Quality… Blu-Ray 1080p / 720p
Format… mp4
Duration…. 2h 8m
Genre …..  Drama, Sport
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Jaka



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

42 (2013)
42 (2013)
42 (2013)
42 (2013)
42 (2013)
42 (2013)
42 (2013)
42 (2013)
42 (2013)
42 (2013)
42 (2013)
42 (2013)
42 (2013)
42 (2013)
42 (2013)


No downloads available

Genres



Related movies