Channel Myanmar

Ian van Temperley

Harry Brown(2009) 7.2
Harry Brown(2009) Harry Brown (2009)================တော်ဝင်ရေတပ်သားဟောင်းကြီး ဟယ်ရီဘရောင်းဟာ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အထီးကျန်လှတဲ့ဘဝကို ပင်စင်ယူထားတဲ့ သူငယ်ချင်းလီယိုနာ့အက်ဝယ်လ်နဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဟယ်ရီတို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း အရမ်းသောင်းကျန်းပြီး ဆိုးသွမ်းတဲ့ လူငယ်လေးတွေအုပ်စုရှိပါတယ်။ လူ့အသက်တွေကို ကစားစရာလိုသတ်မှတ်ပြီး သေနတ်တစ်လက်နဲ့ ဆေးမူးပြီးလုပ်ချင်တာလုပ် ထင်ရာစိုင်းနေတဲ့လူငယ်လေးတွေပါ။ ဒီလိုမျိုး ပြဿနာပဲရှာချင်နေတဲ့ ကောင်လေးတွေက ပင်စင်စားဖြစ်ပြီး အင်အားနည်းတဲ့ မစ္စတာအက်ဝယ်လ်ကိုလည်း အနိုင်ကျင့်နှောင့်ယှက်ကြပါတယ်။ တစ်ရက်မှာတော့ ဟယ်ရီဆီကို စုံထောက်နဲ့ စုံစမ်းရေးအရာရှိတို့က မိတ်ဆွေမစ္စတာအက်ဝယ်လ်သေဆုံးသွားကြောင်းလာအကြောင်းကြားပါတယ်။ ဟယ်ရီတစ်ယောက် တစ်ဦးတည်းသောမိတ်ဆွေကိုဆုံးရှုံးလိုက်ရတဲ့အချိန်ကနေစပြီး ဘယ်လိုတွေပြောင်းလဲမလဲ.. မိတ်ဆွေအတွက်ရော ရေတပ်သားဟောင်းကြီးအနေနဲ့ ဘယ်လိုအကွက်ကျကျလက်တုံ့ပြန်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်… File size…0.99GB / 330.9MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 43m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kyawt Kay Zin
movie

Harry Brown(2009)

Cloud Atlas (2012) 7.4
Cloud Atlas (2012) Cloud Atlas (2012) IMDb.....7.4,,,,Rotten...66%   Storyline Cloud Atlas ဟာ ၁၈၀၀ ခုနှစ်များကစတင်ပြီး ယခု ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပျက်ဆီးသွားတဲ့အထိ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက် များ၊ အပြုအမူများဟာ ခေတ်အဆက်ဆက် ဘယ်လောက်ထိ အကျိုးသက် ရောက်မှုရှိတယ်ဆိုတာကို ရိုက်ပြထားပါတယ်။ Review ကျွန်တော် ရုပ်ရှင်တော်တော်များများကြည့်ဖူးပါတယ်။ ဒါပေမယ့် Cloud Atlas လို ဇာတ်အိမ်ကြီးတဲ့ ရုပ်ရှင်မျိုးမကြည့်ဖူးဘူးလို့ ဝန်ခံရမှာပါပဲ။ ဇာတ်အိမ်ကြီးလှပါတယ်ဆိုတဲ့ J.R.R Tolkien ရဲ့ Lord of the Rings Universe ကတောင် ၁၈၀၀ ခုနှစ် ကနေ ဒီကမ္ဘာပျက်သွားပြီး နောက်ထပ်ဂြိုလ်တွေပေါ်မှာ လူတွေသွားနေရတဲ့ ခေတ်များ အထိ ဇာတ်လမ်းဆင်ထားတဲ့ Cloud Atlas လောက်ကြီးပါ့မလားလို့ တွေးမိပါတယ်။ Cloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင် ၆ ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ပြထားပြီး အဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ...
movie

Cloud Atlas (2012)

2012