Channel Myanmar

İlker Aksum

Vavien (2009)
Vavien (2009)  IMDb rating - 7.5/10ဒီနေ့တော့ပရိတ်သတ်ကြီးကို Comedy Drama Thriller ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့Celal ဆိုတဲ့သူက အကြွေးတွေဝိုင်းဝိုင်းလည်နေတဲ့ လျှပ်စစ်ဝန်ဆောင်မှုပေးတဲ့သူတစ်ယောက်ပေါ့ တစ်နေ့မှာတော့ သူ့ရဲ့အကြွေးတွေကရုန်းထွက်နိုင်တဲ့သူက သူ့မိန်းမရဲ့စုဆောင်းငွေတွေကိုတပ်မက်ပြီး သူ့မိန်းမကိုမက်လုံးပေး ပျော်ပွဲစားထွက်ဖို့ပြောပါတော့တယ် ယောက်ျားကလွဲရင်ကျန်တာမမြင်တဲ့သူ့ဇနီးကလည်း သူ့ယောက်ျားက ပျော်ပွဲစားထွက်မယ်ပြောတော့ ရာသီဥတုမကောင်းတဲ့ မိုးရွာတော့မယ့်နေ့မှာတောင် သူငယ်ချင်းတွေကိုခေါ်ပြီး သူတို့မိသားစုလေးပျော်ပျော်ပါးပါး ပျော်ပွဲစားထွက်ခဲ့ကြပါတယ်ဒီလိုနဲ့အပြန်လမ်းမှာ Celal ရဲ့ဇနီးက ကားတံခါးကနေ ချောက်ကမ်းပါးထဲကိုပြုတ်ကျသွားတဲ့အခါမှာတော့...ရဲတွေကဘယ်လိုလိုက်ရှာပါစေမတွေ့ခဲ့ပါဘူး သူ့ယောက်ျားလည်း သူ့မိန်းမကိုသေပြီလို့အောက်မေ့ပြီးအပျော်ကြီးပျော်နေချိန်မှာ သူ့မိန်းမပြန်ရောက်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖို့ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…(844 MB) Quality….Webrip 720p Format…mp4 Duration….01:40:00 Genre...Comedy, Drama, Thiller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee
movie

Vavien (2009)

UFO (2022) 4.8
UFO (2022) UFO (2022) =========ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Onur Bilgetay ရိုက်ကူးထားတဲ့ တူရကီအချစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဆိုင်ကယ်စီးချန်ပီယံဖြစ် ချင်တဲ့ အက်‌ဆဲ ဆိုတဲ့ကောင်လေးနဲ့ UFO တွေကတစ်နေ့နေ့မှာသူ့ကို လာခေါ်မယ်ဆိုပြီး ယုံကြည်နေတဲ့ ‌ဒန်းနိဇ် ဆိုတဲ့ကောင်မလေးတို့ နှစ် ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အက်ဆဲ ဟာစရိုက် ကျကျပတ်၀န်းကျင်မှာကြီးပြင်းလာသူဖြစ်ပြီး ဒန်းနိဇ် ကတော့ပိုက်ဆံ ရှိတဲ့အသိုင်းအဝိုင်းကသူတစ်ယောက်ပါ။စစ်မှုထမ်းဘ၀ကနေလွတ်လွတ်ပြီးချင်း အက်ဆဲ ဟာဆိုင်ကယ်ပြိုင် နေရင်းမထင်မှတ်ဘဲ ဒန်းနိဇ် ကိုပထမဆုံးတွေ့လိုက်ရပါတယ်။ ဘ၀မတူတဲ့ သူတို့နှစ်ယောက်ဟာ ရေစက်မကုန်သေးဘဲ ပါတီပွဲ တစ်ခုမှာပြန်တွေ့တဲ့အခါတော့ လူငယ်သဘာ၀အီစီကလီလုပ်ရင်း ချစ်ကြိုက်မိလာပါတော့တယ်။ နောက်ပိုင်းမှာ ဒန်းနိဇ် ဟာ အက်ဆဲ ရဲ့ချန်ပီယံဖြစ်ချင်တဲ့ ဆန္ဒကိုဘယ်လိုဖြည့်‌ဆည်းပေးသွားမလဲနဲ့ အက်ဆဲ ကလည်းဂီတကျောင်းတက်ချင်တဲ့ ဒန်းနိဇ် ရဲ့ပါရမီကိုဘယ် လိုဖြည့်ဆည်းပေးသွားမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာ ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(1.8 GB) / (805 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 49Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator......Theo Kat Encoder..........SWM
movie

UFO (2022)

2022
Miracle in Cell No. 7 (Yedinci Kogustaki Mucize) – (2019) 8.3
Miracle in Cell No. 7 (Yedinci Kogustaki Mucize) – (2019) Miracle in Cell No. 7 (Yedinci Kogustaki Mucize) - (2019) ========================================IMDb Rating - 8.3/10Remakeကားတွေ မူလရုပ်ရှင်ကို မှီတာ အတော်ရှားပါတယ်။အခုရုပ်ရှင်က အဲ့ဒီ လိုရှားတဲ့အထဲက တစ်ကားပါပဲ။ သိသလောက်တော့ ကိုရီးယားရုပ်ရှင်တွေကို remake ပြန်ရိုက်ကြတဲ့ အနောက်တိုင်းရုပ်ရှင်တွေမှာ ပျက်ကြတာ အတော်များတယ်။ Old Boyတို့ My Sassy Girlတို့ IIMareတို့ဆို ပျက်သလောက်ပါပဲ။မူလရုပ်ရှင်ရဲ့ ခံစားမှုကို မပေးစွမ်းနိုင်ပါဘူး။ အခုရုပ်ရှင်ကတော့ Remakeဆိုပေမယ့် မူလရုပ်ရှင်ရဲ့ဟာကွက်ဆန်တာတွေကို ဖြည့်ထားတဲ့အပြင်၊ ထောင်သားတွေရဲ့ ဇာတ်ကောင်စရိုက်ကလည်း ပိုပီပြင်တယ်။ ဖြစ်ရပ်တွေရဲ့ ယုတ္တိရှိမှုကလည်း ပိုပြီးတာသွားတယ်။ မူလရုပ်ရှင်ထက်သာတဲ့ Remakeလို့ပဲ ဆိုချင်တယ်။ မူလ ကိုရီးယားရုပ်ရှင်ကို ကြည့်ပြီး ခံစားခဲ့ရတဲ့သူတွေ ဒီရုပ်ရှင်မှာ ပိုခံစားလို့ရမှာတော့ သေချာပါတယ်။ဇာတ်အိမ်တည်တာက တူရကီက ရွာလေးတစ်ရွာမှာ။ အဲ့ဒီရွာမှာ မွေးထားတဲ့ ခြောက်နှစ်သမီး ကလေးလောက်တောင် ညဏ်ရည်မမှီတဲ့လူရှိတယ်။ ဆင်းရဲကလည်းဆင်းရဲရတဲ့အထဲ ဂြိုလ်ဆိုး၀င်ချက်ကတော့ အခြေအနေအကြောင်းကြောင်းကြောင့် စစ်တပ်က ကွန်မန်ဒါရဲ့သမီးလေးသေသွားတာ သူ့ကြောင့်ဆိုပြီး သေဒဏ်ချခံလိုက်တာရတာပါပဲ။ ကလေးကိုသတ်တဲ့လူဆိုပြီး ထောင်သားချင်း အရိုက်ခံရတဲ့အပြင် ကွန်မန်ဒါကလည်း သူ့ကို မိသားစုနဲ့ပေးမတွေ့ဖို့ အမိန့်ချထားတယ်။ တွေ့ခွင့်တောင်မရှိတဲ့ ဘ၀မှာသမီးကလွဲ ဘာမှမရှိတဲ့အဖေတစ်ယောက်ရယ် အဖေကလွဲ ဘာမှမရှိတဲ့သမီးတစ်ယောက်ရယ်ဟာ တွေ့ခွင့်ရဖို့ကြိုးစားကြရင်း ဒီရုပ်ရှင်ရဲ့ လူသားဆန်မှုတွေက ကျွန်တော်တို့ မျက်ရည်ကို ချူယူသွားကြတယ်။ ဒီရုပ်ရှင်ကို ကြည့်ဖို့ မိတ်ဆွေအနေနဲ့ တစ်ရှုးတစ်ရွက်လောက်တော့ ဆောင်ထားသင့်တယ်။Turkey Youth Awards (2020)နဲ့ Golden Palm Awards (2020) တို့မှာ ...
movie

Miracle in Cell No. 7 (Yedinci Kogustaki Mucize) – (2019)

2019