Channel Myanmar

Miracle in Cell No. 7 (Yedinci Kogustaki Mucize) – (2019)
========================================

IMDb Rating – 8.3/10

Remakeကားတွေ မူလရုပ်ရှင်ကို မှီတာ
အတော်ရှားပါတယ်။အခုရုပ်ရှင်က အဲ့ဒီ
လိုရှားတဲ့အထဲက တစ်ကားပါပဲ။
သိသလောက်တော့
ကိုရီးယားရုပ်ရှင်တွေကို remake
ပြန်ရိုက်ကြတဲ့ အနောက်တိုင်းရုပ်ရှင်တွေမှာ
ပျက်ကြတာ အတော်များတယ်။ Old Boyတို့
My Sassy Girlတို့ IIMareတို့ဆို
ပျက်သလောက်ပါပဲ။မူလရုပ်ရှင်ရဲ့
ခံစားမှုကို မပေးစွမ်းနိုင်ပါဘူး။
အခုရုပ်ရှင်ကတော့ Remakeဆိုပေမယ့်
မူလရုပ်ရှင်ရဲ့ဟာကွက်ဆန်တာတွေကို
ဖြည့်ထားတဲ့အပြင်၊ ထောင်သားတွေရဲ့
ဇာတ်ကောင်စရိုက်ကလည်း ပိုပီပြင်တယ်။
ဖြစ်ရပ်တွေရဲ့ ယုတ္တိရှိမှုကလည်း
ပိုပြီးတာသွားတယ်။
မူလရုပ်ရှင်ထက်သာတဲ့ Remakeလို့ပဲ
ဆိုချင်တယ်။ မူလ ကိုရီးယားရုပ်ရှင်ကို
ကြည့်ပြီး ခံစားခဲ့ရတဲ့သူတွေ ဒီရုပ်ရှင်မှာ
ပိုခံစားလို့ရမှာတော့ သေချာပါတယ်။

ဇာတ်အိမ်တည်တာက တူရကီက ရွာလေးတစ်ရွာမှာ။
အဲ့ဒီရွာမှာ မွေးထားတဲ့ ခြောက်နှစ်သမီး
ကလေးလောက်တောင် ညဏ်ရည်မမှီတဲ့လူရှိတယ်။
ဆင်းရဲကလည်းဆင်းရဲရတဲ့အထဲ
ဂြိုလ်ဆိုး၀င်ချက်ကတော့
အခြေအနေအကြောင်းကြောင်းကြောင့်
စစ်တပ်က ကွန်မန်ဒါရဲ့သမီးလေးသေသွားတာ
သူ့ကြောင့်ဆိုပြီး သေဒဏ်ချခံလိုက်တာရတာပါပဲ။
ကလေးကိုသတ်တဲ့လူဆိုပြီး ထောင်သားချင်း
အရိုက်ခံရတဲ့အပြင် ကွန်မန်ဒါကလည်း သူ့ကို
မိသားစုနဲ့ပေးမတွေ့ဖို့ အမိန့်ချထားတယ်။
တွေ့ခွင့်တောင်မရှိတဲ့ ဘ၀မှာသမီးကလွဲ
ဘာမှမရှိတဲ့အဖေတစ်ယောက်ရယ်
အဖေကလွဲ ဘာမှမရှိတဲ့သမီးတစ်ယောက်ရယ်ဟာ
တွေ့ခွင့်ရဖို့ကြိုးစားကြရင်း
ဒီရုပ်ရှင်ရဲ့ လူသားဆန်မှုတွေက
ကျွန်တော်တို့ မျက်ရည်ကို ချူယူသွားကြတယ်။
ဒီရုပ်ရှင်ကို ကြည့်ဖို့ မိတ်ဆွေအနေနဲ့
တစ်ရှုးတစ်ရွက်လောက်တော့
ဆောင်ထားသင့်တယ်။

Turkey Youth Awards (2020)နဲ့
Golden Palm Awards (2020)
တို့မှာ Best Filmဆုရထားပြီး
အော်စကာပွဲမှာ Best International
Feature Filmဆုအတွက်
ယဉ်ပြိုင်ခွင့်ရတဲ့တူရကီရုပ်ရှင်အဖြစ်
အရွေးခံခဲ့ရတယ်ဆိုတော့
Remakeပေမယ့် အတော်အောင်မြင်တဲ့
Remakeပါပဲ။

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။)

 

Quality – 1080p, 720p WebRip

Duration – 2h 12min

Subtitle – Myanmar Hardsub

Format – Mp4

Genre : Drama

Source : 1080p.WebRip

Translator –  WiRa Aung

Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Miracle in Cell No. 7 (Yedinci Kogustaki Mucize) – (2019)
Miracle in Cell No. 7 (Yedinci Kogustaki Mucize) – (2019)
Miracle in Cell No. 7 (Yedinci Kogustaki Mucize) – (2019)
Miracle in Cell No. 7 (Yedinci Kogustaki Mucize) – (2019)
Miracle in Cell No. 7 (Yedinci Kogustaki Mucize) – (2019)


No downloads available

Genres



Related movies