Channel Myanmar

J.R. Adduci

Haunted Mansion (2023) 6.2
Haunted Mansion (2023) သရဲခြောက်သော စံအိမ်ကြီး Haunted Mansion (2023)ဒစ္စနေးရဲ့ မိသားစုကြည့်ဖို့ ဖျော်ဖြေရေး ဟာသ သရဲကားအသစ်ထွက်လာပါပြီ။ သရဲခြောက်တာတွေဆိုပေမဲ့ ရယ်ရပြီး ကြည့်လို့ကောင်းပါတယ်။သရဲခြောက်တဲ့စံအိမ်ကြီးကိုမသိဘဲ ဝယ်မိသွားတဲ့ သားအမိနှစ်ယောက်က သရဲခြောက်ခံရပါတော့တယ်။ သရဲတွေကို နှင်ထုတ်ဖို့ ပင့်တဲ့ဘုန်းကြီးရော၊ သရဲကင်မရာသမားရော၊ ဝိညာဉ်ဟောတဲ့ဆရာမရော၊ သမိုင်းပညာရှင်ရော အကုန် အကူအညီလိုက်တောင်းပေမဲ့ လာကူညီတဲ့သူအကုန် အိမ်ထဲမှာ ပိတ်မိပြီး သရဲတစ်ထောင်လောက်နဲ့ တိုင်တွေပတ်ကုန်ကြတာပါ။တစ်အိမ်တည်းမှာ သရဲတွေဒီလောက်များနေတာဘာကြောင့်လဲ၊ သူတို့ဘာလို့ ဒီလူတွေကို ထွက်မရအောင်ပိတ်ထားတာလဲဆိုတဲ့ ပဟေဠိတွေကို အိမ်ရဲ့သမိုင်းတွေကနေ လေ့လာပြီး သရဲတွေနဲ့ ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။မိသားစုဖြစ်ဖြစ် တစ်ယောက်တည်းအပျင်းပြေကြည့်ဖို့ဖြစ်ဖြစ် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။) File size…(2.4 GB)/ (1.5 GB)/(665 MB) Quality….WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….02:02:58 Subtitle….Myanmar Subtitle(Hardsub) Encoder….SWM Translated by Mr.Anderson
movie

Haunted Mansion (2023)

4K HEVC
The Slumber Party (2023) 5.8
The Slumber Party (2023) ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Disney ရဲ့ Comedy, Family အမျိုးအစား The Slumber Party ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းအကျဉ်းလေးကတော့ မက်ဂန်နဲ့ သူ့ရဲ့သူငယ်ချင်းတစ်စု အန်နာမာရီယာရဲ့မွေးနေ့မှာ ပါတီကျင်းပရင်းဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် စိတ်ရောဂါဆရာဝန် အဖေနှစ်ယောက်ရှိတဲ့ LGBTမိသားစုကနေ မွေးဖွားလာတဲ့ မက်ဂန်၊ အမြဲတက်တက်ကြွကြွနေတတ်ပြီး သတ္တိရှိတဲ့ မက်ဂန်ရဲ့ ငယ်သူငယ်ချင်း ပေ့ခ်ျ၊ သူ့ရဲ့မွေးနေ့မှာ အဖေက နောက်အိမ်ထောင်ပြုတော့မှာကြောင့် စိတ်ရှုပ်နေတဲ့ အန်နာမာရီယာ၊ အန်နာမာရီယာရဲ့ညီအစ်မတော်ဖို့ ဖြစ်လာတဲ့ ဗရော်နီကာ၊ အဖေနှစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် လူငယ်သဘာဝအတိုင်း လွတ်လွတ်လပ်လပ်မနေတတ်ဘဲ အမြဲထိန်းချုပ်ပြီး‌နေတတ်တဲ့ မက်ဂန်ဟာ အန်နာမာရီယာ့မွေးနေ့မှာတော့ သူရဲ့ထိန်းချုပ်မှုတွေ ပူပန်မှု‌တွေကိုမေ့ပစ်ပြီး သူငယ်ချင်းတွေနဲ့အတူတူ အသစ်အဆန်းတွေလုပ်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်ရင်း..... အစ်မရဲ့မွေးနေ့အတွက် အမှတ်တရဖြစ်အောင် ဗရော်နီကာ ဖိတ်ပေးထားတဲ့ မှော်ဆရာကလည်း သူတို့ကို စိုးရိမ်ပူပန်မှုအကုန်မေ့ပျောက်ပြီး စိတ်လွတ်လက်လွတ် ပျော်ပျော်နေကြဖို့ စိတ်ညှို့‌ပေးလိုက်တဲ့ အခါမှာတော့.... သူတို့သူငယ်ချင်းတစ်စု ...
movie

The Slumber Party (2023)

Copshop(2021) 6.6
Copshop(2021) ကြမ်း​ပေ့ယမ်း​ပေ့ဆိုတဲ့ အက်ရှင်ကားကိုမှ အသုံးအနှုန်းခပ်ကြမ်းကြမ်း၊ ​သွေးထွက်သံယိုများများ R ratedမှကြည့်ချင်ပါတယ်ဆိုတဲ့CMပရိတ်သတ်​တွေအတွက် တကယ်ကြမ်းတဲ့Crime Actionကားတစ်ကားကို မိတ်ဆက်​ပေးလိုက်ပါပြီအဓိကဇာတ်လိုက်နှစ်​ယောက်ကိုက Angle Has Fallen triologyနဲ့ 300လိုတကယ့်​ကောင်း​ပေ့ညွန့်​ပေ့ဆိုတဲ့အက်ရှင်ကား​တွေမှာ ​​ခေါင်း​ဆောင်ပါဝင်ထားတဲ့ Gerard Butlerနဲ့ Purge franchiseလိုတကယ့်​သွေးထွက်သံယိုကား​တွေကိုပဲရိုက်ကူးထားတဲ့ Frank Grilloဆိုတာနဲ့တင် ဒီဇာတ်လမ်းရဲ့အက်ရှင်​တွေဘယ်​လောက်ကြမ်းမလဲဆိုတာ မှန်းကြည့်လို့ရပါတယ်ဂိမ်းပရိုဂရမ်​ရေးသားသူတဖြစ်လဲ ဒိတ်ဒိတ်ကြဲသူ​​ဌေး​တွေကိုမှညာစားတဲ့ Teddy Murrettoဟာ တစ်ချိန်မှာ​တော့ညာမိတဲ့သူ​ဌေး အ​ရွေးမှားပြီး Hitman​ပေါင်းများစွာရဲ့ အမဲလိုက်ခြင်းကို ခံရပါ​တော့တယ်​ပြေးလို့မလွတ်နိုင်မှန်းသိတဲ့​နောက် Gun Creekမြို့​လေးကိုအ​ရောက်မှာ​တော့ မြို့ကရဲ​မေအရာရှိ Valerie Youngကိုအသားလွတ်ဆွဲထိုးကာ ​ထောင်နန်းစံပြီး ​ကြေးစားသမား​တွေရန်က​နေ လွတ်​အောင်ကြံပါ​တော့တယ်ဖြစ်ချင်​တော့ Hitman​တွေထဲကတစ်​ယောက်ဖြစ်တဲ့ Viddickက Teddyကို​ခြေရာခံမိသွားတဲ့အတွက်၊သူကပါ အရက်မူးသမားအ​​ယောင်​ဆောင်၊ ရဲကားကို ကားနဲ့ဝင်တိုက်ပြီး ​Teddyရှိရာအချုပ်ခန်းဆီကို ထပ်ကြပ်မကွာလိုက်ပါလာခဲ့ပါတယ်ဒါပေမဲ့ Teddyကိုအ​သေရရ အရှင်ရရအမဲဖျက်ချင်​နေတဲ့ Hitmanက တစ်​ယောက်နှစ်​ယောက်မဟုတ်တဲ့အခါ Gun Creekမြို့​​လေးကိုတခြား​ကြေးစားလူသတ်သမား​တွေပါ လိုက်လာတဲ့အခါ.....Teddyတစ်​​ယောက် Hitman​ပေါင်း​သောင်း​ခြောက်​ထောင်ရန်က​နေ လွတ်နိုင်ပါ့မလား၊သူရဲ့​နောက်​ကြောင်းဇာတ်လမ်းက​ရော ဘယ်လိုများဖြစ်မလဲ၊Viddickက​ရော သူ့ရဲ့တာဝန်ကို အပြီးသတ်နိုင်မှာလား၊ သူနဲ့အိုးစားခွက်လုဖက်​​တွေကြားထဲက​နေTeddyကို ...
movie

Copshop(2021)

2021