Channel Myanmar

Jacques Balutin

The Centipede Is Tap Dancing (1977) 5.6
The Centipede Is Tap Dancing (1977) CM ပရိတ်သတ်​တွေအတွက် Old but Gold comedy​တွေထဲကတစ်ကားဖြစ်တဲ့ Le Mille Pattes Fait des Claquettesဆိုတဲ့ဇာတ်ကားကို တင်ဆက်​ပေးလိုက်ပါတယ်။ 1977ထွက် ပြင်သစ်Comedy ဇာတ်ကားပဲ ဖြစ်ပြီး ဒုတိယ​ကမ္ဘာစစ်​ကို နောက်ခံထားရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ တန်ခိုးထွားခဲ့တဲ့ နာဇီဂျာမန်​တွေကပြင်သစ်နိုင်ငံကို လက်ခုပ်ထဲက​ရေလို ကြိုးကိုင်ချယ်လှယ်ခဲ့ချိန်တစ်ခု ရှိခဲ့ဖူးပါတယ်။ ပြင်သစ်ရဲ့ အဖိုးတန်အ​မွေအနှစ်​မှန်သမျှအပိုင်စီးပြီး ဂျာမဏီကိုပို့ပစ်ခဲ့တဲ့ အချိန်ကာလတစ်ခု​ပေါ့၊ ဒီလိုတိုင်းတစ်ပါးရဲ့ အ​မွေအနှစ်​တွေကို စိတ်တိုင်းကျ​မောင်ပိုင်စီးနေတဲ့ ဂျာမန်ဗိုလ်ချုပ်​​တွေ ​နောက်ထပ်မျက်စိကျလာတာက​တော့ပြင်သစ်နိုင်ငံ ပါရီမြို့ Louvre ပြတိုက်မှာရှိတဲ့ လှပခြင်းနဲ့အချစ်နတ်သမီး Aphroditeရဲ့ ရုပ်တုဖြစ်တဲ့ "Venus De Milo" ရုပ်တုကိုပါ။ နိုင်ငံရဲ့အ​မွေအနှစ်ရုပ်တုကြီးတစ်ခု တိုင်းတစ်ပါးလက်ထဲ ​​ရောက်တော့မှာ သိလိုက်ရတဲ့ ပြင်သစ်သားလူငယ် ၃​ယောက်ဟာ ဂျာမန်ကောင်​တွေလက်ထဲက​နေ ရုပ်တုကြီးကို တဖန်ပြန်ခိုးပြီး "ရုပ်တုမပါသွား​ရေး ဒို့အ​​ရေး"လုပ်ကာ ဂျာမန်စစ်တပ်​တွေ လိုက်ဖမ်းတဲ့ကြားက​နေVenus De Miloရုပ်တုကို ကာကွယ်​ဖို့ကြိုးစားပုံ​တွေစွန့်စားခန်း​တွေကို ဟာသဆန်ဆန် ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။​၂၀၂၂နဲ့ ၁၉၇၇ခုနှစ်ကြား ...
movie

The Centipede Is Tap Dancing (1977)