Channel Myanmar

The Centipede Is Tap Dancing (1977)

N/A    

N/A 1h 45m Comedy

5.6
IMDB: 5.6/10 98 votes

, , , , , , , , ,

French

124465

Report error

CM ပရိတ်သတ်​တွေအတွက် Old but Gold comedy​တွေထဲက

တစ်ကားဖြစ်တဲ့ Le Mille Pattes Fait des Claquettesဆိုတဲ့

ဇာတ်ကားကို တင်ဆက်​ပေးလိုက်ပါတယ်။ 1977ထွက် ပြင်သစ်

Comedy ဇာတ်ကားပဲ ဖြစ်ပြီး ဒုတိယ​ကမ္ဘာစစ်​ကို နောက်ခံထား

ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

 

ဒုတိယကမ္ဘာစစ်အတွင်းမှာ တန်ခိုးထွားခဲ့တဲ့ နာဇီဂျာမန်​တွေက

ပြင်သစ်နိုင်ငံကို လက်ခုပ်ထဲက​ရေလို ကြိုးကိုင်ချယ်လှယ်ခဲ့ချိန်

တစ်ခု ရှိခဲ့ဖူးပါတယ်။ ပြင်သစ်ရဲ့ အဖိုးတန်အ​မွေအနှစ်​မှန်သမျှ

အပိုင်စီးပြီး ဂျာမဏီကိုပို့ပစ်ခဲ့တဲ့ အချိန်ကာလတစ်ခု​ပေါ့၊

 

ဒီလိုတိုင်းတစ်ပါးရဲ့ အ​မွေအနှစ်​တွေကို စိတ်တိုင်းကျ​မောင်ပိုင်စီး

နေတဲ့ ဂျာမန်ဗိုလ်ချုပ်​​တွေ ​နောက်ထပ်မျက်စိကျလာတာက​တော့

ပြင်သစ်နိုင်ငံ ပါရီမြို့ Louvre ပြတိုက်မှာရှိတဲ့ လှပခြင်းနဲ့အချစ်

နတ်သမီး Aphroditeရဲ့ ရုပ်တုဖြစ်တဲ့ “Venus De Milo” ရုပ်တု

ကိုပါ။

 

နိုင်ငံရဲ့အ​မွေအနှစ်ရုပ်တုကြီးတစ်ခု တိုင်းတစ်ပါးလက်ထဲ ​​ရောက်

တော့မှာ သိလိုက်ရတဲ့ ပြင်သစ်သားလူငယ် ၃​ယောက်ဟာ ဂျာမန်

ကောင်​တွေလက်ထဲက​နေ ရုပ်တုကြီးကို တဖန်ပြန်ခိုးပြီး “ရုပ်တု

မပါသွား​ရေး ဒို့အ​​ရေး”လုပ်ကာ ဂျာမန်စစ်တပ်​တွေ လိုက်ဖမ်းတဲ့

ကြားက​နေVenus De Miloရုပ်တုကို ကာကွယ်​ဖို့ကြိုးစားပုံ​တွေ

စွန့်စားခန်း​တွေကို ဟာသဆန်ဆန် ရိုက်ကူးတင်ဆက်ထားတာပဲ

ဖြစ်ပါတယ်။

​၂၀၂၂နဲ့ ၁၉၇၇ခုနှစ်ကြား ခေတ်ကာလ​ရေစီး​ကြောင်းခြားနားမှုနဲ့

Comedy ideologyကွာခြားမှု​များတာမလို့ ဒီ​ခေတ်ဟာသ​တွေနဲ့

ကွဲထွက်​​နေတဲ့ အရင်​ခေတ်ရဲ့ ဟာသပုံစံ​​တွေကို ​တွေ့ရှိရမှာပါ။

IMDb အ​နေနဲ့​က​တော့ rating သိပ်များ​လေ့မရှိတဲ့ comedy

သီးသန့် Genre၊ ​၁၉၇၇ထွက် ခေတ်​ဟောင်းကားဖြစ်တာ​တောင်

5.6 ရရှိထားပါတယ်။ စိတ်ညစ်ညူးစရာ​တွေ များ​နေတဲ့ လက်ရှိ

အချိန်မှာ ဟာသကား​လေးနဲ့ တစ်ခဏဖြစ်ဖြစ် ဘဝအ​မော​​ပြေဖို့

တင်ဆက်​ပေးလိုက်ပါတယ်။

File size…2.3GB / 1.1GB
Quality…1080p / 720p 
Format…mp4
Duration….1h 45m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Thit San Khant
Translated by JimX

 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Centipede Is Tap Dancing (1977)


No downloads available

Genres



Related movies