Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jakob Diehl
7.3
The Conference (2022)
သမိုင်းမှာ Holocaust ဖြစ်ရပ်ကိုကြားဖူးကြမယ်ထင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ ဖြစ်ပျက်ခဲ့တဲ့ အရေးပါဆုံးဖြစ်စဥ်တွေထဲကတစ်ခုဖြစ်ပြီး ဂျူးလူမျိုး ၆သန်းကျော်ကို လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်က ဒုတိယကမ္ဘာစစ်နဲ့တကွ နောင်လာမဲ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဥ်တွေကိုပါ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုရုပ်ရှင်က နာဇီတွေရဲ့ဂျူးပြဿနာကိုဖြေရှင်းမဲ့ Final Solution ဆိုတဲ့စီမံကိန်းနဲ့ ဒီစီမံကိန်းကို အကောင်အထည်ဖော်ခဲ့တဲ့ Holocaust အဖြစ်အပျက်ရဲ့ မြစ်ဖျားခံရာ Wannsee Conference အကြောင်းကို Dokudrama အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်တစ်ခုလုံးဟာ Wannsee Conference ကျင်းပနေတဲ့ မိနစ်ပိုင်းတွေကို ဘေးကနေထိုင်ကြည့်နေရသလို တင်ဆက်ထားတာဖြစ်ပါတယ်။ဒီအစည်းအဝေးကို ဘာလင်မြို့ပြင်က Wannsee ဆိုတဲ့အရပ်မှာကျင်းပခဲ့ပြီး အစည်းအဝေးကို နာဇီဂျာမနီအစိုးရရဲ့ ထိပ်တန်းအရာရှိတွေနဲ့ SS ထိပ်သီးခေါင်းဆောင်တွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေထဲမှာ ထိပ်တန်းဂျာမနီတက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့တဲ့ ပညာရှင်တွေ ခေါင်းဆောင်တွေပါဝင်ပြီး ဒီလူတွေကပဲ လူ့သမိုင်းမှာမကြုံဖူးလောက်တဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီမံခဲ့တာပါ။ ဒီအစည်းအဝေးဟာ ကမ္ဘာ့သမိုင်းဖြစ်စဥ်ရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နာဇီတွေဟာ ဥရောပတိုက်ကို ကျူးကျော်မှုစပြီးမကြာမီမှာ ဂျူးပြဿနာကိုဖြေရှင်းဖို့ ...
movie
The Conference (2022)