Channel Myanmar

James Binkley

The Boondock Saints (1999)
The Boondock Saints (1999)  ဒီတစ်ခါမှာတော့ IMDB 7.7/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် Spider Man ထဲက လူဆိုးကြီးနော်မန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Willem Dafoe နဲ့ Walking Dead ထဲက မင်းသားNorman Reedus ကလည်း ဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ် ဒီဇာတ်လမ်းလေးကတော့ ကော်နာနဲ့မာဖီဆိုတဲ့အိုင်းရစ်လူမျိုးကတ်သလစ်ဘာသာကိုးကွယ်တဲ့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ တစ်ရက်မှာ မထင်မှတ်ပဲဂိုဏ်းစတားနှစ်ယောက်ကိုသတ်မိသွားတယ် ဥပဒေကလည်း မကောင်းတာလုပ်တဲ့သူတွေကို ထိထိရောက်ရောက်အပြစ်မပေးတာကြောင့် ညီအစ်ကိုနှစ်ယောက်ဟာ သူတို့နည်းသူတို့ဟန်နဲ့ ထိုလူမိုက်တွေကိုအပြစ်ပေးပါတော့တယ် သူတို့ကို ဘုရားသခင်က ဒီမြို့ကြီးကို သန့်စင်ပေးဖို့ တာဝန်ပေးထားတယ်လို့မှတ်ယူပြီး လူဆိုးတွေကို တစ်ယောက်ပြီးတစ်ယောက်ရှင်းလင်းသုတ်သင်ပါတော့တယ် သူတို့ရဲ့အမှုတွေကို အရမ်းတော်တဲ့ FBIအေးဂျင့် ပေါလ်စမတ်ကာက ဦးဆောင်စုံစမ်းဖို့တာဝန်ကျပါတယ် အရမ်းတော်တဲ့စုံထောက်ကပဲ ဖမ်းနိုင်မလား ဇာတ်လိုက်ညီအစ်ကိုနှစ်ယောက်ကပဲ သုတ်သင်မှုတွေကိုဆက်လုပ်နိုင်မလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပါ File size…(1.7 GB)/(909 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

The Boondock Saints (1999)

Death to Smoochy (2002) 6.3
Death to Smoochy (2002) Jumanji (1995) မင်းသားကြီး၊ Good Will Hunting (1997) မှာ ဇာတ်ပို့မင်းသားဆု ရခဲ့သူ။ အကြီးမြတ်ဆုံး ဟာသသရုပ်ဆောင်ကြီး Robin Williams ကို အလွမ်းပြေ ကြည့်ရှုချင်ရင်ပဲဖြစ်ဖြစ်။The Incredible Hulk (2008) ရဲ့ မင်းသားကြီး၊ မျက်လှည့်ဆရာကြီးအဖြစ် The Illusionist (2006) မှာ‌ ‌တွေ့မြင်ခဲ့ရသူ Edward Norton ကို ပေါက်စလေးအဖြစ် ပြန်ကြည့်ချင်ရင်ပဲဖြစ်ဖြစ်။ Catherine Keener ဆိုတဲ့ မင်းသမီးကြီးကို နုနုနယ်နယ် ပြန်မြင်ချင်ရင်ပဲဖြစ်ဖြစ် ဟောဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။ဇာတ်လမ်းကတော့ ဟာသ နဲ့ ဇာတ်ကြမ်း ရောယှက်ထားတာဖြစ်ပြီး ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ နောက်ကွယ်ကို တစ်ဝကြီး မြင်တွေ့ကြရမှာပါ။ရိန်းဘိုးရန်းဒေါ့ဖ် ဆိုတဲ့ တင်ဆက်သူကြီး ငွေအလွဲသုံးစားမှုနဲ့ ဖမ်းခံရ၊ အလုပ်ပြုတ်၊ နေစရာမရှိ ဒုက္ခရောက်နေစဉ်မှာ သူ့နေရာကို မထင်မရှား စမူချီ ကြံ့ကြီးတစ်ဖြစ်လဲ ...
movie

Death to Smoochy (2002)

Land of the Dead (2005) 6.2
Land of the Dead (2005) Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့​နောက် Old but gold zombie ကား​​​ကောင်းတစ်ကားကို CM fan​တွေ မကြည့်ဖူးမရှိရ​​အောင် တင်​​​ဆက်​ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်​ဘေးတစ်ခု​ကြောင့် တစ်ကမ္ဘာလုံးက လူ​အများစု ဖုတ်​ကောင်​တွေ ဖြစ်သွားတဲ့​နောက် ​လူကုံထံ​တွေက လုံခြုံ​ရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီး​​​နေထိုင်ကြပါတယ်၊ ကပ်​ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲ​တွေကို​တော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုး​တွေနဲ့ အနီးဆုံးမှာပဲ ​ပေး​နေပါတယ်၊ ရိက္ခာကို​တော့ ကြေးစားလူစွန့်စား​တွေကို ငှားရမ်းပြီး ဖုတ်​​ကောင်​တွေပြည့်နေတဲ့ မြို့ပျက်ငယ်​တွေမှာ ရှာ​​ဖွေခိုင်းပြီး အသက်ဆက်​နေကြတာပါ။ရိုင်​လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ​​ ကြေးစားအဖွဲ့ဝင်​တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာ​တော့ ဖုတ်​ကောင်​တွေက လမ်း​လျှောက်တတ်တဲ့ လူ​သေ​ကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာ​ဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်​​နေ့မှာ​တော့ ဆင့်ကဲ​ပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသား​တွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie

Land of the Dead (2005)