Channel Myanmar

Land of the Dead (2005)

Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့​နောက် Old but gold zombie ကား​​​ကောင်းတစ်ကားကို CM fan​တွေ မကြည့်ဖူးမရှိရ​​အောင် တင်​​​ဆက်​ပေးလိုက်ပါတယ်
2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။

 

အမျိုးအမည်မသိရတဲ့ကပ်​ဘေးတစ်ခု​ကြောင့် တစ်ကမ္ဘာလုံးက လူ​အများစု ဖုတ်​ကောင်​တွေ ဖြစ်သွားတဲ့​နောက် ​လူကုံထံ​တွေက လုံခြုံ​ရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီး​​​နေထိုင်ကြပါတယ်၊
ကပ်​ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲ​တွေကို​တော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုး​တွေနဲ့ အနီးဆုံးမှာပဲ ​ပေး​နေပါတယ်၊
ရိက္ခာကို​တော့ ကြေးစားလူစွန့်စား​တွေကို ငှားရမ်းပြီး ဖုတ်​​ကောင်​တွေပြည့်နေတဲ့ မြို့ပျက်ငယ်​တွေမှာ ရှာ​​ဖွေခိုင်းပြီး အသက်ဆက်​နေကြတာပါ။

ရိုင်​လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ​​ ကြေးစားအဖွဲ့ဝင်​တွေပဲ ဖြစ်ပါတယ်၊
အစပိုင်းမှာ​တော့ ဖုတ်​ကောင်​တွေက လမ်း​လျှောက်တတ်တဲ့ လူ​သေ​ကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာ​ဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့်
တစ်​​နေ့မှာ​တော့ ဆင့်ကဲ​ပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသား​တွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ နားလည်လာပြီး ​မြို့ပျက်​တွေက​နေ လူကုံထံ မြို့သစ်​တွေဆီကို အစာရှာဖို့ တက်လာကြပါ​တော့တယ်၊
ဒီလိုနဲ့ပဲ ရိက္ခာရှာ​ပေးရတဲ့ ရိုင်​လေတို့အဖွဲ့ဟာ ဖုတ်​ကောင်​တွေရဲ့ ရန်ကိုပါ ကာကွယ်ရမယ့် တာဝန်ရှိလာပါ​တော့တယ်။

​သွေးသံရဲရဲနဲ့ 2005ထွက် ဇာတ်ကားနဲ့ မတူ​အောင် ပြကွက်​တွေက အ​တော်​လေးကြမ်း​လို့ သွေးလန့်တတ် သူ​တွေ၊ ​ရွံစရာ​တွေကို sensitiveဖြစ်သူ​တွေ သတိထားပြီး ကြည့်ဖို့ ​ပြောချင်ပါတယ်။

( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ )


File Size__(1.9GB) / (950MB)
Quality__Blu-Ray_1080p, 720p
IMDb Rating__6.2/10
Format__mp4
Duration__01:33:00
Type__Horror, Sci-Fi, Thriller
Subtitle__Myanmar Subtitle (Hardsub)
Translated by Jim X
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Land of the Dead (2005)
Land of the Dead (2005)
Land of the Dead (2005)
Land of the Dead (2005)
Land of the Dead (2005)
Land of the Dead (2005)
Land of the Dead (2005)
Land of the Dead (2005)
Land of the Dead (2005)
Land of the Dead (2005)
Land of the Dead (2005)


No downloads available

Genres



Related movies