Channel Myanmar

James Henderson

M.F.A.(2017) 5.9
M.F.A.(2017)  M.F.Aဆိုတာက "Master of Fine Arts"၊ အနုပညာဘွဲ့ရဲ့ အတိုကောက်ဖြစ်ပြီးဇာတ်လမ်းလေးကလည်း လူမှားပြီးချစ်မိတဲ့ အနုပညာကျောင်းသူလေးအကြောင်းရိုက်ကူးထားတာပါ....။နိုအယ်လ်ဟာ ပန်းချီပညာကိုဝါသနာပါသူလေးဖြစ်ပြီး ခပ်အေးအေးနေတတ်ကာအပေါင်းအသင်းလည်းသိပ်များသူမဟုတ်ပါဘူး....။တစ်နေ့ကျတော့ အတန်းထဲမှာ ပန်းချီဆွဲရင်းပဲ ကောင်လေးတစ်ယောက်သဘောကျမိသွားတယ်ပေါ့....။ဒါကို ကောင်လေးဖြစ်သူက သတိထားမိသွားတော့ နိုအယ်လ်ကိုပါတီပွဲလာခဲ့ဖို့ဖိတ်ပါလေရော....။ကိုယ်ကြည်တဲ့ အဆင်လေးက ကိုယ့်ကိုပါတီပွဲဖိတ်တယ်ဆိုတော့ နိုအယ်လ်ကလည်းမျှော်လင့်ချက်အပြည့်နဲ့ စိတ်ကူးလေးတွေယဥ်ပြီး သွားခဲ့တာပေါ့....။ဒါပေမဲ့ နိုအယ်လ်လေးခဗျာ အဲ့ဒီပါတီပွဲညမှာ သူကြည်တဲ့အဆင်လေးကသူ့ကို rapeလုပ်တဲ့အတွက် ကံခေသူ အချစ်ကျောင်းသူလေးဖြစ်ခဲ့ရပါတယ်....။တရားမျှတမှုကို လိုလားတဲ့ နိုအယ်လ်ဟာ ဒီအကြောင်းကို ကျောင်းအုပ်ကိုတိုင်တော့လည်းအကူအညီမရတဲ့အတွက် သူကိုယ်တိုင်ပဲ လက်စားချေဖို့ဆုံးဖြတ်လိုက်တဲ့အခါ.....နိုအယ်လ်နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးFrancesca Eastwoodရဲ့လူငယ်ဆန်ဆန် ဆွဲဆောင်မှုအပြည့်နဲ့အလှအပကိုခံစားရင်း Horror Thriller ဇာတ်အိမ်လေးကိုစီးမျှောကြည့်ရှုလို့ရပါပြီ....။   File size…1.56GB / 644MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

M.F.A.(2017)

Role Models (2008) 6.8
Role Models (2008) Role Models (2008) - ကတော့ ဟာသနဲ့ဘဝအစိတ်တစ်ပိုင်း (Bromance-Comedy-Slice of Life)အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုရိုက်ကူးတင်ဆက်ထားတာကတော့ Director David Wain ကပဲပုံဖော်ပြသထားတာဖြစ်ပြီးတော့ 2009 ခုနှစ်မှာ အကောင်းဆုံးဟာသကား (Best Comedy) နဲ့ လူငယ်များရဲ့အများဆုံးရွေးချယ်သောရုပ်ရှင် (Teen Choice)ဆိုပြီး ဆုနှစ်ခုရရှိထားပါတယ်။ ဒီကားထဲက Danny ကတော့ မာဗယ်ရဲ့ စူပါဟီးရိုးကြီး Ant Man ဖြစ်တဲ့ Paul Rudd ပါပဲ။ Wheeler အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sean William ကတော့ Ice Age movie တွေထဲက အသံသရုပ်ဆောင်ကြီးဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုညွှန်ရမယ်ဆိုရင်တော့ကိုယ့်အလုပ်နဲ့ ဘဝကိုစိတ်ပျက်နေတဲ့ Danny နဲ့ အဲဒီအလုပ်ကိုပဲလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ Wheeler တို့နှစ်ယောက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေပါ။ Danny က လက်ပေါက်လည်းကပ်သလို လူတွေကိုလည်း ဆတ်ဆတ်ထိမခံလောက်တဲ့အထိ ...
movie

Role Models (2008)

Hitchcock (2012) 6.8
Hitchcock (2012)  ဟစ်ခ်ျကော့ခ်ဆိုတဲ့ နာမည်အတိုင်းပဲ ဒီဇာတ်ကားဟာ ရုပ်ရှင်သမိုင်းကြောင်းမှာ အထင်ရှားဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ "သည်းထိတ်ရင်ဖို ဆရာသခင်ကြီး"လို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ ဒါရိုက်တာကြီး ဟစ်ခ်ျကော့ခ်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါရိုက်တာကြီး အဲဖရက်ဟစ်ခ်ျကော့ခ်ဟာ ရုပ်ရှင်သမိုင်းကြောင်းတလျှောက်မှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Psycho, Vertigo, North By Northwest အစရှိတဲ့ Thriller, Mystery ကားတွေရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ‌တော့ Psycho လို့အမည်ရတဲ့ Horror/Thriller ရုပ်ရှင်ကို ဒါရိုက်တာကြီးဟစ်ခ်ျကော့ခ်တစ်ယောက် ပုံဖော်ရိုက်ကူးခဲ့ပုံကို ဇာတ်အိမ်တည်ထားပါတယ်။အချိန်ကာလကတော့ Psychoရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ၁၉၆၀ ခုနှစ်မှာဖြစ်ပြီး ဟစ်ခ်ျကော့ခ်တစ်ယောက် Vertigo နဲ့ North by Northwest တို့ကို ၁၉၅၈ နဲ့ ၅၉ ခုနှစ်တွေမှာ ရိုက်ကူးဖြန့်ဝေခဲ့ပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် ဟစ်ခ်ျကော့ခ်တစ်ယောက်ဟာ အသက်၆၀ ရှိနေပြီဖြစ်ပြီး ရုပ်ရှင်လောကကနေ အနားမယူသေးဘူးလားဆိုတဲ့ မေးခွန်းတွေကို ရင်ဆိုင်နေရတဲ့အချိန်လည်းဖြစ် ...
movie

Hitchcock (2012)

Minority Report (2002) 7.6
Minority Report (2002) Minority report (2002)IMDb Rating (7.6) / Rotten tomatoes (90%)တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ ...
movie

Minority Report (2002)

2002