Channel Myanmar

Hitchcock (2012)

Drama

6.8
IMDB: 6.8/10 votes

38423

Report error

 

ဟစ်ခ်ျကော့ခ်ဆိုတဲ့ နာမည်အတိုင်းပဲ ဒီဇာတ်ကားဟာ ရုပ်ရှင်သမိုင်းကြောင်းမှာ အထင်ရှားဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ “သည်းထိတ်ရင်ဖို ဆရာသခင်ကြီး”လို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ ဒါရိုက်တာကြီး ဟစ်ခ်ျကော့ခ်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါရိုက်တာကြီး အဲဖရက်ဟစ်ခ်ျကော့ခ်ဟာ ရုပ်ရှင်သမိုင်းကြောင်းတလျှောက်မှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Psycho, Vertigo, North By Northwest အစရှိတဲ့ Thriller, Mystery ကားတွေရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ‌တော့ Psycho လို့အမည်ရတဲ့ Horror/Thriller ရုပ်ရှင်ကို ဒါရိုက်တာကြီးဟစ်ခ်ျကော့ခ်တစ်ယောက် ပုံဖော်ရိုက်ကူးခဲ့ပုံကို ဇာတ်အိမ်တည်ထားပါတယ်။

အချိန်ကာလကတော့ Psychoရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ၁၉၆၀ ခုနှစ်မှာဖြစ်ပြီး ဟစ်ခ်ျကော့ခ်တစ်ယောက် Vertigo နဲ့ North by Northwest တို့ကို ၁၉၅၈ နဲ့ ၅၉ ခုနှစ်တွေမှာ ရိုက်ကူးဖြန့်ဝေခဲ့ပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် ဟစ်ခ်ျကော့ခ်တစ်ယောက်ဟာ အသက်၆၀ ရှိနေပြီဖြစ်ပြီး ရုပ်ရှင်လောကကနေ အနားမယူသေးဘူးလားဆိုတဲ့ မေးခွန်းတွေကို ရင်ဆိုင်နေရတဲ့အချိန်လည်းဖြစ် Paramount နဲ့ စာချုပ်အရလည်း ရိုက်ကူးထုတ်ဝေဖို့ရာ ရုပ်ရှင်တစ်ကားပဲကျန်ရှိတော့တာဖြစ်ပါတယ်။ ဒီအချိန်မှာ ဟစ်ခ်ျကော့ခ်ဟာ သူ့ရဲ့ နောက်ဆုံးရုပ်ရှင်ကို ရှေ့ကရုပ်ရှင်တွေနဲ့မတူဘဲ တမူထူးခြားဆန်းသစ်အောင် ရိုက်ကူးချင်တဲ့ စိတ်ဆန္ဒတွေပြင်းပြလာပါတော့တယ်။ ဒီလိုနဲ့ မှီငြမ်းရိုက်ကူးဖို့ရာ ၀တ္ထုတွေကို ရှာဖွေရင်းကနေ ရောဘတ်ဘလော့ခ်ရေးသားခဲ့တဲ့ ၁၉၅၉ခုနစ်ထွက် Psycho လို့အမည်ရတဲ့ သည်းထိတ်ရင်ဖို၀တ္ထုကို ရှာတွေ့သွားပါတော့တယ်။ ဒါပေမယ့် ၁၉၆၀ခုနှစ်ဖြစ်သည့်အားလျော်စွာ ရုပ်ရှင်လောကမှာ ဆင်ဆာစိစစ်ဖြတ်တောက်မှုတွေဟာ တင်းကြပ်နေဆဲဖြစ်တာကြောင့် အဖော်အချွတ်နဲ့ သွေးသံရဲရဲဇာတ်၀င်ခန်းတွေပါတဲ့ Psycho ၀တ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းဖို့ရာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။

ဒါပေမယ့် ဟစ်ခ်ျကော့ခ်ဟာ အားလုံးဝိုင်းတားနေတဲ့ကြားထဲကနေ Psycho ရုပ်ရှင်ကိုရိုက်ကူးဖို့အတွက် ဘုရင့်နောင်ဖောင်ဖျက်ပီး အစွမ်းကုန်ဆက်သွားပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာ ဟစ်ခ်ျကော့ခ်ကြီးရဲ့ ပြောပုံဆိုပုံ၊ ပင်ကိုစရိုက်တွေကို အသေးစိတ်ဖျော်ကျူးထားပါတယ်။အိမ်ထောင်ကျပြီးခါစကနေ နှစ်ပေါင်း၃၀ကျော်အထိ ရိုက်ကွင်းတွေကိုလိုက်ပြီး ဟစ်ခ်ျကော့ခ်ကိုကူညီခဲ့တဲ့ ဇနီးဖြစ်သူ အယ်မာရက်ဗယ်နဲ့ ဟစ်ခ်ျကော့ခ်တို့နှစ်ဦးကြား ဆက်ဆံရေးကိုလည်း မြင်တွေ့ရမှာပါ။ နောက်ထပ်တစ်ချက်ကတော့ Psychoရဲ့ ခေါင်းဆောင်မင်းသမီး ဂျဲနက်လိနေရာမှာ ပရိတ်သတ်အချစ်တော် Black widow မင်းသမီး Scarlett Johansson က၀င်ရောက်သရုပ်ဆောင်ထားတာကြောင့် အင်မတန်ကို ကြည့်ပျော်ရှုပျော်ရှိလှပါတယ်။ ရီဗျူးလည်း အနည်းငယ်ရှည်သွားပြီမလို့ ဒီဇာတ်ကားဟာ ရုပ်ရှင်ချစ်သူတွေအတွက် အချိန်ပေးကြည့်ရှုရကျိုးနပ်မဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။

File size…(1.3 GB)/(587 MB)

Quality….Webrip 1080p / 720p
Format…mp4
Duration….01:38:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Steven Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Hitchcock (2012)
Hitchcock (2012)
Hitchcock (2012)
Hitchcock (2012)
Hitchcock (2012)


No downloads available

Genres



Related movies