Channel Myanmar

Janine Turner

Birthright: Outlaw (2023) 5.8
Birthright: Outlaw (2023)  ဇာတ်လမ်းနာမည်က "ရာဇဝတ်သားအမွေခံ"...။ဆိုလိုချင်တာက တစ်ခါရာဇဝတ်သားဖြစ်ဖူးရင်၊ ရာဇဝတ်မျိုးရိုးပါရင်အမြဲပဲ ရာဇဝတ်သားဖြစ်နေမှာ...အတိတ်ကို မေ့ထားလို့သာရမယ် ဖျောက်ဖျက်ငြင်းပယ်မရတဲ့အမွေအနှစ်ကြီးပေါ့....။ဒီလိုအဓိပ္ပာယ်လေးနဲ့ ဇာတ်အိမ်တည်ထားတဲ့ Western Dramaလေးပါ...။ဇာတ်လမ်းအကျဥ်းက‌တော့ သင်းအုပ်ဆရာဖခင်တစ်ယောက်၊ အိမ်ရှင်မဇနီးသည်နဲ့သမီးလေးတို့ မိသားစုသုံးယောက်သား အမေရိကန်အနောက်တိုင်းဘဝအတိုင်းအေးအေးချမ်းချမ်းနေကြတယ်ပေါ့...။တစ်နေ့မှာတော့ ကံဆိုးမိုးမှောင်ကျပြီး သမီးဖြစ်သူကို လူတစ်စုကပြန်ပေးဆွဲဖမ်းခေါ်သွားပါတယ်...။ကြံရမရတဲ့ သင်းအုပ်ဆရာနဲ့ ဇနီးသည်ဟာ ဒီအမှုကို တိုင်တန်းရင်းနဲ့မှအဖုံးဖုံးအဖိဖိ ထားခဲ့တဲ့ အတိတ်တွေက ပြန်ပေါ်လာပါတယ်...။ဒီရာဇဝတ်အမွေခံအတိတ်ကိုရော အသစ်ပြန်စလို့ရနိုင်မလား...၊သူတို့ရင်ဆိုင်ရမယ့် လျှို့ဝှက်ဂိုဏ်းကဘာဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ....။  File size…1.39GB / 654MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 41m Genre ….. Drama , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Birthright: Outlaw (2023)

Solace (2015) 6.4
Solace (2015) Solace (2015)~ IMDb rating - 6.4/10 ~ဘရက်ဒ်ပစ်နဲ့ မော်ဂန်ဖရီးမန်းတို့ရဲ့ Se7en အဆက်​အနေနဲ့ရိုက်ကူးမယ်လို့ စီစဥ်ခဲ့​​ပေမဲ့ ဒေးဗစ်ဖင်ချာက ဇာတ်ညွှန်းသိပ်သ​ဘောမကျတာ​ကြောင့် အစီအစဥ်ပျက်သွားပြီး Se7en နဲ့ အချိတ်အဆက်မလုပ်တော့ဘဲ သူ့ဘာသာ သီးခြားထွက်ရှိလာတဲ့ မှုခင်း ဒရာမာကားတစ်ကားဖြစ်ပါတယ်။ Anthony Hopkins လို ထိပ်တန်းမင်းသားကြီးနဲ့ Colin Farrell လို A-List မင်းသားအပါအဝင် Jeffrey Dean Morgan အပြင် Abbie Cornish လည်းပါထားတာမို့ Se7en လောက်နီးနီး Cast ရော ဇာတ်ရော ကြမ်းနေတဲ့ စိတ်နယ်လွန်မှုခင်းကားမို့ အားလုံးသဘောကျလောက်မယ့် ရုပ်ရှင်ပါပဲ။~ ဇာတ်လမ်းအညွှန်း ~သဘာဝလွန် စိတ်နယ်လွန် ပဟေဠိဆန်ဆန်စွမ်းအားတွေရော၊ FBI က ကွင်းဆက်လူသတ်မှုအတွက် အမှုလိုက်တာရော ပေါင်းစပ်ထားတဲ့ ရုပ်ရှင်မို့ သဘာဝလွန်စုံထောက်ကားအဖြစ်နဲ့ ဇာတ်အိမ်ဆန်းဆန်းပြားပြား တည်ထားတဲ့ရုပ်ရှင်ပါ။ဂျွန်ကလန်စီဆိုတဲ့လူရှိတယ်။ သူက ...
movie

Solace (2015)

2015
Taking the Reins (2021) 6.3
Taking the Reins (2021) Taking the Reins (2021) ================= IMDb Rating - 6.3/10ဒီတစ်ခေါက်မှာတော့ Romance genre အမျိုးအစားဖြစ်တဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်ကတော့... ဆမန်သာ ဟာ လက်ရွေးစင်မြင်းစီးချန်ပီယံ ပရက်စတန်ရဲ့ သမီး ဖြစ်သူဖြစ်တာကြောင့် ငယ်စဉ်ကတည်းက မြင်းတွေနဲ့ အတူတူ ကြီးပြင်းလာခဲ့ပြီး မြင်းစီးရတာကို အရမ်းခုံမင်နှစ်သက်သူပါ။ သူမရဲ့အဖေကလည်း သူ့သမီးလေးကို ပြိုင်ပွဲတစ်လျှောက်ခေါ်သွား လေ့ရှိပြီး၊ သူ့ကိုအိုလံပစ်ပြိုင်ပွဲအထိ ဝင်ပြိုင်နိုင်မယ်လို့တောင် ထင် ထားခဲ့ပါတယ်။တစ်နေ့မှာတော့ ဆမန်သာ သူနှစ်သက်မြတ်နိုးရတဲ့ မြင်းစီးလောက ကနေအနားယူလိုက်ပါတယ်။ ဒါ့အပြင် သူ့နေရပ်ကနေ စွန့်ခွာပြီး နယူး ယော့ခ်မှာ စာရေးဆရာတစ်ယောက်အဖြစ် သူ့ဘဝကိုဖြတ်သန်းနေခဲ့ ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့အိမ်ယာမှာ မြင်းစီးချန်ပီယံပြိုင်ပွဲကြီး ကျင်းပမဲ့အချိန်မှာ ဆမန်သာတစ်ယောက် သူမရဲ့ဆောင်းပါးရေးဖို့အတွက် အိမ်ကို ပြန်ဖို့ ဖြစ်လာပါတယ်။အိမ်ပြန်ရောက်ရောက်ချင်း သူမရဲ့ အရင်ယောက်ျား အိမ်မှာရှိနေတာကို တွေ့လိုက်ရတဲ့အခါမှာတော့.....သူမရဲ့ အချစ်ဇာတ်လမ်းလေး ပြန်လည် အသက်ဝင်လာတာကနေ ဇာတ်လမ်းကိုအစပျိုးရိုက်ကူးထားပါတယ်။ သူမရဲ့ ချစ်ရတဲ့ မြင်းတွေစီကနေ ဘာဖြစ်လို့ ခွဲခွာလာရတာလဲ၊ မြင်းစီးတဲ့ သူမရဲ့ဝါသနာကို ဆက်လုပ်ဖြစ်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှူပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.57 GB) ...
movie

Taking the Reins (2021)

2021
Gosnell: The Trial of America’s Biggest Serial Killer (2019) 8.1
Gosnell: The Trial of America’s Biggest Serial Killer (2019) ဒီဇာတ်ကားကတော့ ဇာတ်ကားနာမည်ကြည့်တာနဲ့ တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတယ်ဆိုတာကို သိနိုင်ပါတယ်။ဇာတ်ကားရဲ့နာမည်ကမှာ သုံးထားတဲ့ အမေရိကန်နိုင်ငံရဲ့အကြီးမားဆုံးကွင်းဆက်လူသတ်သမား ဆိုတာ Kermit Gosnell လို့ခေါ်တဲ့ ဆရာဝန်ပါ။ဆရာဝန်ဆိုပေမယ့် ရိုးရိုးဆရာဝန်မဟုတ်ပါဘူး၊ ကိုယ်ဝန်ဖျက်ချပေးတဲ့ဆရာဝန်ပါ။ကိုယ်ဝန်ဖျက်ချပေးတာဟာ ကျွန်တော်တို့နိုင်ငံမှာ တရားမဝင်ပေမယ့် အမေရိကန်နိုင်ငံမှာတော့ တရားဝင်ပြုလုပ်ခွင့်ပေးထားတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။တရားဝင်ဆိုပေမယ့် ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကတော့ တင်းကျပ်ပါတယ်။Kermit Gosnell ကတော့ အဲဒီစည်းမျဉ်းတွေကို လိုက်နာခြင်းမရှိခဲ့ပါဘူး။ကိုယ်ဝန်ဆောင်ကာလခြောက်လကျော်ရင် ဖျက်ချပေးခွင့်မရှိတာကို ဖျက်ချပေးတယ်။သတ်မှတ်ဦးရေထက်ပိုပြီး လက်ခံပေးတယ်။ဖျက်ချတဲ့နေရာမှာလည်း ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်တွေကို လိုက်နာခြင်းမရှိခဲ့ပါဘူး။ဒါ့အပြင် သူ့ဆေးခန်းကသူနာပြုတွေကလည်း အတွေ့အကြုံမရှိတဲ့သူတွေ၊ စနစ်တကျလေ့လာသင်ယူမှုမရှိခဲ့တဲ့သူတွေချည်းပါပဲ။Kermit Gosnell ဆိုတဲ့ဆရာဝန်ကို ရဲတွေသံသယစရှိတဲ့အမှုက မူးယစ်ဆေးဝါးမှုပါ။မူးယစ်ဆေးဝါးမှုနဲ့လိုက်ရင်း သူ့ဆေးခန်းမှာ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ဖူးတဲ့အကြောင်းကို သိရှိသွားတဲ့အခါမှာတော့ Philadelphia ရဲတပ်ဖွဲ့စုံထောက် James Wood ဟာ လူသတ်မှုဖြစ်နေနိုင်တယ်လို့ သံသယရှိသွားတဲ့အတွက် ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ဒီလိုစုံစမ်းစစ်ဆေးရင်းနဲ့ပဲ ...
movie


2019