Channel Myanmar

Jay Jablonski

Take Me Home Tonight (2011) 6.3
Take Me Home Tonight (2011)  ဒီတစ်ခါ ပေါ့ပေါ့ပါးပါး ပျော်စရာ လူငယ်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်...ဘဝမှာ လူရယ်လို့ ဖြစ်လာရင် ရွေးချယ်မှုတွေလုပ်ကြရစမြဲပါ ကလေးဘဝတည်းကစ...အသက်တွေကြီးလာတဲ့အထိ..ကိုယ့်အတွက် ကောင်းမယ်ထင်တဲ့ဟာကို ရွေးချယ်ကြတာပါပဲ။ မှားမှာကို ကြောက်ပြီး ဘာမှမရွေးခဲ့ရင်တော့မမှားဘူးပေါ့လေ..သေချာတာကတော့ ဘာမှလည်း ဖြစ်မလာဘူးဆိုတာပါပဲ။ဒီ လူငယ်ဖန်စီဇတ်လမ်းလေးမှာ မတ်ဖရန့်ကလင်းဆိုတဲ့ကောင်လေးက ငယ်ငယ်ကတည်းက မှားမှာကိုကြောက်တတ်တဲ့သူပါ..MIT ကျောင်းလိုမျိုးကနေဘွဲ့ရပြီးတာတောင် မအောင်မြင်မှာကြောက်ပြီး ဘာအလုပ်မှလုပ်ဖို့ မရွေးချယ်ရဲဘဲ ကုန်တိုက်တစ်ခုက ဗီဒီယိုဆိုင်မှာအလုပ်ဝင်လုပ်နေပါတယ်...တစ်နေ့မှာ ကျောင်းတုန်းက သူကြိတ်ကြွေခဲ့ရတဲ့တိုရီ ဆိုတဲ့ ကောင်မလေးကို ပြန်ဆုံမိပါတယ်။မတ် တစ်ယောက် တိုရီကို ဘယ်လိုတွေ ပြောပြီးပါတီအတူတက်ရဖို့ ကြံဖန်မလဲဆိုတာ..။ File size…2.26GB / 915MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

Take Me Home Tonight (2011)

Unrest(2006) 5.7
Unrest(2006)   Horror ကားမျှော်နေကြတဲ့သူတွေအတွက် အလောင်းတစ်လောင်းကြောင့် ဗရုတ်တွေရှုပ်ကုန်တဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ခန္ဓာနဲ့ဝိဉာဥ်ယှဉ်တွဲနေထိုင်နေကြတဲ့ သတ္တဝါတွေ၊ ခန္ဓာကသေဆုံးပြီးတဲ့အခါ ဝိဉာဉ်ကဘယ်ရောက်သွားမလဲ။ ဘာဆက်ဖြစ်မလဲ။ အကယ်၍ ကျိန်စာသင့်နေတဲ့ ဝိဉာဉ်တစ်ခုဆိုရင်ရော....ခန္ဓာဗေဒကို ‌လေ့လာနေကြတဲ့ ကျောင်းသားတစ်စုမှာ အယ်လစ်ဆင်၊ ဘရိုင်ယန်၊ ရစ်ခ် နဲ့ ကားလို့စ်တို့ဟာ အလောင်းတစ်ခုကိုခွဲစိတ်ဖို့ တစ်ဖွဲ့တည်းအတူတူကျခဲ့ပါတယ်။ ပထမဆုံးရက်မှာတင် အယ်လစ်ဆင်က အလောင်းကိုမြင်ပြီးတဲ့နောက် ထူးဆန်းတဲ့အာရုံတွေရနေပြီး မူမမှန်တာကို ခံစားနေခဲ့ရတာပါ။ ဒါပေမယ့် သူ့အတန်းဖော်တွေရော၊ သူဆရာကပါ သိပ်ပြီးထွေထွေထူးထူးလို့မထင်ပဲ သူ့ခံစားမှုကို လစ်လျူရှုခဲ့တဲ့နောက် ကြောက်စရာကောင်းတဲ့အရာတွေ စတင်ဖြစ်ပျက်လာပါတော့တယ်။ သူ့အာရုံမှာ ဘာကိုခံစားနေရတာလဲ။ သူတို့ခွဲစိတ်နေခဲ့တဲ့ အလောင်းက ဘာတွေမူမမှန်နေခဲ့တာလဲ။ ဘယ်လိုမကောင်းဆိုးရွားမျိုးက သူတို့ဆီကိုချဉ်းကပ်လာနေသလဲဆိုတာကို ရင်တထိတ်ထိတ်တဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…2.01GB / 727MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 28m Genre ..... Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Unrest(2006)

The Big Short (2015) 7.8
The Big Short (2015) The Big Short (2015) Won 1 Oscar... Another 37 wins & 80 nomination IMDb….7.8/10_____Rotten….88% [Unicode]The Big Shortစကားဦးသန်းချင်တာကတော့ ရုပ်ရှင်တစ်ကားကို ချဉ်းကပ်တဲ့အခါ အပျင်းပြေကျော်ကြည့်ချင်ရုံသက်သက်ဆို ဒီရုပ်ရှင်ကို လက်ရှောင်သင့်ပါတယ်။ ဘာတစ်ခုမှနားလည်လိုက်မှာ မဟုတ်ပါဘူး။ The Wolf of Wall Streetတို့ Moneyballတို့လိုကားတွေကြိုက်တယ်ဆိုရင်တော့ ဒီကားက ခင်‌ဗျားအတွက်ပါပဲ။ဒီရုပ်ရှင်ကို Brad Pittရဲ့ Plan B Productionက ထုတ်ထားပြီး Brad Pittကိုယ်တိုင်ပါတဲ့အပြင် Christiain Bale, Steve Carell,Ryan Glosingတို့ရဲ့ မှော်ဝင်မှုတွေလည်း ခမ်းနားပါတယ်။ Margot Robbieနဲ့ Selena Gomezတို့လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါပါတယ်။ Best adapted Screenplay awardနဲ့ အော်စကာရခဲ့ပြီး Baleရဲ့ Best supporting Acotrအပါအဝင် ဆန်ခါတင်လေးဆုဝင်ထားပါတယ်။ 2010မှာထွက်ခဲ့တဲ့ The Big Shortဆိုတဲ့ စာအုပ်ကို ရိုက်ထားတာပါ။2008တုန်းက Financial Crisis ဘဏ္ဍာရေးပျက်ကပ်တစ်ခု ဖြစ်ခဲ့တယ်။ အမေရိကန်သမိုင်းမှာ ဒီ့ထက်ကြီးတာဆိုလို့ ၁၉၃၀က Great Depression စီးပွားပျက်ကပ်ပဲကျန်ပါတယ်။ ကျောက်တုံးကို တူနဲ့ထုခွဲရင် ကျောက်တုံးကွဲတာ နောက်ဆုံးထုချက်ကြောင့်သက်သက်မဟုတ်ပါဘူး။ အရှေ့က အားစိုက်မှုတွေပါပါတယ်။ဒီဖြစ်ရပ်က ၂၀၀၈မှာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖြစ်အပျက်ကမှ ဝုန်းခနဲကျကွဲသွားမတတ်ပါဘူး။ ၂၀၀၅ကတည်းက ဘွန်းတွေရဲ့ ...
movie

The Big Short (2015)