Channel Myanmar

Jean-Claude Bolle-Reddat

Belphegor, Phantom of the Louvre (2001)
Belphegor, Phantom of the Louvre (2001)  မံမီကားဆိုပေမယ့် အီဂျစ်ရဲ့ ပိရမစ်တွေ ဘုရင်တွေရဲ့ သင်္ချိုင်းတွေမှာမဟုတ်ဘဲ ပြင်သစ်မှာ ဇာတ်အိမ်တည်ထားတာပါ။ အထူးသဖြင့် ဇာတ်ဝင်ခန်းအများစုကို ပဲရစ်က နာမည်ကျော် Louvre ပြတိုက်မှာ ရိုက်ကူးထားပါတယ်။အီဂျစ်က တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို Louvre ပြတိုက်ဆီသယ်လာရာမှာ မံမီတစ်ခုလည်းပါလာပါတယ်။ မံမီမှာ နာမည်ရော သူ့ကို မြှုပ်နှံတဲ့အချိန် ထည့်ရတဲ့ ရတနာတွေနဲ့ အဆောင်ပစ္စည်း‌တွေ ပါမလာပါဘူး။ ပညာရှင်တွေက သူ့ကိုလေဆာစကန်ဖတ်နေတဲ့အချိန် မံမီထဲကနေ ဝိညာဉ်ထွက်သွားပါတယ်။ အဲ့ဝိညာဉ်က ပြတိုက်တစ်ဖက်လမ်းမှာနေတဲ့ လီဆာဆိုတဲ့ မိန်းကလေးကိုယ်ထဲ ဝင်သွားပါတယ်။မကြာခင် ပြတိုက်က အစောင့်တွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီး တစ္ဆေရှိတယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့လာပါတယ်။ မံမီဝိညာဉ်ဝင်ပူးခံနေရတဲ့ လီဆာကလည်း ထူးထူးဆန်းဆန်းတွေ လုပ်နေပြီး လျှပ်စစ်မီးတွေကိုပါ ထိန်းချုပ်နိုင်လာပါတယ်။ ပြတိုက်လုံခြုံရေးတွေက မံမီတစ္ဆေကို သူခိုးထင်ပြီး ဖမ်းဖို့ကြိုးစားရင် သေကုန်တဲ့အခါ...လီဆာပါ အသက်အန္တရာယ်ရှိလာတဲ့အခါ...မံမီရဲ့ ရည်ရွယ်ချက်ကို သိအောင်လုပ်ပြီး လီဆာကို ကယ်ဖို့ သူ့ချစ်သူမာတင် ကြိုးပမ်းတာကို ...
movie

Belphegor, Phantom of the Louvre (2001)

The Crime Is Mine (2023) 6.6
The Crime Is Mine (2023) The Crime is Mine (2023)၂၀၂၃ မှာ ထွက်ရှိလာတဲ့ Drama/ Comedy အမျိုးအစား ပြင်သစ်ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးချင်ပါတယ်။ IMDb rating 6.6 နဲ့ Rotten Tomatoes 100% ရရှိထားတာပါ။ တကယ်လည်း ရယ်ရသလို၊ တော်တော်လည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးမို့လို့ အချိန်ပေးရကျိုးနပ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ပေါ်လင်းနဲ့ မက်ဒလိန်းတို့ဟာ ဘဝကို ရုန်းကန်နေရတဲ့ သူငယ်ချင်း နှစ်ယောက်ပါ။ တိုက်ခန်းကျဉ်းကျဉ်းလေး ငှားနေရင် ငှားခလည်းမပေးနိုင်၊ အကြွေးတွေလည်း တင်နေတာမို့ အကြွေးရှင်တွေကလည်း ပတ်ပတ်လည်ဝိုင်းနေပါတယ်။ မက်ဒလိန်းကတော့ နာမည်မကြီးတဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက်ပါ၊ ပေါ်လင်းကတော့ ရှေ့နေမလေးပါ။ မက်ဒလိန်းကို နာမည်ကြီး ထုတ်လုပ်သူ တစ်ယောက်ဖြစ်တဲ့ မွန်ဖဲအ်ဟုန်က ပြဇာတ်မှာ ဇာတ်ကောင်တစ်နေရာ ပေးမယ်ဆိုပြီး သူ့အိမ်ကိုခေါ်ကာ မတော်တရားလုပ်ဖို့ ကြံပါတာမို့ မက်ဒလိန်းလည်း ထွက်ပြေးခဲ့ရပါတယ်။ နောက်တစ်နေ့မှာ မက်ဒလိန်း ထွက်ပြေးပြီးမကြာခင် မွန်ဖဲအ်ဟုန် အသတ်ခံလိုက်ရကြောင်း သူတို့ သိသွားခဲ့ပါတယ်။ နာမည်ကြီးအောင်လို့ သူငယ်ချင်း ၂ ယောက်ပေါင်းပြီး ...
movie

The Crime Is Mine (2023)

2023
The Innocent (2022) 6.7
The Innocent (2022) The Innocent (2022)~ IMDb - 6.7/10, Rotten Tomatoes - 98% ~Little Women (2019) ထဲက မမ Saoirse Ronan ရဲ့ဇာတ်ကောင်အတွက် နောက်ဆုံးမှာပေါ်လာတဲ့ ဖူးစာရှင်ဖြစ်သူ ခန့်ခန့်ညားညား တောင့်တောင့်ဖြောင့်ဖြောင့်ကြီးကို မှတ်မိကြမလား မသိဘူး။ အဲဒီသရုပ်ဆောင်မင်းသား Louis Garrel ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားတဲ့ ပြင်သစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမေတစ်ခု သားတစ်ခုနေလာတဲ့ အာဘဲလ်တစ်ယောက် အမေဖြစ်သူ နောက်အိမ်ထောင် ထူတော့မယ်ဆိုတဲ့အခါ စိတ်ခုစရာကြုံလာပါတယ်။ ပြဿနာကတော့ အမေ့ချစ်သူက လက်ရှိအချိန်မှာ ထောင်၅နှစ်ကျနေတဲ့သူပဲဖြစ်ပါတယ်။ တားမရတဲ့အဆုံး တရားခံဘဝနဲ့ထောင်ထဲရှိနေတုန်းပဲ လက်ထပ်ပွဲကျင်းပလိုက်ကြပေမဲ့ ပထွေးအဖြစ် ထောင်ကလွတ်လာတဲ့နောက်ပိုင်း အာဘဲလ်ရဲ့ အမြင်မကြည်မှုတွေ သံသယတွေနဲ့က သူ့အမေရဲ့ အိမ်ထောင်ရေးမှာ သာယာစေပါ့မလား။ အာဘဲလ်ဟာ အမေ့ကို ကာကွယ်ဖို့အသင့်ဖြစ်နေတဲ့ သားတစ်ယောက်ပေမဲ့ ပြစ်မှုကျူးလွန်ဖူးသူတစ်ယောက်ကရော တစ်ခါ အပြစ်သားဖြစ်ရင် ...
movie

The Innocent (2022)

2022
La Femme Nikita (1990) 7.3
La Femme Nikita (1990) La Femme Nikita (1990)~ IMDb - 7.3/10, RT - 89%, Meta - 56% ~ဒီတစ်ခါက​တော့ အက်ရှင်ကား​​ကောင်း​ကောင်း​တွေကြည့်ချင်​နေတဲ့ ညီအစ်ကို​တို့အတွက် 1990 မှာထွက်ရှိခဲ့ပြီး ဆု​​ပေါင်းများစွာပိုင်​ဆိုင်ထားတဲ့အပြင် Critics Rating ​တွေလည်း​ ကောင်း၊ Series ပါပြန်ရိုက်ရ​လောက်​အောင် ​အောင်မြင်မှုရခဲ့တဲ့ ပြင်သစ်အက်ရှင်ကား La Femme Nikita ဆိုတဲ့ကားပါပဲ။ဒီကားကိုတော့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ထားတာဖြစ်ပြီး သူ့နာမည်ကို သိပ်မရင်းနှီးရင်တောင် Leon: The Professional ကားကို အားလုံးရင်းနှီးကြမှာပါ။ အဲဒီမာစတာပိစ်ကားကို သူရိုက်ခဲ့တာပါ။ Taken ကားကိုလည်း သူပဲဇာတ်ညွှန်းရေးခဲ့ပြီး Lucy ကိုလည်း သူပဲရေးသားရိုက်ကူးခဲ့တာပါ။ နာမည်ကျော်အက်ရှင် ဇာတ်လမ်းကားတွေဖြစ်တဲ့ The Transporter ကားတွေကို သူပဲရေးသား ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီလို အက်ရှင်ဇာတ်လမ်းပိုင်းမှာတော့ ...
movie

La Femme Nikita (1990)

1990