Channel Myanmar

Jefferson Brown

Christmas Island (2023) 7.0
Christmas Island (2023)   ခရစ္စမတ်လည်းနီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားလေးဖြစ်တဲ့ Christmas Island ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ ကိတ်ဂါဘရီယယ်ဆိုတဲ့ လေယာဉ်မှူးမလေးတစ်ယောက် သူဌေးမိသားစု​ဖြစ်တဲ့ ရှာ့ဘ်မိသားစုရဲ့ အားလပ်ရက်ခရီးကို တာဝန်ယူပို့ဆောင်ပေးရတဲ့အချိန်မှာအတ္တလန်တစ်သမုဒ္ဒရာမှာ မုန်တိုင်းပြင်းထန်စွာတိုက်ခတ်နေတာကြောင့် ဘယ်လိုမှ ပျံသန်းလို့မရဘဲ နီးစပ်ရာနေရာကို အရေးပေါ်ဆင်းသက်ရပါ​တော့တယ်။ဆင်းသက်လိုက်တဲ့မြို့နာမည်က ခရစ္စမတ်ကျွန်းတဲ့ ခရစ္စမတ်ကျွန်းမှာ ရှိနေတဲ့အချိန်မှာ မြို့တော်ဝန်တို့အိမ်မှာတည်းခိုရပြီး အဲ့မှာနေရင်း ခရစ္စမတ်ကျွန်းမှာရှိတဲ့ ခရစ္စမတ်ကာလအတွက်ပြင်ဆင်ထားတဲ့အပြင်အဆင်တွေ အခမ်းအနားတွေကို တက်ရောက်ရင်း အဲ့မှာနေရင်း အဲ့ကမိသားစုနဲ့လည်း ခင်မင်ရင်းနှီးအသားကျသွားပါတယ် မြို့တော်ဝန်ရဲ့မောင်ဖြစ်သူ အိုလီဗာနဲ့ကိတ်ဟာလည်း ရက်တိုတိုအတွင်းမှာပဲ အနေနီးပြီး ရင်ခုန်သံတွေနိုးကြားလာတဲ့အခါ...ဒီဇာတ်ကားလေးဟာ ခရစ္စမတ်အားလပ်ရက်မိသားစုခရီးစဥ်အကြောင်းကိုပျော်ပျော်ပါးပါးရိုက်ကူးထားတာမလို့ အိမ်ကမိသားစုတွေနဲ့အတူ အပျင်းပြေကြည့်လို့ကောင်းမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..... File size…(1.6 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane https://megaup.net/1jZ4d/Christmas.Island.2023.1080p(CM).WEBRip.mp4https://megaup.net/2FU1b/Christmas.Island.2023.720p(CM).WEBRip.mp4
movie

Christmas Island (2023)

Silent Hill: Revelation ( 2012 ) 5.0
Silent Hill: Revelation ( 2012 ) Silent Hill: Revelation (2012) ကတော့ Silent Hill(2006) ရဲ့ နောက်ဆက်တွဲဖြစ်ပြီးတော့ Konami ရဲ့ Silent Hill 3 ဗီဒီယိုဂိမ်းပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ Sharon  ဆိတ်ငြိမ်တောင်ကုန်းကနေ ပြန်လွတ်မြောက်လာနိုင်ခဲ့ပေမဲ့Rose ကတော့ ပိတ်မိနေခဲ့ပါတယ်။Rose က ခင်ပွန်းဖြစ်သူ Christopher ကို Sharon ဘယ်တော့မှ ဆိတ်ငြိမ်တောင်ကုန်းကို ပြန်မလာနိုင်အောင် ကာကွယ်ပေးပါလို့ ကတိတောင်းထားခဲ့ပါတယ်။တစ်ဖက်ကလည်း Order Of Valtiel ဆိုတဲ့ အဖွဲ့ Sharon ဆိတ်ငြိမ်တောင်ကုန်းကို ပြန်လာအောင် အပြင်းအထန်ကြိုးပမ်းနေကြပါတယ်။Order အဖွဲ့က သူ့ရဲ့အဖေကို ဖမ်းခေါ်သွားတဲ့အချိန်မှာတော့ Sharon တစ်ယောက် ဆိတ်ငြိမ်တောင်ကုန်း ဆီကိုပြန်သွားခဲ့ပါတယ်။အဲဒီမှာ ဘာတွေကသူ့ကိုစောင့်ကြိုနေမလဲ။ သူကိုဘာဖြစ်လို့ Order က အရမ်းလိုချင်နေကြတာလဲ။ သူရောက်လာတဲ့အချိန် ဆိတ်ငြိမ်တောင်ကုန်းမှာ ဘာတွေပြောင်းလဲသွားမလဲ။ ကြည့်လိုက်ကြပါဦး။Translated & Review ...
movie

Silent Hill: Revelation ( 2012 )

2012
Carrie (2013) 5.9
Carrie (2013) Carrie (2013) IMDb - 5.9/10_____Rotten - 50%    ပြီးခဲ့တဲ့ လတွေက ကျနော် Stephen King ဝတ္တုတွေကို ရုပ်ရှင်ရိုက်ထားတဲ့ စာရင်းကို စလေ့လာခဲ့တယ် အဲ့ဒီထဲကနေ တကယ်ကောင်းတဲ့ ရုပ်ရှင်ကားတစ်ချို့ကို ဘာသာပြန်ပြီး CM ကနေ ပြန်တင်ဆက်ပေးဖို့ စိတ်ကူးခဲ့ပါတယ် အဲ့ဒီထဲမှာ Carrie လဲ အပါအဝင်ပါပဲ Carrie ရဲ့ အကြောင်းကရော ဘယ်လိုများလဲ ရုပ်ရှင်ကို ခဏ ကြည့်ရအောင်... ---------------------------------------------------------- တိတ်ဆိတ်တဲ့ ညတစ်ခုမှာ မာဂရက်ဝှိုက် ဟာ ကိုယ်ဝန်အရင့်မာကြီးကနေ ရေမွှာပေါက်ပြီး သူ့အိပ်ခန်းထဲက ကုတင်ပေါ်မှာ ကလေးကို ခက်ခက်ခဲခဲ မွေးထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်.. ဘာလို့ သူမ ဆေးရုံမသွားတာလဲ တစ်ယောက်ထဲ မွေးဖွားဖို့ ကြိုးစားတာလဲ ? ကလေးဟာ တော်ရုံနဲ့ ထွက်မလာပါဘူး မာဂရက် ကို အကြီးမားဆုံးသော နာကျင်မှုတွေပဲ ပေးနေပါတယ် မယ်တော်မေရီ ကိုပဲ သူမ တမ်းတ ဆုတောင်းနေရပါတယ်.. ဒီလိုနဲ့ ကလေးကို ခက်ခက်ခဲခဲ မွေးနိုင်ခဲ့တယ် ကလေးကို လှမ်းကြည့်လိုက်ပြီး သူမ ဘေးနားက ကတ်ကြေးချွန်ကိုဆွဲပြီး ကလေးကို ထိုးသတ်ဖို့ လုပ်တယ် ဒါပေမယ့် ...
movie

Carrie (2013)

2013