Channel Myanmar

Jeong Dae-hoon

Tae Guk Gi: The Brotherhood of War (2004) 8.1
Tae Guk Gi: The Brotherhood of War (2004) IMdb Rating (8.0) / Rotten Tomatoes (80%)ဒါရိုက်တာရင်လို့သိကြတဲ့မင်းသားကြီး Jang Dong-Gun နဲ့ ထယ်ဆောက်လို့ သိကြတဲ့ မင်းသား Won Bin တို့ပါဝင်တဲ့ဒီဇာတ်ကားက လူကြိုက်များပြီးသား ကိုရီးယားစစ်ကားတစ်ကားဖြစ်ပါတယ်။သမိုင်းနောက်ခံ Fatherland Liberation War လို့ခေါ်တဲ့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားမှာ 25ဇူလိုင်လ၁၉၅၀ကနေစပြီးဖြစ်ပွါးခဲ့ပါတယ် ၃နှစ်ကြာ(၁၉၅၀ ဇူလိုင် ၂၇မှ)ပြီးမယ့်ဒီစစ်ပွဲမှာ အမေရိကန်တွေက တောင်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့သလို ဆိုဗီယက်အထောက်အပံ့ရထားတဲ့တရုတ်တွေကမြောက်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့တယ်ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအရှိန်မြင့်နေတဲ့အချိန်မှာဖြစ်ခဲ့တဲ့ဒီစစ်ပွဲမှာ ၁၉၄၅စက်တင်ဘာလ၈ရက်နေ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ချီယွန်ကိုရောက်လာပြီး လတ္တီကျူ38ဒီဂရီမျဉ်းနဲ့အပြိုင်ဒေသမှာ ဂျပန်တို့လက်နက်ချပွဲတက်ရောက်ခဲ့တယ် ၁၉၄၅ဒီဇင်ဘာလမှာ ဆိုဗီယက်အမေရိကန်ကော်မရှင်အဖွဲ့ကကိုရီးယားကိုအုပ်ချုပ်ခဲ့တယ် ဂျပန်ကိုအတူတိုက်ထုတ်ခဲ့ကြတဲ့ ကိုရီးယားနိုင်ငံသားတွေဟာတောင်မြောက်ကွဲပြီး သူသေကိုယ်သေတိုက်နေသလို စစ်အေးကာလသြဇာကြီးမားဖို့အတွက် အမေရိကန်နဲ့ဆိုဗီယက်တို့ကလဲအပြိုင်အဆိုင်တိုက်ကောင်းနေကြတဲ့အချိန်လဲဖြစ်တယ်ဇာတ်လမ်းအကျဉ်း အေးချမ်းပြီးပျော်ဖို့ကောင်းတဲ့မိသားစုတခုမှာ ဂျင်တေး ဂျင်ဆောက်ညီအကို၂ယောက်.... ညီအကို၂ယောက်ကတော့  ဒါရိုက်တာရင်နဲ့ထယ်ဆောက်လို့လူသိများတဲ့ နာမည်ကြီးမင်းသား နှစ်ယောက်ပဲဖြစ်ပါတယ်... သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း ဇာတ်ကားဟာ ပိုပြီးတော့ ရသမြောက်ခဲ့တယ်လို့ပဲဆိုရမှာပေ့ါ..... အဖေမရှိတော့ပေမယ့် သူတို့ကိုချစ်တဲ့စကားမပြောနိုင်တဲ့ အမေရယ် အကိုဂျင်တေးရဲ့စေ့စပ်ထားတဲ့မိန်းမရယ်သူ့မောင်လေး တွေနဲ့သူတို့မိသားစုကအတော်ကိုအေးချမ်းခဲ့တယ်ဖိနပ်ချုပ်ဖိနပ်တိုက်တဲ့အကိုဖြစ်သူကစာတော်ပြီးလိမ္မာရေးခြားရှိတဲ့ သူ့ညီကိုအတော်ကိုချစ်ခဲ့တယ်... ၁၉၅၀ခုနှစ် ကိုရီးယားစစ်ပွဲကသူတို့မိသားစုကို မမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးတွေသယ်လာပေးခဲ့တယ် အသက်၁၈နှစ်ကနေ၃၀ကြား ယောက်ျားအားလုံးစစ်မှုထမ်းရမယ်ဆိုတဲ့ အမိန့်အောက်မှာညီဖြစ်သူဂျင်တေးအစားလိုက်သွားဖို့တောင်းဆိုရင်းကနေ ညီအကို၂ယောက်စလုံး စစ်ပွဲထဲပါခဲ့တယ် စစ်ဖြစ်နေတဲ့ကာလမှာညီဖြစ်သူကိုအိမ်ပြန်နိုင်အောင်ဘယ်လိုကြိုးစားခဲ့လဲ... သူချစ်တဲ့သူ့ဇနီးလောင်း..သူ့မိခင်ကြီးတို့ဘယ်လိုရုန်းကန်ခဲ့ရသလဲ... ဖိနပ်ချုပ်နေရင်းနဲ့သူ့ညီစာသင်ပေးခဲ့တဲ့ ကောင်လေးတယောက်က မြောက်ကိုရီးယား တပ်ထဲအတင်းသွင်းခံရတဲ့အခါမှာ သူတို့ဘယ်လိုတွေရင်ဆိုင်ခဲ့ကြလဲ... စစ်ပွဲသရုပ်ပေါ်လွင်အောင်ရိုက်ထားတဲ့စစ်ကားဖြစ်သလို အချစ်အမုန်းရသစုံအောင်ဇာတ်အိမ်ဖွဲ့ထားတဲ့ဒီစစ်ကားလေးဟာလည်း အပစ်အခတ်အကြမ်းအတမ်းတွေကြားမှာ ဂရုဏာသက်စရာ သနားစရာ ဇာတ်ဝင်ခန်းတွေကို ရိုက်ပြသွားတဲ့ ရိုက်ကွက်တွေဟာဆိုရင် တကယ်ကိုပြောင်မြောက်လွန်းပါတယ် IMDb rating ...
movie

Tae Guk Gi: The Brotherhood of War (2004)

2004
[18+] Wet Dreams (2002) Mongjunggi 5.4
[18+] Wet Dreams (2002) Mongjunggi Sex is Zero လို ကျောင်းသားဟာသကားတွေကြိုက်တတ်ရင်တော့ Wet Dreams ဆိုတဲ့ ဒီကိုရီးယားကားမှာလဲ ခွီရဦးမှာပါ။ဒေါင်ဟွန်း ဆန်းမင်း ယောင်ဂျေး ဆွတ်ဂူးတို့ဟာယောက်ျားလေးသီးသန့်ကျောင်းမှာတက်ရောက်နေတဲ့ လူပျိုဖော်ဝင်စ၊အပျံသင်စ လိင်မှုကိစ္စကိုထဲထဲဝင်ဝင်နှိုက်နှိုက်ချွတ်ချွတ်စိတ်ဝင်တစား စူးစမ်းချင်စပြုလာတဲ့ အထက်တန်းကျောင်းသားလေးတွေဖြစ်ပါတယ်။ အဲ့ဒီကျောင်းကိုမှ သူတို့နဲ့အသက်ချင်းသိပ်မကွာတဲ့ ငယ်ငယ်လှလှ ဆရာမလေးတစ်ယောက်က အလုပ်သင်အဖြစ်ဝင်လာတဲ့အချိန်မှာတော့ အဲ့ဒီဆရာမလေးနဲ့ နီးစပ်ခွင့်ရဖို့အရေး သူတို့တွေအလောင်းအစားနဲ့အကြံအဖန်လုပ်ကြတဲ့အထိဖြစ်လာပါတော့တယ်။အဲ့ဒီဆရာမလေးကလဲ ကိုယ်ပိုင်ဇာတ်လမ်းရှိပါတယ်။ ဆရာမလေးရဲ့တစ်ဖက်သတ်အချစ်ဦး ဆယ်ကျော်သက်တုန်းက တဖက်သတ်ကြိတ်ကြွေခဲ့ရတဲ့ ဆရာအစ်ကိုကြီးဟာ အဲ့ဒီကျောင်းမှာကျောင်းဆရာအဖြစ်ရှိနေလို့ဒီကျောင်းကိုမရောက်ရောက်အောင် ဖန်တီးယူခဲ့တာဖြစ်နေလို့ပါပဲ။ဆရာမလေးကသူ့ဇာတ်လမ်းနဲ့သူ့ချစ်ရသူကိုနီးစပ်ခွင့်ရဖို့ကြိုးစားသလို ဒေါင်ဟွန်းတို့လေးယောက်ကလဲ ဆရာမလေးလက်ကိုကိုင်ဖို့၊ အောက်ခံဘောင်းဘီ ဘာရောင်လဲဆိုတာမြင်ရဖို့တို့ ညစ်တီးညစ်ပတ်အလောင်းအစားတွေနဲ့ကြိုးစားနေရင်းက ဒေါင်ဟွန်းဟာ ဆရာမလေးအပေါ် တစ်ပါးသူ စကားနဲ့ထိပါးလာရင်တောင်မခံချင်မခံမရပ်နိုင်ဖြစ်လာတဲ့အထိမေတ္တာရှိမြတ်နိုးသွားမိတဲ့အခါမှာတော့..။စိတ်ကူးယဉ်တတ်စ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ အိမ်မက်ပင်လေးကိုပျိုးမိတော့တာပါပဲ၊ သူ့ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်မလဲ? ဆရာမလေးရဲ့ အထက်တန်းကျောင်းကတည်းကစခဲ့တဲ့ တစ်ဖက်သတ်ဇာတ်လမ်းလေးကရော? ဇာတ်သိမ်းကတစ်ခုပဲလှဖို့ရှိပါတယ်။Wet Dream ဟာကျွန်တော်တို့ဆီမှာနာမည်ကျော်ဖြစ်တဲ့ Sex is Zero နဲ့ တစ်နှစ်ထဲထွက်ရှိခဲ့ပြီး အပြိုင်နာမည်ကြီးခဲ့တဲ့ဇာတ်ကားလဲဖြစ်ပါတယ်။ ကိုရီးယားလှိုင်းအစရုပ်ရှင်တွေထဲမှာတစ်ကားအပါအဝင်ဖြစ်ပြီးကြည့်ဖူးတဲ့သူတွေဆို တစ်ချို့ဇာတ်ကွက်တွေကိုမှတ်မိကြဦးမှာပါ။သူတို့သူငယ်ချင်းလေးယောက်ရဲ့လိင်ကိစ္စ စပ်စုပုံ၊စူးစမ်းပုံတွေ၊ ဆရာမလေးအနားကပ်ခွင့်ရဖို့ကြိုးစားကြပုံတွေဟာ အသေခွီနေရပြီးကိုယ့်ငယ်ဘဝကိုယ်ပြန်အမှတ်ရစရာတိုက်ဆိုင်မှုလေးတွေကိုပါမြင်ရတွေ့ရပါလိမ့်မယ်။ဇာတ်လမ်းရဲ့အဆုံးမှာ Credit scene ဆန်ဆန်တစ်ခန်းပါဝင်ပြီး၊ အဲ့ဒီနေရာမှာ ဆရာကြီးတစ်ယောက် Cameo အဖြစ်စပရိုက်တိုက်ထားပါတယ်။Wet Dreams 2 ဆက်ထွက်ခဲ့ပြီး Wet ...
movie

[18+] Wet Dreams (2002) Mongjunggi