Channel Myanmar

[18+] Wet Dreams (2002) Mongjunggi

AdultAsianComedyDramaRomance

5.4
IMDB: 5.4/10 votes

902165

Report error

Sex is Zero လို ကျောင်းသားဟာသကားတွေကြိုက်တတ်ရင်တော့ Wet Dreams ဆိုတဲ့ ဒီကိုရီးယားကားမှာလဲ ခွီရဦးမှာပါ။

ဒေါင်ဟွန်း ဆန်းမင်း ယောင်ဂျေး ဆွတ်ဂူးတို့ဟာယောက်ျားလေးသီးသန့်ကျောင်းမှာတက်ရောက်နေတဲ့
လူပျိုဖော်ဝင်စ၊အပျံသင်စ လိင်မှုကိစ္စကိုထဲထဲဝင်ဝင်နှိုက်နှိုက်ချွတ်ချွတ်စိတ်ဝင်တစား စူးစမ်းချင်စပြုလာတဲ့
အထက်တန်းကျောင်းသားလေးတွေဖြစ်ပါတယ်။ အဲ့ဒီကျောင်းကိုမှ သူတို့နဲ့အသက်ချင်းသိပ်မကွာတဲ့ ငယ်ငယ်လှလှ
ဆရာမလေးတစ်ယောက်က အလုပ်သင်အဖြစ်ဝင်လာတဲ့အချိန်မှာတော့ အဲ့ဒီဆရာမလေးနဲ့ နီးစပ်ခွင့်ရဖို့အရေး
သူတို့တွေအလောင်းအစားနဲ့အကြံအဖန်လုပ်ကြတဲ့အထိဖြစ်လာပါတော့တယ်။

အဲ့ဒီဆရာမလေးကလဲ ကိုယ်ပိုင်ဇာတ်လမ်းရှိပါတယ်။ ဆရာမလေးရဲ့တစ်ဖက်သတ်အချစ်ဦး ဆယ်ကျော်သက်တုန်းက
တဖက်သတ်ကြိတ်ကြွေခဲ့ရတဲ့ ဆရာအစ်ကိုကြီးဟာ အဲ့ဒီကျောင်းမှာကျောင်းဆရာအဖြစ်ရှိနေလို့ဒီကျောင်းကိုမရောက်ရောက်အောင်
ဖန်တီးယူခဲ့တာဖြစ်နေလို့ပါပဲ။ဆရာမလေးကသူ့ဇာတ်လမ်းနဲ့သူ့ချစ်ရသူကိုနီးစပ်ခွင့်ရဖို့ကြိုးစားသလို
ဒေါင်ဟွန်းတို့လေးယောက်ကလဲ ဆရာမလေးလက်ကိုကိုင်ဖို့၊ အောက်ခံဘောင်းဘီ
ဘာရောင်လဲဆိုတာမြင်ရဖို့တို့ ညစ်တီးညစ်ပတ်အလောင်းအစားတွေနဲ့ကြိုးစားနေရင်းက ဒေါင်ဟွန်းဟာ ဆရာမလေးအပေါ်
တစ်ပါးသူ စကားနဲ့ထိပါးလာရင်တောင်မခံချင်မခံမရပ်နိုင်ဖြစ်လာတဲ့အထိမေတ္တာရှိမြတ်နိုးသွားမိတဲ့အခါမှာတော့..။

စိတ်ကူးယဉ်တတ်စ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ အိမ်မက်ပင်လေးကိုပျိုးမိတော့တာပါပဲ၊
သူ့ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်မလဲ? ဆရာမလေးရဲ့ အထက်တန်းကျောင်းကတည်းကစခဲ့တဲ့ တစ်ဖက်သတ်ဇာတ်လမ်းလေးကရော?
ဇာတ်သိမ်းကတစ်ခုပဲလှဖို့ရှိပါတယ်။

Wet Dream ဟာကျွန်တော်တို့ဆီမှာနာမည်ကျော်ဖြစ်တဲ့ Sex is Zero နဲ့ တစ်နှစ်ထဲထွက်ရှိခဲ့ပြီး အပြိုင်နာမည်ကြီးခဲ့တဲ့ဇာတ်ကားလဲဖြစ်ပါတယ်။
ကိုရီးယားလှိုင်းအစရုပ်ရှင်တွေထဲမှာတစ်ကားအပါအဝင်ဖြစ်ပြီးကြည့်ဖူးတဲ့သူတွေဆို တစ်ချို့ဇာတ်ကွက်တွေကိုမှတ်မိကြဦးမှာပါ။

သူတို့သူငယ်ချင်းလေးယောက်ရဲ့လိင်ကိစ္စ စပ်စုပုံ၊စူးစမ်းပုံတွေ၊
ဆရာမလေးအနားကပ်ခွင့်ရဖို့ကြိုးစားကြပုံတွေဟာ အသေခွီနေရပြီးကိုယ့်ငယ်ဘဝကိုယ်ပြန်အမှတ်ရစရာတိုက်ဆိုင်မှုလေးတွေကိုပါမြင်ရတွေ့ရပါလိမ့်မယ်။

ဇာတ်လမ်းရဲ့အဆုံးမှာ Credit scene ဆန်ဆန်တစ်ခန်းပါဝင်ပြီး၊ အဲ့ဒီနေရာမှာ ဆရာကြီးတစ်ယောက် Cameo အဖြစ်စပရိုက်တိုက်ထားပါတယ်။

Wet Dreams 2 ဆက်ထွက်ခဲ့ပြီး Wet Dream နှစ်ကားစလုံးကို https://channelmyanmar.org/?s=wet+dreams  မှာကြည့်ပါ။

File size…(2 GB)/(800 MB)
Quality….WEB-DL 1080p/720p
Format…mp4
Duration….01:38:13
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Alias



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies