Channel Myanmar

Jeremy Irons

Dead Ringers (1988) 7.2
Dead Ringers (1988)  အဲလိယတ်နှင့် ဘီဗာလီတို့ဟာ ရုပ်ရည် သွင်ပြင်လက္ခဏာချွတ်စွပ်တူတဲ့ အမြွာတွေဖြစ်ပြီးတော့ သူတို့ဟာ အောင်မြင်တဲ့ မီးယပ်သားဖွားဆရာဝန်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဆေးခန်းဟာ ခေတ်မီဆန်းသစ်တဲ့ နည်းပညာနှင့် ကိရိယာတွေကြောင့် လူသိများပါတယ်။ သူတို့နှစ်ယောက်မှာ အဲလိယတ်ဟာ လူနာအမျိုးသမီးတွေနဲ့ အတူတူ အိပ်လေ့ရှိပြီးတော့ သူငြီးငွေ့သွားရင် သူ့ရဲ့ ညီဖြစ်သူ ဘီဗာလီကို လက်လွဲပေးတတ်ပါတယ်။ဒီတော့ ကောင်မလေးတွေခဗျာ ရုပ်ချင်းဒီလောက်ဆင်တယ်ဆိုတာ မသိတာကတစ်ကြောင်း၊ အကျင့်စရိုက်တွေပါ မခွဲခြားနိုင်တာကြောင့် နှစ်ယောက်ပေါင်းပြီး စားခံနေရမှန်း မသိကြရှာပါဘူး။ တစ်နေ့မှာတော့ နာမည်ကျော်သရုပ်ဆောင်မင်းသမီး ကလဲဟာ ရုပ်ရှင်ဇာတ်လမ်းတိုလာရိုက်ကူးရင်း သူတို့ဆေးခန်းကို လာပြရာက အဲလိယတ်ကို ကြွေဆင်းသွားပြီး တူတူအိပ်ဖြစ်ကြပါတယ်။အဲလိယတ်ကတော့ ကလဲကို ငြီးငွေ့သွားလို့ သူ့ညီ ဘီဗာလီကို သွားအိပ်ခိုင်းပါတယ်။ တနယ်ခြားသူလေး ကလဲဟာ သူမကို ညီအစ်ကိုနှစ်ယောက်ပေါင်းစားနေကြောင်း မသိရှာပါဘူး။ ဒီတော့ ဒီဇာတ်ကားလေးမှာ ကလဲတစ်ယောက် ဒီအဖြစ်မှန်ကို သိသွားမလား၊ သူ့အနေနဲ့ ဘယ်လိုလက်တုံ့ပြန်မလဲ၊ အမြွာနှစ်ယောက်ကရော ဘယ်လိုစိတ်နေစိတ်ထားရှိတာလဲ၊ စိတ်အနေအထားက ...
movie

Dead Ringers (1988)

Zack Snyder’s Justice League (2021) 8.9
Zack Snyder’s Justice League (2021) (function(f,b,n,j,x,e){})();DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Zack Snyder’s Justice League (2021)

4K HEVC
Batman v Superman: Dawn of Justice (2016) 6.4
Batman v Superman: Dawn of Justice (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Batman v Superman: Dawn of Justice (2016)

2016
4K HEVC
The Beekeeper (2024)
The Beekeeper (2024)  ကတုံးမင်းသား ဂျေဆင်ရဲ့ ရုံတင်အက်ရှင်ကားအသစ်လာပါပြီ။ Equalizer နဲ့ John Wick နဲ့ Jason Bourne စပ်ကျထားတဲ့ သားပေါက်လေးလိုပဲ ကြမ်းပါတယ်။ ဒါရိုက်တာက Suicide Squad ရဲ့ဒါရိုက်တာ David Ayer ပါ။ ဇာတ်ညွှန်းရေးဆရာက Equilibrium တို့ Law Abiding Citizen တို့ကိုရေးတဲ့ Kurt Wimmer ပါပဲ။ဇာတ်လမ်းအကျဉ်းဘယ်ထောက်လှမ်းရေး အစိုးရအဖွဲ့မှာမှ စာရင်းမဝင်တဲ့ ပျားမွေးသမားတွေဆိုတဲ့ လျို့ဝှက်အဖွဲ့က ဆရာကြီးတစ်ယောက်က အငြိမ်းစားယူပြီး ပျားတကယ်မွေးစားနေပါတယ်။ သူ့ကို ဂိုထောင်လေးငှားပေးထားပြီး ကျွေးမွေးထားတဲ့ အငြိမ်းစားဆရာမကြီးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ အွန်လိုင်းလူလိမ်အဖွဲ့တစ်ဖွဲ့က ဆရာမကြီးရဲ့တစ်သက်လုံးစုထားတဲ့ငွေတွေရော ပရဟိတရန်ပုံငွေတွေရော သန်းချီပြီး လိမ်လည်သွားပါတော့တယ်။ လူလိမ်အဖွဲ့ကို ဆုံးမဖို့ လိုက်ရင်းနဲ့ သူလိုက်တဲ့လူလိမ်တွေက အဖွဲ့ခွဲလေးပဲဆိုတာသိသွားတဲ့အခါ နောက်ကွယ်ကလူတွေနောက်ကိုလိုက်စုံစမ်းရင်းနဲ့ ပိုပိုအင်အားကြီးတဲ့အဖွဲ့တွေနဲ့ တွေ့ရပါတော့တယ်။ ဘယ်လောက်ကြီးကြီး သူ့ကိုမနိုင်ကြပါဘူး။ ဘယ်လောက်များများ သူပဲနိုင်ပါတယ်။ ဂျွန်ဝစ်တို့လို ...
movie

The Beekeeper (2024)

4K HEVC
Die Hard: With a Vengeance (1995) Die Hard 3 7.6
Die Hard: With a Vengeance (1995) Die Hard 3 ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie

Die Hard: With a Vengeance (1995) Die Hard 3

1995
4K HEVC
Once Upon a Studio (2023)
Once Upon a Studio (2023)  ကျွန်တော်တို့ရဲ့ ငယ်ဘဝကို တစ်ဖက်တစ်လှမ်းကနေ ပြည့်စုံအောင် ဖန်တီးပေးခဲ့တဲ့ Disney Studioက နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါပြီ။ Disneyက သူတို့ရဲ့ နှစ်၁၀၀ပြည့် အထိမ်းမှတ်အတွက် အောက်တိုဘာ ၁၆ရက်နေ့က Disney+ နဲ့ Hulu မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ဗီဒီယိုမှာ Disney ရဲ့ Charactersတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ။ Disney ကို ကြည့်ဖူးတဲ့လူတိုင်းအတွက် ယခုဗီဒီယိုအတိုလေးက သင့်ရဲ့ တစ်နေ့တာကို ပြည့်စုံစေမှာပါ။အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(159 MB)/(89 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:09:00 Genre...Family, Animation, Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi ...
movie

Once Upon a Studio (2023)

Kingdom of Heaven (2005) Director’s Cut Roadshow Version 7.2
Kingdom of Heaven (2005) Director’s Cut Roadshow Version Kingdom of Heaven (2005) Director's Cut Roadshow VersionIMDb Rating (7.2)နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical ...
movie

Kingdom of Heaven (2005) Director’s Cut Roadshow Version

2005
4K HEVC
Red Sparrow (2018) 6.6
Red Sparrow (2018) Red Sparrow (2018) ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ...
movie

Red Sparrow (2018)

2018
4K HEVC
The Flash (2023) 7.4
The Flash (2023) The Flash (2023) =============ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန် မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ် ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်း တွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန် တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင် ပါပဲ။ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်း တစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာ မန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အ တိတ်ကို ပြန်သွားပြီး သူ့အမေကို ...
movie

The Flash (2023)

2023
4K HEVC
Margin Call (2011) 7.1
Margin Call (2011) Margin Call (2011)Margin Call ဆိုတာ Trading လောကမှ စကားလုံးဖြစ်ပြီး အဓိပ္ပာယ်ကတော့ မိမိအကောင့်၊ မိမိရဲ့ပိုင်ဆိုင်မှုတန်ဖိုးတွေဟာ သတ်မှတ်တန်ဖိုးအောက်စျေးကျသွားတဲ့အတွက် အကောင့်ပိတ်မသွားအောင် ‌ငွေထပ်ထည့်စိုက်မလား၊ ရှိသမျှပိုင်ဆိုင်မှုတွေရောင်းချမလားကို သတ်မှတ်ပေးတဲ့စည်းမျဥ်းတစ်ခုပါ။ တစ်နည်းပြောရရင် တန်ဖိုးကျသွားလို့ မွဲပြာကျသွားပြီး ဘဝမပျက်ချင်ရင် အကုန်ရောင်းလို့ဆိုလိုချင်တာပါ။ဒီလိုခေါင်းစဥ်နဲ့ ဇာတ်လမ်းလေးကတော့ 2007-2008 ခုနှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်တစ်ခုအတွင်း ဒေဝါလီခံခဲ့တဲ့ ကုမ္ပဏီတစ်ခုကို စိတ်ကူးယဥ်ပြီးပြန်ရိုက်ကူးထားတာပါ။ဇာတ်လမ်းထဲမှာတော့ စတော့ရှယ်ယာလိုမျိုး၊ အာမခံငွေလက်မှတ်လိုမျိုးတွေကို အရောင်းအဝယ်လုပ်တဲ့ ရင်းနီးမြှုပ်နံမှုကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်‌ယောက်ဟာ စီးပွားပျက်ကပ်ဖြစ်လာနိုင်တာကိုကြိုသိခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလောကမှာက ယခင်ဖြစ်ခဲ့ဖူးတဲ့ စျေးနှုန်းတန်ဖိုးတွေ၊ အရောင်းအဝယ်မှတ်တမ်းတွေကိုကြည့်ရှုပြီး နောင်ဖြစ်လာနိုင်တာကို အနီးစပ်ဆုံးခန့်မှန်းလို့ရနိုင်လို့ပါပဲ။ဖြစ်လာမယ်မှန်းလည်းသိပြီဆိုတော့ ဒီပျက်ကပ်ကို ဘယ်လိုရှောင်လွှဲကြမလဲဆိုတာ ကြံကြပြန်ပါတယ်။ ဆုံးဖြတ်ချက်မြန်မြန်ချနိုင်လေ ဆုံးရှုံးနိုင်မှုနည်းလေးပဲဆိုတော့ ညတွင်းချင်းဆုံးဖြတ်အတည်ပြုကြပါတယ်။ရှုပ်ထွေးလှတဲ့လောကကြီးမှာ သူများထက် ခေါင်းပိုသုံးတဲ့သူ၊ ဉာဏ်နီဉာဏ်နက်များတဲ့သူ၊ လက်တစ်လုံးခြားလူလည်ကျမှ ရှင်ကျန်စမြဲဖြစ်ကြောင်းရိုက်ပြထားတဲ့ စိတ်ဝင်စားစရာ financeကားလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size        ...
movie

Margin Call (2011)

2011
Casanova(2005) 7.0
Casanova(2005) Casanova(2005)**************Heath Ledger ပါဝင်ပြီး ဆုကြီး ၅ ဆုတောင်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်..ညှို့ဓာတ်ပြင်းလွန်းပြီး မိန်းကလေးတိုင်းလိုလိုကိုဆွဲဆောင်နိုင်တဲ့ ကာဆာနိုဗာ.. အမျိုးသမီးငယ်၊ အပျိုစင်တွေ၊ အိမ်ထောင်ရှိအမျိုးသမီးတွေသာမက မယ်သီလရှင်တွေကိုပါဆွဲဆောင်ပြီးအိပ်ရာထဲခေါ်နိုင်တဲ့အတွက် တရားရုံးကပါကြိုးပေးသတ်ချင်နေတဲ့သူ.. အဲဒီလိုလူတစ်ယောက် တစ်နေ့မှာတော့ အရာရှိတွေလိုက်ဖမ်းလို့ပြေးရင်းအမျိုးသမီးတစ်ယောက်ကို အချစ်စစ်နဲ့ချစ်မိသွားပါတော့တယ်.. ထို "ဖရန်ချက်စ်ကာ"ဆိုတဲ့အမျိုးသမီးလေးမှာလည်း စေ့စပ်ထားတဲ့သူရှိတဲ့အခါ.. ကာဆာနိုဗာတစ်ယောက် ဖရန်ချက်စ်ကာ့စေ့စပ်ထားတဲ့သူနေရာက ဟန်ဆောင်ပါတော့တယ်။ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ တခြားမိန်းကလေးတွေနဲ့မတူထူးခြားတဲ့သူတကယ်ချစ်တဲ့ဖရန်ချက်စ်ကာရဲ့အချစ်ကို ရနိုင်ပါ့မလား.. အလိမ်တွေရောဘယ်လိုပေါ်ကုန်မလဲ..File Size :(2.04GB)(1.04 GB) and (293 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:52:00 Genre : Adventure, Comedy ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie

Casanova(2005)

The Words(2012) 7.0
The Words(2012) The Words(2012)============== ဒီဇာတ်ကားလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန်ကြိုးစားနေရတဲ့စာရေးဆရာတစ်ယောက်ဟာ ကိုယ်တိုင်မရေးခဲ့တဲ့စာမူနဲ့အကြီးအကျယ်အောင်မြင်မှုရသွားခဲ့ပြီးတဲ့နောက် ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ရွေးချယ်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းကို ပြန်ပြောပြထားတာပဲဖြစ်ပါတယ်။Bradley Cooper က သူ့ရဲ့ဇာတ်ရုပ်ကိုကောင်းကောင်းကြီးသယ်သွားပြီးတော့အတွင်းပိုင်းမှာရုန်းကန်ကြိုးစားရတဲ့အခြေအနေကိုကောင်းကောင်းပုံဖော်ပြသွားနိုင်ပါတယ်။ တကယ့်ကိုပြင်းထန်ပြီးတော့စိတ်ပိုင်းဆိုင်ရာအရညှင်းပန်းနှိပ်စက်ခံနေရတဲ့ပုံစံကို Bradley Cooper ကပုံဖော်သရုပ်ဆောင်ပြသွားနိုင်တာက ကြိုဆိုရမယ့်အပြောင်းအလဲတစ်ခုပဲဖြစ်ပါတယ်။ဖန်လုံအိမ်ထဲမှာ အရာရာကိုပြန်အဆင်ပြေအောင်ကြိုးစားနေတဲ့သူ့ရဲ့သရုပ်ဆောင်ချက်တွေကရင်သပ်ရှုမောလောက်စရာပါပဲ။ဒီ The Words ဆိုတဲ့ရုပ်ရှင်ကားမှာ ကြည့်ရှုဖို့ထိုက်တန်တဲ့သရုပ်ဆောင်ချက်တွေအများကြီးပါဝင်နေတာမို့ တစ်ခါလောက်မြည်းစမ်းကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်။ File size…1.72GB / 744MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 42m Genre ..... Mystery , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin
movie

The Words(2012)

M. Butterfly (1993) 6.7
M. Butterfly (1993) M. Butterfly (1993)ဒီကားကို ရိုက်တဲ့ဘဲက ဒေးဗစ်ခရိုနင်ဘတ်။ သူ့တော့ သိကြတယ်ဟုတ်။ Crimes of the Future တို့၊ The Fly တို့၊ Crash တို့လို Body Horror တွေအရိုက်များခဲ့တဲ့သူပါပဲ။ Body Horror မာစတာတစ်ပါးအဖြစ်လူသိများတဲ့ ခရိုနင်ဘတ်ဟာ ဒီတစ်ခါတော့ ထူးထူးခြားခြား ဘာညာဘာညာကြတာတောင် ဘော်ဒီမပြတဲ့ ကားကို ရိုက်ချလိုက်တယ်။မင်းသားက Jeremy Irons ပါ။ ပေါ်ပြူလာအရမ်းဖြစ်တဲ့ထဲ မပါပေမဲ့လည်း သရုပ်ဆောင် တော်တော်ကောင်းတဲ့ ဘိုးတော်ကြီးပေါ့။ မင်းသမီးကတော့ အဲလေ နောက်မင်းသားကတော့ ဂျွန်လုံးပါ။ သူကတော့ ပုရီကားမှာ တော်တော်များများသိကြမှာပါ။ Rush Hour 2 ကတော့ သူ့ကို လူသိအများကြဆုံးကားဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းကတော့ ပြင်သစ်သံရုံးက စာရင်းကိုင်တစ်ယောက်ဟာ တစ်နေ့ အော်ပရာသွားကြည့်ရင်း ပီကင်းအော်ပရာသမလေးတစ်ယောက်နဲ့တွေ့တယ်။ ဘာမှတော့မသိပေမဲ့ အနုပညာကိုခံစားတတ်သလို ဘာလိုလိုနဲ့ ရောဖောရင်း ...
movie

M. Butterfly (1993)

1993
Dungeons & Dragons (2000)
Dungeons & Dragons (2000) Dungeons & Dragons (2000)Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ကားတွေကို ကြိုက်တဲ့သူတွေအတွက် အာသာပြေစေမယ့်ကား‌တွေလို့ပြောလို့ရတာတော့ မမှားပါဘူး။~ ဇာတ်လမ်းအကျဉ်း ...
movie

Dungeons & Dragons (2000)

2000
The Lion King (1994) 8.5
The Lion King (1994) The Lion King (1994) ==================  IMDb - 8.5/10______Rotten - 94%Won 2 Oscars. Another 35 wins & 34 nominationsဝေါ့ဒစ်စနေးရဲ့ မာစတာပိစ် တစ်ခုလာပါပြီဗျာ။ ကလေးတုန်းကတည်းက အသဲစွဲ ကာတွန်းလေးပါ။ IMDb 8.5 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ တောဘုရင်ခြင်္သေကြီး မူဖာဆာ မှာ စင်ဘာဆိုတဲ့ သားလေးမွေးဖွားလာပြီး သူ့နေရာကို တစ်နေဆက်ခံခွင့်ပေးဖို့ လျာထားခဲ့ပါတယ်။ အဲဒါကို မကျေနပ်တဲ့ စင်ဘာရဲ့ ဦးလေး မူဖာဆာရဲ့ ညီက ခွေးအတွေနဲ့ ပေါင်းပြီး မူဖာဆာကို လုပ်ကြံပြီး စင်ဘာလေးကို သူ့အပြစ်လို့ထင်အောင်လုပ်ပြီးအဝေးကြီးကို ထွက်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာ ခွေးအတွေကို ခြင်္သေ့တွေနဲ့ပေါင်းနေစေပြီး တောအုပ်ကြီးတစ်ခုလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီရှာဖို့ထွက်လာတဲ့ ခြင်္သေမငယ်သူငယ်ချင်းနဲ့ အတိတ်ကနေ ထွက်ပြေးနေတဲ့ စင်ဘာတွေ့ ပြန်တွေ့ကြတဲ့အခါမှာ.......File Size      : 1.13GB / 584MB Duration     : 1 hr 28 min Quality       : ...
movie

The Lion King (1994)

Birds Like Us (2017) 5.6
Birds Like Us (2017) Birds Like Us (2017)===============Birds Like Us ဇာတ်ကားလေးကတော့ 2017 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Director Faruk Šabanović နဲ့ Amela Ćuhara တို့က ပုံဖော်ရိုက်ကူးပေးထားပါတယ်။ လူသူနဲ့ဝေးရာ ငှက်ရိပ်မြုံကြီးတစ်ခုစီမှာ နေထိုင်ကျက်စားကြတဲ့ ငှက်မျိုးစိတ်လေးတွေ... တစ်ချိန်လုံး မျက်စိပိတ်နားပိတ်နေထိုင်ခဲ့ကြရာကနေ ကိုယ့်ပင်ကိုယ်သဘာဝဖြစ်တဲ့ ပျံသန်းနိုင်ခြင်း အတတ်ကိုပါ မေ့လျော့လာကြတဲ့အခါ... ငှက်အရှင်သခင်ကြီးရဲ့ ခြယ်လှယ်ကြီးစိုးမှုအောက်မှာပဲ ဆက်ပြီးနေထိုင်ကြမလား? လောကကြီးနဲ့ထိတွေ့ဖို့ ကြိုးစားလာကြမှာလား? ကိုယ့်သဘာဝကိုယ်ရော ပြန်လည်ရှာတွေ့နိုင်ကြမှာလား? သူတို့တွေ ဘယ်လိုရှင်သန်ရုန်းကန်ကြမလဲ စတဲ့ လောကသဘာဝရဲ့ ဖြစ်ပျက်မှုအစုံစုံကို ငှက်ကလေးတွေကပုံဖော်ပြသပေးသွားမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thu Soe ဖြစ်ပါတယ်။)File Size - (1.33 GB) / (730 MB) / (316 MB) Quality – WebRip - (1080p) / (720p) / (360p) Duration - ...
movie

Birds Like Us (2017)

2017
House of Gucci (2021) 6.9

House of Gucci (2021)

4K HEVC Web-DL
Munich: The Edge of War (2022) 7
Munich: The Edge of War (2022) ဒီရုပ်ရှင်ဟာ ၂၀၁၇ တုန်းက Gary Oldman ကြီး အော်စကာတွေသိမ်းပိုက်ခဲ့တဲ့ The Darkest Hour ဆိုတဲ့ ဒုတိယကမ္ဘာစစ်ရုပ်ရှင်ရဲ့ ရှေ့ကား ( Prequel) ဆိုပြီးပြောနေကြတယ်..ပထမကမ္ဘာစစ်အပြီးနောက်ပိုင်း နာဇီတို့အင်အားကြီးလာပြီး ဟစ်တလာအာဏာအထွတ်အထိပ်ရောက်နေချိန် ဖြစ်ပါတယ်။ ဂျာမနီရဲ့ တိုးပွားလာတဲ့ လူဦးရေ ၈၅ သန်းကျော်နဲ့အတူ ဂျာမနီပြည်ထောင်သစ်အတွက် နယ်မြေချဲ့ထွင်ဖို့ ဟစ်တလာရဲ့ကြွေးကြွော်သံတွေနဲ့ ဂျာမန်သားတွေလည်း သွေးဆူနေခဲ့ပြီဖြစ်ချင်တော့ ချက်ကိုစလိုဗားကီးယားရဲ့ ဆူဒန်တေနယ်မြေအရေးဟာ ပေါ်ပေါက်လာတယ် ဆူဒန်တေဆိုတာ ချက်ကိုစလိုဗားကီးယားနဲ့ဂျာမနီကြားက နယ်စပ်နယ်မြေဖြစ်ပါတယ် ဒီနယ်မြေကို ဂျာမနီနဲ့ ချက် ၂ နိုင်ငံလုံးက လက္မလွှတ်နိုင်ကြတဲ့အတွက် ဟစ်တလာကတော့ အင်အားသုံးပြီး ချက်ကိုစစ်ကြေြငာဖို့အသင့်ဖြစ်နေပါပြီ ဒါပေမယ့် ချုပ်ဆိုထားတဲ့သဘောတူညီမှုအတိုင်း ချက်နဲ့ဂျာမန်စစ်ဖြစ်တာနဲ့ ဗြိတိန်၊ပြင်သစ်တို့ကပါ မဟာမိတ်နိုင်ငံများစည်းမျဉ်းရ ချက်ဘက်က ဝင်ရောက်တိုက်ခိုက်ပေးရမှာပါ....နာဇီတွေနဲ့စစ်မဖြစ်ချင်တဲ့ ဗြိတိန်ဝန်ကြီး နဗလီချိန်ဘာလိန်ဟာ မြူးနစ်ကိုသွားပြီး ဟစ်တလာနဲ့တွေ့ကာ ဆူဒန်တေဒေသကို ဂျာမန်လက်ထဲထည့်ဖို့သဘောတူစာချုပ်ချုပ်လိုက်ပါတယ်ဒါ့အပြင် ဟစ်တလာနဲ့ချိန်ဘာလိန်ဟာ ဂျာမနီ-အန်ဂလို ဆိုတဲ့ ဗြိတိန်နဲ့ဂျာမနီ ၂ နိုင်ငံ ထာဝရငြိမ်းချမ်းရေး သဘောတူညီမှုကိုပါ တမင်ယူခဲ့ပါတယ် ဒါကိုလုပ်ခဲ့တဲ့အကြောင်းက ဟစ်တလာက ဒီသဘောတူညီမှုကို ဖောက်တာနဲ့ မဟာမိတ်နိုင်ငံများအသင်း တစ်ဖွဲ့လုံး ဂျာမန်ကိုအာခံကြတော့မှာပါ... ဒါပေမယ့် ...
movie

Munich: The Edge of War (2022)

High-Rise (2015) 5.6
High-Rise (2015) High-Rise (2015)IMDb - 5.6/10_____Rotten - 60%    "စကြဝဠာနဲ့ လူတွေရဲ့ ရူးသွပ်မှုသာ အဆုံးမဲ့ဖြစ်တယ်။ အရှေ့ကတစ်ခုကတော့ ကျွန်တော် မသေချာဘူး" လို့ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ သမုဒ်ခံထားရတဲ့ Albert Einstein ကပြောခဲ့ပါတယ်။ လောဘကြောင့် ဒေါသကြောင့့်မောဟကြောင့် လူတွေ ရူးသွပ်နေကြပါတယ်။ Thor ဇာတ်ကားတွေထဲမှာ Loki အဖြစ်တွေ့ရတဲ့ Tom Hiddleton ကို High Rise (2015) မှာတော့ သူ့ရဲ့ရူးသွပ်မှုကို ရိုးရိုးရှင်းရှင်းလေး ခံယူလိုက်တဲ့ Dr. Laing အဖြစ်တွေ့ရမှာပါ။ Tom ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာ ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာ ပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကို Dracula:Untold မင်းသား Luke Evans က Richard Wilder နေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှု မကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။ လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်က မအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laing တစ်ယောက် ...
movie

High-Rise (2015)

2015