Channel Myanmar

Joan Heney

Spider (2002) 6.8
Spider (2002)  ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်စိတ်ရောဂါဝေဒနာရှင်များကို စောင့်ရှောက်ထားတဲ့ဂေဟာတစ်ခုကို ကလက်ခ်တစ်ယောက်ရရှိလာပါတယ်။ ကလက်ခ် မိခင်ဖြစ်သူ သေဆုံးသွားရခြင်းမှာ ဖခင်ဖြစ်သူက အပျော်မယ်တစ်ယောက်နဲ့ဖောက်ပြန်​ကာ မိခင်ကိုသတ်ခဲ့သည်ဟု တထစ်ချယုံကြည်ထားသူတစ်ယောက်ဖြစ်ပါတယ်။အဲဒီဂေဟာမှာ ကလက်ခ်နေ နေတုန်း ငယ်ဘဝက မိခင်ဖြစ်သူနဲ့ဖခင်တို့ အဆင်မပြေမှုတွေ ၊ငယ်ငယ်က သူ၏မိခင်ပြောခဲ့သောစကားတွေ ၊ဖခင်ဖြစ်သူ သွားနေကျအရက်ဆိုင် စသည်ဖြင့်အဖြစ်အပျက်တစ်ခုချင်းကို ပြန်မြင်ယောင်ရင်း ငယ်စဉ်က မိခင်သေဆုံးသွားမှုရဲ့အကြောင်းအရင်းကို ရှာဖို့ကြိုးစားပါတော့တယ်။ သူသိထားတာတွေက အဖြစ်မှန်တွေဖြစ်မလား စိတ်ရောဂါကြောင့်ပဲဖြစ်မလား စသည်ဖြင့် မရေရာမှုတွေနဲ့စောင့်ကြည့်ရမဲ့ စိတ္တဇဆန်ဆန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(850 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:38:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

Spider (2002)

Dead Silence (2007) 6.1
Dead Silence (2007) Dead Silence (2007) ============ IMDb Rating (6.1) အရုပ်သရဲကားတွေထဲမှာတော့ Dead Silence က ဇာတ်လမ်းဇာတ်ကွက်လုံးဝမိမိုက်တဲ့ထဲပါပါတယ်။ ဒီဇာတ်ကားကို ကမ္ဘာကျော် Horror Film တွေထဲ Top ဝင်ခဲ့တဲ့ The Conjuring Universe ကို စဖန်တီးခဲ့တဲ့ ဒါရိုက်တာ James Wanက ရိုက်ကူးပြီး Insidious ကိုအသက်သွင်းခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ Leigh Whannell က ဇာတ်ညွှန်းရေးခဲ့ပါတယ်။ 💀💀 ကျွန်တော်ဒီကားကြည့်တာ ၂ခါရှိပြီ။ကြည့်တဲ့အခါတိုင်း လန့်ရတယ်၊ဇာတ်အိမ်ကို ကြိုက်လို့ ပြန်ရှာကြည့်တယ်။တခြားHorrorတွေထက် ကွဲထွက်တယ်။သူ့ဟန်ပန်နဲ့ သူရှိတယ်။🤐 💀💀 Horror တွေရဲ့ ထုံးစံအတိုင်း စလာတုန်းက ဘာမှန်းမသိဘူး ကြောက်ဖို့ကောင်းတာပဲသိတယ်။နောက်ပိုင်းမှ ဇာတ်က တဖြည်းဖြည်း နက်နဲလာတယ်။🤐 💀💀 အဓိက က ကျွန်တော်အံ့ဩမင်တပ်သွားရတဲ့ point က ပြီးခါနီးမှ ဇာတ်တစ်ခုလုံးရဲ့ မြှုပ်ကွက်ကို ၁မိနစ်အတွင်းရိုက်ပြဖော်ပြသွားတာက အမ်....ဆိုပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့အထိပါပဲ....🤐၁မိနစ်အတွင်းလေးနော်...😳 အစက အဲ့လောက်ထိကို....မတွေးထား မထင်ထားတာပါ... ...
movie

Dead Silence (2007)

Secret Window (2004) 6.6
Secret Window (2004) Secret Window (2004) IMDb - 6.6/10_____Rotten - 46%   တချို့ဇာတ်လမ်းတွေက ဇာတ်လမ်းအကျဉ်းချုပ်ရေးလိုက်ရင် မကြည့်ရသေးတဲ့လူတွေအတွက် အရသာပျက်သွားတာမျိုးဖြစ်သွားတတ်တဲ့အတွက် ဒီဇာတ်လမ်းကိုတော့ နည်းနည်းလောက်ပဲပြောပြထားချင်ပါတယ်…ဘာလို့လဲဆိုတော့ ဇာတ်လမ်းကအရမ်းကောင်းနေလို့ပါ..ဇာတ်လမ်က အေးပါတယ် ..ဒုန်းဒုန်း ဒိုင်းဒိုင်းတွေမပါပါဘူး.အေးပါတယ်ဒါပေမယ့် ပျင်းစရာမကောင်းပါဘူး…မင်းသားကြီး Johnny Depp ရဲ့ထုံးစံအတိုင်း စိတ်ဝင်စားစရာတွေအပြည့်နဲ့ သေသေချာချာအာရုံစိုက်ကြည့်ရှုပါမှ ဇာတ်ရည်လည်မယ့် ဇာတ်လမ်းမျိုးပါ..ဒီဇာတ်လမ်းက ဘာဖြစ်ပါသည်ခင်ဗျာ..ဆိုတာမျိုး ပြောမပြချင်တော့ပါဘူး သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ်အမျိုးအစားလို့ပဲပြောပါရစေ..။စဉ်းစားတွေးခေါ်ချင်သူတွေအတွက်တော့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်..။အရုပ်ဆိုးတဲ့အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် စာရေးဆရာဟာ သူ့မိန်းမကို နယူးယောက်မြို့ကသူပိုင်တဲ့အိမ်မှာထားခဲ့ပြီး သူကတော့ တောအိမ်ကလေးမှာ တစ်ယောက်တည်း အထီးကျန်စွာနေရင်း စာရေးနေခဲ့ပါတယ်။ဒီလိုနဲ့နေလာတာ ခြောက်လလောက်ကြာလာတော့ အိမ်တံခါးကိုလူတစ်ယောက်လာခေါက်ပြီး အဲ့ဒီလူက စာရေးဆရာကို သူ့စာတစ်ပုဒ်ကို ပုံတူကူး ခိုးယူရေးသားခဲ့တယ်လို့ စွပ်စွဲပါတော့တယ်..။စာရေးဆရာက ငြင်းဆိုတဲ့အခါ အဲ့ဒီညမှာ စာရေးဆရာရဲ့ခွေးကိုသတ်သွားပြီးနောက် နောက်ထပ်ခြိမ်းခြောက်မှုတွေနဲ့အတူ..နောက်ထပ်လူသတ်မှုတွေ…?????2004 မတ်မှာ ထွက်ခဲ့တာဖြစ်ပြီး Rating တွေက IMDb- 6.6/10 Roger Ebert – ¾ rotten ...
movie

Secret Window (2004)

2004
Frequency (2000) 7.3
Frequency (2000) Frequency (2000) IMDb - 7.3/10_____Rotten - 70%   ရုပ်ရှင်အညွှန်းလေးကို မပြောပြခင် ဒီရုပ်ရှင်ကားကို Video Type ခေတ်ကတည်းက ကြည့်ရှုခဲ့တာမို့ အဟောင်းတွေ ပြန်လည်တူးဆွရင်း ပြန်လည်တွေ့ရှိပြီး ဘာသာပြန် Moe Myint Lwin ကို ဘာသာပြန်ဖို့ တိုက်တွန်းခဲ့ပြီး ယခု ကြည့်ရှုသူများလက်သို့ အရောက် အပ်ခဲ့ပါပြီ.... ဇတ်လမ်းရဲ့ ပုံစံကတော့ ဂျွန် ဟာ သူငယ်စဉ်ကတည်းက ဖခင်ကို ဆုံးရှုံးခဲ့ရသူဖြစ်ပြီး မီးသတ်တပ်ဖွဲ့အတွက် ဖခင်ဟာ အသက်ပေးသွားရသူပါ ဘ၀ တစ်လျှောက်လုံး ဂျွန် ဟာ ဖခင် မေတ္တာငတ်မွတ်ခဲ့ရပါတယ်... ဂျွန် မှာ မိခင်ကြီးသာ ရှိပြီး အမေ နှင့်လဲ မတွေ့ဖြစ်တာ ပိုများနေပါတယ်... ဂျွန် ၏ အလုပ်မှာ ရဲစုံထောက်ဖြစ်ပြီး ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးရန် စုံစမ်းစစ်ဆေးနေတဲ့ အချိန်ဖြစ်ပါတယ်... တစ်ရက်မှာတော့ ဂျွန် သူငယ်ချင်း နှင့် သူငယ်ချင်း၏ သားဖြစ်သူတို့ ဂျွန်အိမ်ကို လာပြီး ဖခင်ကြီး သိမ်းဆည်းသွားသော မီးသက်တပ်ဖွဲ့ဝန်ထမ်း သေတ္တာကို ဖွင့်စစ်ရာ ဖခင်ကြီး ...
movie

Frequency (2000)

2000