Frequency (2000)
IMDb – 7.3/10_____Rotten – 70%

ရုပ်ရှင်အညွှန်းလေးကို မပြောပြခင် ဒီရုပ်ရှင်ကားကို Video Type ခေတ်ကတည်းက
ကြည့်ရှုခဲ့တာမို့ အဟောင်းတွေ ပြန်လည်တူးဆွရင်း ပြန်လည်တွေ့ရှိပြီး
ဘာသာပြန် Moe Myint Lwin ကို ဘာသာပြန်ဖို့ တိုက်တွန်းခဲ့ပြီး
ယခု ကြည့်ရှုသူများလက်သို့ အရောက် အပ်ခဲ့ပါပြီ….
ဇတ်လမ်းရဲ့ ပုံစံကတော့ ဂျွန် ဟာ သူငယ်စဉ်ကတည်းက ဖခင်ကို
ဆုံးရှုံးခဲ့ရသူဖြစ်ပြီး မီးသတ်တပ်ဖွဲ့အတွက် ဖခင်ဟာ အသက်ပေးသွားရသူပါ
ဘ၀ တစ်လျှောက်လုံး ဂျွန် ဟာ ဖခင် မေတ္တာငတ်မွတ်ခဲ့ရပါတယ်…
ဂျွန် မှာ မိခင်ကြီးသာ ရှိပြီး အမေ နှင့်လဲ မတွေ့ဖြစ်တာ ပိုများနေပါတယ်…
ဂျွန် ၏ အလုပ်မှာ ရဲစုံထောက်ဖြစ်ပြီး ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးရန်
စုံစမ်းစစ်ဆေးနေတဲ့ အချိန်ဖြစ်ပါတယ်…
တစ်ရက်မှာတော့ ဂျွန် သူငယ်ချင်း နှင့် သူငယ်ချင်း၏ သားဖြစ်သူတို့ ဂျွန်အိမ်ကို လာပြီး
ဖခင်ကြီး သိမ်းဆည်းသွားသော မီးသက်တပ်ဖွဲ့ဝန်ထမ်း သေတ္တာကို ဖွင့်စစ်ရာ
ဖခင်ကြီး အသုံးပြုခဲ့သော ရှေးခေတ် အရေးပေါ် အသံထုတ်လွှင့်ဖမ်းစက် တစ်ခုကို
ပြန်လည်ရှာတွေ့ကြပြီး သူငယ်ချင်း ၂ ယောက်ထိုစက်အား ကောင်းမကောင်း
ပြန်တပ်ဆင်ကြပါတော့တယ်….
မေ့မေ့ပျောက်ပျောက်ဖြစ်သွားသော ည တစ်ညမှာတော့ ထို အသံထုတ်လွှင့်ဖမ်းစက် အား
တစ်ခြား အသံလှိုင်းတစ်ခုမှ လာရောက် ပူးပြီး ဂျွန်နှင့် မိတ်ဆက်စကားပြောရင်း
ထို အသံလှိုင်းပိုင်ရှင်မှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ တွင် ကွယ်လွန်သွားခဲ့သော
ဂျွန် ၏ ဖခင်ကြီး ဖရန့် ဖြစ်နေသည်ကို သိလိုက်ရသော အခါမှာတော့…..
(Thit San Khant)