Channel Myanmar

Joanna David

Arthur’s Whisky (2024)
Arthur’s Whisky (2024) Arthurs Whisky [2024]အာသာဆိုတဲ့ အဖိုးကြီးတစ်ယောက် ငယ်ရွယ်နုပျိုဆေးဖော်ပြီးကာမှ မိုးကြိုးပစ်လို့ ဆုံးပါသွားရှာပါတယ်... ဒီတီထွင်နိုင်ခဲ့မှုကို ဇနီးသည်ဖြစ်သူ ဂျုန်း မသိရှိခဲ့ပါဘူး... ဒီလိုနဲ့ ဂျုန်းရဲ့ ပူဆွေးမှုတွေကို ဖြေသိမ့်ဖို့ လင်ဒါရယ် ဆူဇီရယ် လက်ဖက်ရည်လာသောက်တဲ့ တစ်ရက်သားမှာ အာသာ့အလုပ်ဂိုဒေါင်ကို ရှင်းလင်းဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်... ဂိုဒေါင်ထဲကနေ ဝီစကီပုလင်းတွေ ရှာတွေ့တာမို့ ဂျုန်းဟာ အင်မတန်အံ့အားသင့်ခဲ့ရပါတယ်... အကြောင်းကတော့ အာသာဟာ ဝီစကီဆို အနံ့တောင်မခံနိုင်သူမို့ပါပဲ... ဒိလိုနဲ့ သူတို့ သူငယ်ချင်း ၃ယောက် အာသာ့ရဲ့ အဖိုးတန်ပုလင်းတွေကို ဖွင့်ဖောက်သောက်သုံးရင်း စကားတပြောပြောနဲ့ အိပ်ပျော်သွားကြပါတယ်... သူတို့ ပြန်လည်နိုးထလာတဲ့အခါမှတော့ သူတို့အားလုံး ငယ်ရွယ်နုပျိုလို့ နေပါတယ်... ဒီလို ဖြစ်ရခြင်းဟာ အာသာ့ဝီစကီကြောင့်လို့ သိရှိရပြီးတဲ့နောက် လူငယ်ဘဝတုန်းက သူတို့ လုပ်ချင်တဲ့ သူတို့ မလုပ်ခဲ့ရတဲ့ အရာတွေကို တစ်ခုချင်းစီ သွားရောက်လုပ်ကိုင်တဲ့အကြောင်း ရိုက်ကူးတင်ဆက်ပြသထားတာပဲ ဖြစ်ပါတယ်ခဗျာအညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Drama, Fantasy Quality…. 1080p | ...
movie

Arthur’s Whisky (2024)

2024
You Will Meet a Tall Dark Stranger (2010) 6.8
You Will Meet a Tall Dark Stranger (2010)  လူတိုင်းမှာတော့ ကိုယ်စီကိုယ်စီလိုအင်ဆန္ဒတွေရှိကြမှာပါပဲ။လူ့အလို နတ်မလိုက်နိုင်ဆိုသလိုလူတွေရဲ့ လိုအင်ဆန္ဒကလဲ ဘယ်တော့မှပြည့်ဝတယ်ဆိုတာကိုမရှိပါဘူး။ ဒီကားထဲမှာလဲမိသားစုတစ်စုထဲက အဲ့လိုလူလေးယောက်ရဲ့အကြောင်းကိုရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်။ ဒီကားရဲ့အဓိက ဇာတ်ကောင်လေးယောက်ထဲက ပထမတစ်ယောက်ကတော့ဟယ်လီနာဆိုတဲ့ဘဝမှာ စိတ်ညစ်စရာတွေအများကြီးရှိနေပြီး ယောက်ျားထားသွားတာကိုခံခဲ့ရလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေတဲ့အဖွားကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒုတိယတစ်ယောက်ကတော့ ဟယ်လီနာဆိုတဲ့အဖွားကြီးကိုထားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လူပျိုလေးလိုသဘောထားပြီး သူငယ်ပြန်နေတယ်လို့ထင်ရတဲ့ အယ်လ်ဖီဆိုတဲ့အဖိုးကြီးပဲဖြစ်ပါတယ်။တတိယတစ်ယောက်ကတော့စာရေးဆရာယောင်ယောင် ဘာယောင်ယောင် မယ်မယ်ရရအလုပ်လဲမလုပ်ကိုင်ပဲအိမ်မှာပဲ ယောက္ခမရဲ့ ပိုက်ဆံနဲ့နေနေတဲ့ တစ်အုပ်ကောင်းစာရေးဆရာဟယ်လီနာရဲ့သမက်ရွိုင်းပဲဖြစ်ပါတယ်။နောက်ဆုံး တစ်ယောက်ကတော့ ရွိုင်းရဲ့အသုံးမကျမှုတွေကြောင့် အလုပ်တွေကုန်းရုန်းလုပ်ကိုင်နေရပြီး ကလေးတစ်ယောက်ယူကာ မိသားစုဘဝကိုထူထောင်ချင်နေတဲ့ ရွိုင်းရဲ့မိန်းမဆယ်လီပဲဖြစ်ပါတယ်။အဲ့ဒီလူလေးယောက်ရဲ့ဘဝတွေကိုစိတ်ဝင်စားစရာကောင်းအောင် အသေးစိတ်ရိုက်ကူးထားတဲ့လူ့သဘောသဘာဝတွေအကြောင်းကို ကြည့်ရှုရမဲ့မိသားစုကြားကဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။  File size…3.54GB / 986MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

You Will Meet a Tall Dark Stranger (2010)

The Cleansing Hour (2019) 5.9
The Cleansing Hour (2019) The Cleansing Hour (2019)====================IMDb Rating - 5.9/10 The Cleansing Hour ဆိုတဲ့ ရှိုးလေးဟာ 'မက်စ်' နှင့် 'ဒရူး' အတူတစ်ကွတည်ထောင်ခဲ့တဲ့ရှိုးလေးပါ။မက်စ်ကတော့ ဖာသာ 'မက်စ်' အဖြစ်နဲ့ လူတိုင်းက သူ့ကိုဖာသာတစ်ယောက်လို့သိထားပြီး 'ဒရူး' ကတော့မကြာခင် 'လိန်း' ဆိုတဲ့ သူချစ်သူနဲ့လက်ထပ်တော့မယ် ထုတ်လုပ်သူတစ်ယောက်ပါ။ သူတို့ဟာ ရှိုးကိုတိုက်ရိုက်ထုတ်လွှင့်နေချိန်မှာ ပရိတ်ရေတို့ ပရိတ်ရွတ်ဖတ်ထားတဲ့အဝတ်စတို့ကို ရောင်းချပြီးစီးပွားရှာကြပါတယ်။ဒီလိုလုပ်ကြပေမယ့်လည်း နိုင်ငံအဝှမ်းက ပရိသတ်များကတော့ ဒီရှိုးကိုအခိုင်အမာအားပေးလျှက်ရှိနေပါတယ်။အမြဲတမ်း အဆင်ပြေချောချောမွေ့မွေ့နဲ့တင်ဆက်နိုင်ခဲ့တဲ့ရှိုးဟာ တစ်နေ့မှာတော့ အစွဲချွတ်ခံရမယ့်သရုပ်ဆောင်မလာတာကြောင့် 'ဒရူး' ဟာ 'လိန်း' ကို အစားထိုး သရုပ်ဆောင်ခိုင်းခဲ့ပါတယ်။ 'လိန်း' ကလည်း တစ်ကိုယ်ကောင်းဆန်တဲ့ 'မက်စ်' ကိုကြည့်မရပေမယ့် ချစ်သူ 'ဒရူး' ကြောင့် ကူညီပေးခဲ့ပါတယ်။ ဒီလိုနဲ့တိုက်ရိုက်ထုတ်လွှင်တဲ့အချိန်မှာ 'လိန်း' ကို တကယ့်မကောင်းဆိုးဝါးက ဝင်ပူးသွားသောအခါ...တကယ့်ဖာသာအစစ်မဟုတ်ဘဲ စီးပွားရေးအရရှိုးလုပ်ထားတဲ့နှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ထိတ်လန့်ဖွယ်ကြည့်ရမှာပါ။ဒီဇာတ်ကားလေးက ...
movie

The Cleansing Hour (2019)

2019