Channel Myanmar

John Schneider

Lake Placid 2 (2007)
Lake Placid 2 (2007)  (function(f,b,n,j,x,e){})();ဒီဇာတ်ကားကတော့ Lake Placid ကားတွရဲ့နှစ်ကားမြောက်ပါ။ဒီဇာတ်ကားမှာတော့ မိန်းမြို့က‌ရေကန်တစ်ခုမှာ လူတွေပျောက်ပျောက်နေတဲ့သတင်းက ခဏခဏကြား‌နေရပါတယ်။ ရေကန်နားကို စခန်းချခရီးထွက်သူတွေရော စူးစမ်းရှာတွေတဲ့သူတွေရောအကုန်လုံးကသတိမမူပဲလာရောက်ကြပြီး ပျောက်ချင်းမလှပျောက်သွားကြတယ်။ဒီကိစ္စကရေကန်မှာ တာဝန်ကျတဲ့ ရှရစ်ဖ်ရိုင်လီအတွက်ခေါင်းခဲစရာတွေဖြစ်လာပါတော့တယ်။ အကြောင်းအရင်းကိုရှာဖွေကြည့်တဲ့အခါမှာဧရာမမိကျောင်းတွေကြောင့်ဆိုတာသိသွားတယ်။ မိကျောင်းတွေကိုစခန်းလူတွေနဲ့ အမဲလိုက် သမားစထရတ်သာစ်တို့နဲ့အတူ ဘယ်လိုနှိမ်နင်းမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည်ရှု့ပေးကြပါဦး။ File size…1.87 GB / 1.12 GB Quality…WEB-Rip  1080p / 720p Format…mp4 Duration….1h 28m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Lake Placid 2 (2007)

Reinventing Elvis: The 68′ Comeback (2023) 7.8
Reinventing Elvis: The 68′ Comeback (2023) Reinventing Elvis: The 68' Comeback (2023) ================================ IMDb Rating - 7.8/10Elvis Presley ဆိုတာနဲ့ King of Rock and Roll ကြီးပဲလို့ တန်းမြင် မိကြမှာပါ။ 1950 ဝန်းကျင်ကာလတွေရဲ့ Best seller American Artist တစ်ယောက်ဖြစ်တဲ့အပြင် အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ပေါင်းများစွာ ကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမဲ့ အမေရိကန်သမိုင်းရဲ့ 1960 ခုနှစ်ကာလတွေကတော့ အဆိုးရွားဆုံး ကပ်ဆိုက်ခဲ့တဲ့ကာလတွေလို့ ဆို ရလိမ့်မယ်။ Robert F. Kennedy, Martin Luther King အစရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ လုပ်ကြံခံရတဲ့သတင်းတွေကြောင့်လည်း အမေရိ ကန်ရဲ့ သမိုင်းကို အကျည်းတန်ဆုံးဖြစ်စေခဲ့တဲ့ ကာလတွေပါ။ ဖြစ်ချင်တော့ အဲဒီ 1968 ခုနှစ်က Elvis အတွက် Special Comeback Show ကို စီစဉ် နေတဲ့ အချိန်ပါပဲ။စစ်ထဲဝင်ပြီး အနုပညာလောကကနေ နှစ်ချီကွယ်ပျောက်သွားပြီးတဲ့နောက် ပရိသတ်မြင်ကွင်းပေါ်ကို ပြန်လည်ထွက်ပေါ်လာမဲ့ Elvis ...
movie

Reinventing Elvis: The 68′ Comeback (2023)

2023
October Baby (2011) 6.6
October Baby (2011) October Baby (2011) =============== IMDb Rating - 6.6/10ဟန်နာလော်ဆန်ဆိုတဲ့မိန်းကလေးဟာ အောင်မြင်ခြင်းမရှိခဲ့တဲ့ ကိုယ်ဝန်ဖျက်ချမှုတစ်ခုကနေ အသက်မသေဆုံးဘဲ ရှင်ကျန်ရစ် ခဲ့တဲ့မိန်းကလေးတစ်ယောက်ပေါ့။ သူ့ကိုမွေးပြီးသိပ်မကြာခင်မှာပဲ ဂျေကော့ဘ်လော်ဆန်နဲ့ ဂရေ့စ်လော်ဆန်ဆိုတဲ့ ဇနီးမောင်နှံနှစ် ယောက်က မွေးစားထားခဲ့တာပါ။ အခုအချိန်မှာတော့ ဟန်နာ တစ်ယောက် အသက် ၁၉ နှစ်အရွယ်ရောက်လို့လာပါပြီ။ တစ်နေ့ မှာ ကျောင်းအတွက်ပြဇာတ်ကရာကနေ သတိလစ်၊ တက်သွားပြီး တော့ ဆေးရုံရောက်သွားခဲ့ပါတယ်။အဲဒီမှာပဲ ဟန်နာတစ်ယောက် သူ့မိဘတွေဆီကနေ သူဟာ ရက် လမစေ့ဘဲ မွေးဖွားလာခဲ့တာဖြစ်ပြီး Failed abortion မှာအသက် ရှင်ကျန်ရစ်ခဲ့သူတစ်ယောက်ဆိုတာကိုသိရှိသွားခဲ့ရပါတယ်။ အဲဒီ လိုနဲ့ နောက်ပိုင်းမှာ ဟန်နာ့အနေနဲ့ သူ့ငယ်သူငယ်ချင်းဖြစ်သူ ဂျေ ဆန်နဲ့အတူ မိခင်ရင်းဖြစ်သူကိုရှာဖို့အတွက် မွေးစားဖခင်ကိုအတိုက် အခံလုပ်ပြီးတော့ မိုဘီလယ် အလာဘားမားကိုခရီးထွက်လာခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ "October Baby" ကားထဲမှာပဲဆက်ကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.7 GB) / (680 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator......Fiona Gillen Encoder..........SWM
movie

October Baby (2011)

2011
Mysterious Circumstance: The Death of Meriwether Lewis(2022)
Mysterious Circumstance: The Death of Meriwether Lewis(2022)   1800ခုနှစ်ကျော်က အမေရိကန်နာမည်ကျော် Lewis and Clarke Expedition က နယ်မြေရှာဖွေသူ Meriwether Lewis ရဲ့ဆန်းကြယ်တဲ့သေဆုံးမှုအကြောင်းကိုရိုက်ကူးထားတာပါ။ Lewis ဟာပြည်နယ်အုပ်ချုပ်ရေးမှုးအဖြစ်နဲ့အပေါင်းအပါတွေနဲ့ အစိုးရအလုပ်ခရီးစဉ်အတွင်းမှာပဲ တည်းခိုခန်းတစ်ခုမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးသွားပါတယ်။ Lewis သေဆုံးမှုကို ကိုယ့်ကိုယ်ကိုသတ်သေမှုလို့ ကောက်ချက်ချခဲ့ပေမယ့် တွေ့ရတဲ့ဒဏ်ရာနဲ့မကိုက်ညီပါဘူး။ နောက်နှစ်နှစ်အကြာမှာLewis ရဲ့မိတ်ဆွေတစ်ဦးက ဖြစ်ရပ်မှန်ကိုစုံစမ်းဖို့ အခင်းဖြစ်ရာတည်းခိုခန်းကိုရောက်ရှိလာပြီး သက်သေဖြစ်တဲ့ပိုင်ရှင်လင်မယားနှစ်ယောက်ကိုစုံစမ်းရာကနေ Meriwether Lewis ရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုးအမှုလား ဖုံးကွယ်ထားတာတွေရှိလား.. အမေရိကန်သမိုင်းကြောင်းစိတ်၀င်စားရင် ကြိုက်မယ့်ကားလေးပါ။ နှစ်ပေါင်းများစွာ သမိုင်းပညာရှင်တွေ အဖြေရှာမရတဲ့အမှုကို ရိုက်ကူးပြထားပါတယ်။File size…(2.18GB)  / (906B) /528MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...Mystery / Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  SP
movie

Mysterious Circumstance: The Death of Meriwether Lewis(2022)

Adeline (2022) 7.8
Adeline (2022) Adeline(2022)IMDb rating ~ 7.8/10အမေရိကန်ပြည်ထောင်စုက နာဗာဂျိုလို့ခေါ်တဲ့ လူမျိုးစုတွေမှာ အဆိုတစ်ခု ရှိပါတယ်“ကမ္ဘာကြီးကို ကုစားပေးဖို့အတွက် ဘုရားသခင်က မြင်းတွေကို ဖန်ဆင်းပေးခဲ့တာ”ပါတဲ့အက်ဒီလိုင်းဟာ သာမန်မြင်းတွေထက် ပိုမို ထူးကဲပြီး ကုစားပေးနိုင်စွမ်း မြင့်မားတဲ့ မြင်းမလေးပါတစ်နေ့မှာ နယူးမက္ကဆီကိုပြည်နယ်ရဲ့ နယ်မြို့လေး တစ်မြို့ဆီ အက်ဒီလိုင်းနဲ့ သူ့သခင်မစ္စကေတို့ ရောက်ရှိလာကြပါတယ်အဲဒီမြို့က သင်းအုပ်ဆရာ ရက်ဗရန့်နဲ့ ဇနီးဖြစ်သူ တယ်ရီတို့မှာ မွေးကတည်းက တစ်ခါမှ စကားမပြောတဲ့ ၈ နှစ်အရွယ် အော်တစ်ဇင်ရောဂါသည် သားလေးတစ်ယောက် ရှိပါတယ်သင်းအုပ်ဆရာကတော့ သူတို့သားလေး စကားမပြောနိုင်တာဟာ ဘုရားသခင်ချမှတ်ပေးထားတဲ့ လမ်းဖြစ်ပြီး ဒီလမ်းအတိုင်း လျှောက်လှမ်းကြရုံပဲရှိတယ်လို့ ခံယူထားသူဖြစ်ပြီးတော့ ဇနီးဖြစ်သူ ကတော့ သူတို့သားလေး စကားပြောနိုင်ဖို့ ဘာမဆို ကြိုးစားကြည့်ချင်တဲ့သူ တစ်ယောက်ပါမစ္စကေနဲ့ အက်ဒီလိုင်းတို့ ရောက်ရှိလာပြီး အက်ဒီလိုင်းရဲ့ ကုစားပေးနိုင်တဲ့စွမ်းအားတွေအကြောင်း ကြားသိရပြီးတဲ့နောက် သင်းအုပ်ဆရာတို့ ဇနီးမောင်နှံအကြား ပေါ်ပေါက်လာတဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေ၊ အထင်အမြင် လွဲမှားမှုတွေအကြောင်း ဒီဇာတ်ကားထဲမှာ ကြည့်ရှူကြရမှာပါတွေးစရာတွေ၊ သင်ခန်းစာယူစရာတွေ ပေးနိုင်တဲ့ ဇာတ်လမ်းမျိုးကို လိုက်ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်လမ််းက ကွက်တိပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ...
movie

Adeline (2022)

2022
The Stairs (2021) 5.0
The Stairs (2021) The Stairs (2021) =============Horror, Mysteryဆုတွေ 28 wins, 14 nominations လောက်ရထားပြီး အတော်လေးစိတ်ဝင်စားဖို့ ကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ် Horror ကားလေးလာပါပြီ။ ၁၉၉၇ ခုနှစ်မှာ ဂျင်းနဲ့ဂျက်ဆီမာတင်ဆိုတဲ့ မြေးအဖိုး ၂ ယောက်ဟာ အမဲလိုက်ကြရင်း တောနက်ကြီးထဲက လှေကားတစ်ခုနဲ့ လျှိ့ဝှက်တစ်ခါးပေါက်တစ်ခုကို တွေ့ရှိရာကနေ စူးစမ်းရင်း ပျောက်ဆုံးသွားပါတယ်။ သူတို့ နှစ်ယောက်ပျောက်သွားတဲ့ သတင်းဟာ နေထိုင်ရာနယ်မြို့လေးမှာ ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့ပြီး အဖိုးဖြစ်သူရူးပြီး ကလေးကို ရောင်းစားလိုက်တာလား၊ နှစ်ယောက်လုံး တိရိစ္ဆာန်တစ်ကောင်ကောင်ရဲ့တိုက်ခိုက်မှုကို ခံလိုက်ရတာလား...သို့လောသို့လော မေးခွန်းပေါင်းများစွာနဲ့ အဖြေမရှာနိုင်ဘဲ ဆုံးစုံးမြုပ် သွားခဲ့တာ နှစ်ပေါင်း ၂၀ ကြာသွားခဲ့ပါတယ်။နှစ်ပေါင်း ၂၀ အကြာမှာ သူငယ်ချင်း ၅ ယောက်ပါ အဖွဲ့တစ်ဖွဲ့က ၅ ရက်တာ အပန်းဖြေ ကမ့်ထိုးခရီးထွက်ဖို့အတွက်ပဲ ဒီတောထဲကို ခြေလျင်ခရီးပြန်ထွက်ခဲ့ပါတယ်။ ပျော်ပျော် ရွှင်ရွှင်ခရီးထွက်လာတဲ့ သူတို့အဖွဲ့ကို စိတ်ခြောက်ခြားဖွယ် အန္တိဌာန်အာရုံတွေကနေ တစ်ခုပြီးတစ်ခု ခြောက်လှန့်ပြီး လာရာလမ်းကနေပြန်ဖို့ သတိပေးခဲ့ပေမယ့် ရှေ့ဆက် တိုးရာကနေ ....လွန်ခဲ့တဲ့ နှစ် ၂၀ က ...
movie

The Stairs (2021)

2021
Sydney White (2007) 6.2
Sydney White (2007) Sydney White (2007)စနှိုးဝှိုက်ဇာတ်လမ်းလေးကို ကျောရိုးယူထားတဲ့ ပေါ့ပေါ့ပါးပါး ကျောင်းသားကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။မိတဆိုးကောင်မလေး ဆစ်ဒနီဟာ ဖခင်ဖြစ်သူနဲ့ပဲ ကြီးပြင်းခဲ့ရတော့ ဗိုင်းကောင်းကျောက်ဖိလေးမဖြစ်နေတာတော့ အမှန်ပါပဲ... ပြီးတော့ တက္ကသိုလ်ရောက်လာတဲ့အခါ သူ့ပုံစံကြောင့် အဆက်မပြေဖြစ်ရတာတွေလည်းများလာတာပေါ့...တက္ကသိုလ်မှာက သိတဲ့အတိုင်း ​အဖွဲ့တစ်ခုခုကိုဝင်ပြီး activity တွေလုပ်ဆောင်ရတယ်... အဲဒီအချိန်မှာ သူ့မိခင်ရဲ့ အဆောင်ဟောင်းဖြစ်တဲ့ Kappa အဆောင်ကို ရောက်လာပါတယ်... ပြီးတော့ လူပုလေးခုနှစ်ယောက်လိုပဲ ကောင်ချောလေးခုနှစ်ယောက်က သူ့အနားရောက်လာတဲ့အခါမှာတော့......ဒါက American pie တို့ဘာတို့လို school comedy ပုံစံ ပေါ့ပေါ့ပါးပါး ခေတ်သစ်စနှိုးဝှိုက်ဇာတ်လမ်းလေးပါပဲ... ဟာသလေးတွေ... အလွဲအချော်လေးတွေနဲ့ အမန်ဒါတစ်ယောက် ဘယ်လိုမျိုး ကောလိပ်မှာ အားလုံးရဲ့ အ​လှောင်ခံ ဘဝကနေ မင်းသမီးလေးဘယ်လိုဖြစ်လာမှာလဲ ဆိုတာ....​.. ကျောင်းသားဘဝပျော်စရာတွေ relationship ကိစ္စတွေ... စတာတွေကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးနဲ့ တစ်ယောက်တည်း အေးအေးလူလူ အပန်းဖြေခံစားကြည့်ရှုလို့ရနိုင်မယ့် Entertaining ဖြစ်မယ့်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်...(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Size ...
movie

Sydney White (2007)

2007
Roped (2020) 7.3
Roped (2020) ဒီတစ်ခေါက်တော့ စီအမ်ပရိတ်သတ်ကြီးအတွက် ၂၀၂၀ မှာထွက်ထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းကတော့ အမေရိကန်က ပေါတာခရိမြို့က ကောင်းဘွိုင်တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ပေါတာခရိမြို့မှာ ထရေစီ ရဲ့ အဖေက မြင်းရိုင်းထိန်းပွဲတွေကို ပိတ်ပင်ဖို့အတွက်ဦီးစီးဉီဆောင်ပြုပြီး ဆောင်ရွက်နေပါတယ် ဒါပေမယ့် သူ့သမီး ထရေစီကတော့ ကောင်းဘွိုင်တစ်ယောက်ဖြစ်တဲ့ ကော်တန်ကို မြင်မြင်ချင်း စိတ်ဝင်စားခဲ့ပါတယ် အဲ့ဒီမှာ သူ့အဖေက ကောင်းဘွိုင်နဲ့ ဝေးဝေးနေခိုင်းပါတော့တယ် နောက် ထရေစီရဲ့ရည်းစားကလည်း ကောင်းဘွိုင်နဲ့ မတည့်ပါဘူး သူတို့ရဲ့ အချစ်ရေးက ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုရမှာပါ နောက်ပြီးတော့ ထရေစီရဲ့ အဖေက ကောင်းဘွိုင်တွေကို မြင်းပွဲ ကိစ္စတွေကြောင့် တယူသန် အမြင်မကြည်ဖြစ်နေတာတွေ ရှိနေပါတယ် အဲ့ဒီလို ခံယူချက်ချင်း ကွဲလွဲပြင်းထန်နေတဲ့အခါ ကောင်းဘွိုင်လေးနဲ့ ထရေစီရဲ့ အချစ်ရေးက ဘယ်လိုမျိုး ရှေ့ဆက်ဖို့ ရှိလာနိုင်မလဲ ဒါကို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ် File Size - 975 mb Quality - web-dl 1080p Subtitle - burmese Translator - Pyae Shan Tun Wai Encoder - Thit San ...
movie

Roped (2020)

2020
Riding Faith / Hope Ranch (2020) 4.1
Riding Faith / Hope Ranch (2020) RIDING FAITH / Hope Ranch ဆိုတဲ့ ဇာတ်​ကား​လေးထဲမှာ​တော့ ​​ မြို့ပြကြီးက​နေ ​ကျေးလက်​​ဒေသကို​ပြောင်း​ရွေ့ကာ ​မွေးမြူ​ရေးလုပ်​ငန်းလုပ်ကိုင်​ရင်း ​ပျော်​ရွှင်​​နေတဲ့ မိသားစု​လေးတစ်​စု ဖခင်​ဖြစ်​သူ စစ်​ပွဲမှာ ​သေဆုံးသွားပြီး​နောက်​ ဘဝကို ရုန်းကန်​ဖြတ်​သန်းရပုံ​တွေကို ရိုက်​ကူးပုံ​ဖော်​ထားတာပဲဖြစ်​ပါတယ်​။ ဂ​ရေ့စ်​ဟာ ဖခင်​ဖြစ်​သူ​သေဆုံးသွားပြီး​နောက်​ ဘုရားသခင်​ကိုယုံကြည်​မှုမရှိ​တော့ဘဲ ဖခင်​အ​မွေ​ပေးခဲ့တဲ့ မြင်း​လေး ​ဖေ့သ်​နဲ့သာ အချိန်​ကုန်​​နေသူ ဆယ်​​ကျော်​သက်​ မိန်းမငယ်​​လေးတစ်​​ယောက်​ပါ။ ခင်​ပွန်းသည်​ရဲ့ ​မွေးမြူ​ရေးလုပ်​ငန်းကို နိုင်​နင်းစွာမလုပ်​နိုင်​တဲ့ ​ရေဗက္ကာဟာ ​ယောက်ျား​သေဆုံးပြီး​နောက်​ ဘဏ်​မှာ ​မွေးမြူ​ရေးခြံကို​ပေါင်​ပြီး စားဝတ်​​နေ​ရေးကို ​ဖြေရှင်းခဲ့ရပါတယ်​။ သူတို့မိသားစု​လေး ထာဝရအတူ​နေမယ်​လို့ ရည်​ရွယ်​ထားတဲ့ အိမ်​နဲ့ ​မွေးမြူ​ရေးခြံ​လေး ဘဏ်​အ​ပေါင်​ဆုံး​တော့မယ့်​ အချိန်​မှာ​တော့ ​ရေဗက္ကာဟာ သူတို့ပိုင်​ဆိုင်​သမျှ ပစ္စည်း​တွေအပါအဝင်​ ဂ​ရေ့စ်​ရဲ့ မြင်း​လေး ​ဖေ့သ်​ကိုပါ ​ရောင်းချဖို့ စဉ်းစားရပါ​တော့တယ်​။ ​ဖေ့သ်​ကို အဆုံးအရှုံးမခံနိုင်​တဲ့ ဂ​ရေ့စ်​တစ်​​ယောက်​ သူမယုံကြည်​​တော့တဲ့ ဘုရားသခင်​ဆီမှာ ​မျှော်​လင့်​ချက်​ကို ပြန်​ရှာမလား ခင်​ပွန်း​သည်​ရဲ့ ...
movie
