Channel Myanmar

Report error

The Stairs (2021)
=============

Horror, Mystery

ဆုတွေ 28 wins, 14 nominations လောက်ရထားပြီး အတော်လေးစိတ်ဝင်စားဖို့
ကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ် Horror ကားလေးလာပါပြီ။
၁၉၉၇ ခုနှစ်မှာ ဂျင်းနဲ့ဂျက်ဆီမာတင်ဆိုတဲ့ မြေးအဖိုး ၂ ယောက်ဟာ အမဲလိုက်ကြရင်း
တောနက်ကြီးထဲက လှေကားတစ်ခုနဲ့ လျှိ့ဝှက်တစ်ခါးပေါက်တစ်ခုကို တွေ့ရှိရာကနေ
စူးစမ်းရင်း ပျောက်ဆုံးသွားပါတယ်။ သူတို့ နှစ်ယောက်ပျောက်သွားတဲ့ သတင်းဟာ
နေထိုင်ရာနယ်မြို့လေးမှာ ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့ပြီး အဖိုးဖြစ်သူရူးပြီး ကလေးကို
ရောင်းစားလိုက်တာလား၊ နှစ်ယောက်လုံး တိရိစ္ဆာန်တစ်ကောင်ကောင်ရဲ့တိုက်ခိုက်မှုကို
ခံလိုက်ရတာလား…သို့လောသို့လော မေးခွန်းပေါင်းများစွာနဲ့ အဖြေမရှာနိုင်ဘဲ ဆုံးစုံးမြုပ်
သွားခဲ့တာ နှစ်ပေါင်း ၂၀ ကြာသွားခဲ့ပါတယ်။

နှစ်ပေါင်း ၂၀ အကြာမှာ သူငယ်ချင်း ၅ ယောက်ပါ အဖွဲ့တစ်ဖွဲ့က ၅ ရက်တာ အပန်းဖြေ
ကမ့်ထိုးခရီးထွက်ဖို့အတွက်ပဲ ဒီတောထဲကို ခြေလျင်ခရီးပြန်ထွက်ခဲ့ပါတယ်။ ပျော်ပျော်
ရွှင်ရွှင်ခရီးထွက်လာတဲ့ သူတို့အဖွဲ့ကို စိတ်ခြောက်ခြားဖွယ် အန္တိဌာန်အာရုံတွေကနေ
တစ်ခုပြီးတစ်ခု ခြောက်လှန့်ပြီး လာရာလမ်းကနေပြန်ဖို့ သတိပေးခဲ့ပေမယ့် ရှေ့ဆက်
တိုးရာကနေ ….လွန်ခဲ့တဲ့ နှစ် ၂၀ က လှေကားကြီးတစ်ခုနဲ့ လျှို့ဝှက်ဝင်ပေါက်ကို ပြန်လည်
တွေ့ရှိရာကနေ အမြဲလူသားဆာလောင်နေတဲ့ သတ္တဝါဆိုးကြီးတစ်ကောင်ကိုပါ တွေ့လိုက်
ရတဲ့အခါမှာတော့….
လွန်ခဲ့တဲ့နှစ် ၂၀ က မြေးအဖိုးပျောက်ဆုံးမှုနဲ့ ဘယ်လိုဆက်စပ်နေမလဲ ….သူတို့အဖွဲ့ဘယ်လို
အသက်ရှင်နေထိုင်လွတ်မြောက်ပါ့မလားဆိုတာကိုတော့ plot twist အရမ်းကောင်းပြီး
စိတ်ဝင်စားဖို့ကောင်းတဲ့ Horror ကားလေးကို ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)

File Size – (2 GB) / (995 MB) / (650 MB)
Quality – WebRip 1080p / 720p/480p
Duration – 1h 32mins
Subtitle – Myanmar Hardsub
Format – MP4
Genre : Horror, Mystery
Translator – Thiha Yan Naing
Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Stairs (2021)


No downloads available

Genres



Related movies