Channel Myanmar

Joo Hyun

My Wife Is A Gangster 2 (2003) 6.1
My Wife Is A Gangster 2 (2003) My Wife Is a Gangster ရုပ်ရှင်တွေဟာ ကိုရီးယားရုပ်ရှင်လောကကို တစ်ခေတ်ထွန်းစေခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များဆီက ရသစုံတဲ့ ဇာတ်လမ်းအမျိုးအစားတွေထဲက တစ်ခုပါပဲ။ အဲ့ဒီခေတ်က တင်ဆက်ပုံမျိုးက အစပိုင်းမှာ ရီနေရမယ် ပြီးရင် ငိုရမယ် ပြီးရင် စွဲငြိသွားစေရမယ်ဆိုတဲ့ Taste မျိုးဖြစ်ပြီး ဒီရုပ်ရှင်ကလဲ အဲ့လိုအရသာမျိုးနဲ့ နာမည်ကြီး လူကြိုက်များခဲ့ပြီး နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်ကြောင့်လဲပိုမိုအသက်ဝင်ခဲ့ပါတယ်။My Wife Is A Gangster 2 (2003) ဒီဇာတ်လမ်းကိုတော့ ရှေ့က ပထမဇာတ်ကားရဲ့အဆက်အနေနဲ့ ဆက်စပ်ထားပါတယ်။မင်းသမီးနဲ့လူဆိုးဂိုဏ်းတွေဟာ ပထမကားက ရန်ကြွေးလက်ကျန်တွေကို ဆက်လက်ဖြေရှင်းကြမှာပါ။တစ်ခုကတော့ မင်းသမီးဟာ ဇာတ်လမ်းအစမှာကတည်းက ဒဏ်ရာပြင်းထန်စွာရရှိပြီးတော့ အတိတ်မေ့သွားခဲ့တာပါ။အတိတ်ကိုသတိရဖို့ကြိုးစားနေတဲ့ သူမနဲ့ ပထမဇာတ်လမ်းက ရန်ညိုးတွေဘယ်လိုဖြေရှင်းကြမယ်ဆိုတာ....။IMDb ...
movie

My Wife Is A Gangster 2 (2003)

2003
Take Off 2 (2016) 7.0
Take Off 2 (2016) Take Off 2 (2016)**************** 2003 ခုနှစ် အာရှဂိမ်းမှာ ကိုးရီးယားက ပထမဆုံးအနေနဲ့ အမျိုးသမီးဟော်ကီကစားပွဲဝင်ပြိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။အာရှဂိမ်းဝင်ပြိုင်ဖို့ ပထမဆုံးအမျိုးသမီးဟော်ကီအဖွဲ့ဖွဲ့ရမယ်ဆိုပြီး အစိုးရက နည်းပြနဲ့ကစားသမားတွေဖိတ်ခေါ်နေပါတယ်။ ဒါပေမဲ့ နည်းပြတစ်ယောက်ကမှ တာဝန်မယူချင်တဲ့အတွက် ညတိုင်းအရက်သောက်ပြီး ဘယ်သူကမှအလုပ်မခန့်တဲ့ ဟော်ကီနည်းပြဟောင်းတစ်ယောက်ကို ခန့်လိုက်ပါတယ်။ကစားသမားတွေအနေနဲ့က မြောက်ကိုးရီးယားကထွက်ပြေးလာတဲ့ ပြည်ပြေးအီဂျီဝန်၊ စကိတ်ပြိုင်ပွဲဝင်ရာကအသင်းသားကိုတွန်းထုတ်သလိုဖြစ်ခဲ့လို့ ပြိုင်ပွဲဝင်ခွင့်ပိတ်ခံထားရတဲ့ ဘတ်ချယ်ယောင်း၊ အလှအပအရမ်းကြိုက်တဲ့ဂင်ဂါယွန်း၊ အထက်တန်းကျောင်းသူရှင်းဆိုဟျွန်း၊ သက်လတ်ပိုင်းအရွယ်ဂိုယောင်းဂျာ၊ ကုမ္ပဏီတစ်ခုရဲ့အတွင်းရေးမှူး ဂျိုမီရန်တို့ပဲဖြစ်ပါတယ်။ဘာအထောက်အပံ့မှမရတဲ့သူတို့ဟာ ယောက်ျား‌လေးဟော်ကီအသင်းကစွန့်ပစ်ထားတဲ့အင်္ကျီတွေဝတ်ရပြီး လေ့ကျင့်စရာနေရာမရှိလို့ ရွာလေးတစ်ရွာရဲ့ကင်းမွန်အခြောက်လှမ်းတဲ့နေရာမှာ သွားလေ့ကျင့်ကြရပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတစ်ခုတည်းပါပဲ။ အာရှဂိမ်းမှာဆုတံဆိပ်တစ်ခုရနိုင်ဖို့ပါ။ ဒီလိုမျိုးကြိုးစားရာက အာရှဂိမ်းမှာ ဆုတံဆိပ်တကယ်ရယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဒိတ်ဒိတ်ကြဲမင်းသမီးတွေသရုပ်ဆောင်ထားပြီး အသင်းအဖွဲ့စိတ်ဓါတ်နဲ့ အချင်းချင်းကူညီရိုင်းပင်းကြတာတွေ၊ ခဏခဏရန်ဖြစ်ကြတာတွေ၊ တစ်ယောက်ချင်းစီရဲ့ဘဝဇာတ်ကြောင်းတွေကို သရုပ်ဆောင်ချက်ကောင်းကောင်း၊ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ File size… 2.19GB & 981MB Quality… WEB-DL1080p,720p Format…mp4 Duration….2h 06min Genre ….. Sport, Drama Subtitle….Myanmar Subtitle (Hard ...
movie

Take Off 2 (2016)

Running Man (2013) 6.3
Running Man (2013) Running Man (2013) အညွှန်းထွက်ပြေးနေရသူတစ်ဦး... ကိုယ်မကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုအတွက် ထွက်ပြေးနေရသူတစ်ဦး...နိုင်ငံရေးမြှုပ်ကွက်များကြားထဲမှာ သဲလွန်စတစ်စုံတစ်ရာမရှိဘဲ ရှောင်ပြေးနေရပုံအပေါ်မူတည်ပြီး ဇာတ်အိမ်တည်ထားပါတယ်။ အထက်တန်းကျောင်းသားဘဝတည်းက ပြစ်မှုမှတ်တမ်းတသီတတန်းဖြစ်နေပေမဲ့ သားဖြစ်သူနဲ့အတူ အိမ်ကောင်းရာကောင်းနဲ့နေနိုင်ဖို့ ကြုံရာကျပန်းလုပ်ကာ နေ့စား အငှါးကားမောင်းတဲ့အလုပ်လုပ်ရရင်း တစ်နေ့မှာတော့ ထူးထူးခြားခြားပဲ ပိုက်ဆံပေါတဲ့ ခရီးသည်နဲ့ ကြုံခဲ့ပါတယ်။ကံဆိုးချင်တော့ လေဆိပ်ကိုပဲ အမြန်ပြေးချင်နေတဲ့ ခရီးသည်ကြီးဟာ လက်သည်မပေါ်ဘဲ အသတ်ခံရပါတယ်။ ဒီအချိန်မှာတော့ ထုံးစံအတိုင်း ကားသမားကိုပဲ အပြစ်ပုံချဖို့ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ဝရမ်းပြေးဖြစ်နေချိန် အတောအတွင်းမှာတော့ အမှုအစအဆုံးကို ရုပ်လုံးပေါ်လာအောင်စုံစမ်းရင်း တစ်ချိန်က တေလေကြမ်းပိုးဖြစ်ခဲ့ဖူးတာကြောင့် တတ်ကျွမ်းခဲ့ဖူးတဲ့ အကွက်ပေါင်းစုံ အသုံးချကာ မိမိနောက်ကို လိုက်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူဆိုးများ၊ ရဲများကိုပါ နှစ်ပေါက်တစ်ပေါက် ရိုက်ခဲ့ပါတယ်။အမှုမှာ ပါဝင်ပတ်သက်သူ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီးနောက် အမှုကို ဆက်စပ်မိခါနီးမှာ သားဖြစ်သူကပါ တရားခံကို ကူဖမ်းပေးဖို့ဖြစ်လာပါတော့တယ်။ နိုင်ငံရေးလုံခြုံမှု ပေါက်ပြားစေမှုရဲ့ တရားခံအစစ်အမှန်က ဘယ်သူဖြစ်နေမလဲ? ...
movie

Running Man (2013)

2013
Happy End (1999) 6.8
Happy End (1999) Happy End (1999) (18+)ပျော်ရွှင်ဖွယ် အဆုံးသတ် .....ဇာတ်လမ်းတွေထဲမှာ ချစ်သူနှစ်ဦး အိမ်ထောင်ပြုရင်း ဇာတ်သိမ်းလေသတည်းပါပဲ။တကယ့်လက်တွေ့ဘဝမှာတော့ ......အချစ်စစ်တိုင်းက တစ်ခါတစ်လေမှာ ဆုံဆည်းချင်မှ ဆုံဆည်းရတတ်ပါတယ်။ချစ်ရတဲ့သူ နဲ့ လက်ထပ်တဲ့သူ မတူတဲ့ အနေအထားတွေလည်း ဖြစ်တတ်ပါတယ်။အချစ်က အချစ် ဖြစ်ပြီးတော့ .....အိမ်ထောင်ရေးက အိမ်ထောင်ရေး ဖြစ်လာခဲ့တဲ့အခါ ......အချစ် နဲ့ အိမ်ထောင်ရေး က သဟဇာတ မဖြစ်တဲ့အခါ .....ဘဝမှာ ဆန္ဒကို ရှေ့တန်းတင်ပြီး ဆန္ဒနောက်ကို ဘဝက လိုက်မိတဲ့အခါမှာ .....ပျော်ရွှင်ဖွယ်ရာ အဆုံးသတ်တွေ ဖြစ်လာနိုင်ပါ့မလား?????ချစ်ဦးသူနဲ့ ပြန်လည်ပေါင်းဖက်ခြင်းက ချစ်သူနှစ်ယောက်အတွက် အမှန်တရား ဆိုသော်ငြား အိမ်ထောင်သည် တစ်ယောက်အတွက်တော့ အမှန်တရား မဖြစ်နိုင်တော့ပါဘူး။ချစ်သူ နဲ့ အိမ်ထောင်သည်ဘဝရဲ့ ခြားသွားတဲ့စည်းတစ်ကြောင်းက ပါးပါးလေးပါပဲ။တစ်ခါတစ်လေမှာ အဲဒီ ပါးပါးလေးကပဲ လူကို အတိဒုက္ခ ဖြစ်စေနိုင်ပါတယ်။အချစ် နဲ့ အိမ်ထောင်ရေး အကြောင်းကို ထဲထဲဝင်ဝင် နားလည်နိုင်ဖို့ကားဟောင်းထဲက ...
movie

Happy End (1999)

1999
Friend (2001) 7.4
Friend (2001) ဂျွန်ဆုတ် ,ဒုန်ဆု ,ဂျန်ဟို နဲ့ ဆန်တစ် တို့ ဟာ ငယ်စဉ်ကတည်းက အတူဆော့ကစားခဲ့တဲ့ ငယ်သူငယ်ချင်းတွေပါ...သူတို့ထဲမှာမှ ဂျွန်ဆုတ်နဲ့ ဒုန်ဆုတို့ ဟာ ကျောင်းမှာ ကလန်ကဆန်လူဆိုးလေးတွေဖြစ်တာကြောင့် ကျောင်းထုတ်ခံလိုက်ရပါတယ်...နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ ကျန်တဲ့သူငယ်ချင်း နှစ်ယောက်ဟာ တက္ကသိုလ်အသီးသီးဆက်တက်ခဲ့ကြပေမယ့်....ဂျွန်ဆုတ်ကတော့ အိမ်ထောင်ကျသွားပြီး ဒုန်ဆုကတော့ လူဆိုးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်....ကျန်တဲ့သူငယ်ချင်းနှစ်ဦးနဲ့ ပြန်လည်တွေ့ဆုံခဲ့ပေမယ့် ဒုန်ဆုနဲ့ သိပ်အစေးမကပ်တော့ပါဘူး...ဒါကြောင့် ကျန်သူငယ်ချင်းသုံးဦးသာ အတူတွဲနေမိကြတာပေါ့..ဖြစ်ချင်တော့ ဒုန်ဆု ဦးစီးတဲ့ ဂိုဏ်းဟာ ဂျွန်ဆုတ်အဖေတို့ ဂိုဏ်းနဲ့ ရန်ဘက်ဂိုဏ်းဖြစ်တာမို့ သူငယ်ချင်းနှစ်ဦးကြား အထင်လွဲမှားမှုတွေစတင်လာခဲ့ပါတယ်....ဂျွန်ဆုတ်ကလည်း သူတို့ ဂိုဏ်းခေါင်းဆောင်ကို ဒုန်ဆုက လုပ်ကြံဖို့ကြိုးစားခဲ့တယ်လို့ သံသယဝင်ခဲ့ပြီး...ကျန်တဲ့ဂိုဏ်းသားတွေကလည်း ဒုန်ဆုကို ပြန်လည်လုပ်ကြံဖို့ ကြိုးစားလာတဲ့ အခါမှာတော့....CMကမကြာခင်တင်ဆက်ထားတဲ့ Friend 2 ရဲ့ ရှေ့ကားဖြစ်ပါတယ်....ဂိုဏ်းစတားကားတွေထဲမှာ အတော်လန်းတဲ့ ဇာတ်ကားလေးဖြစ်တဲ့ အပြင် ဒုန်ဆုအဖြစ် ဒါရိုက်တာရင်က သရုပ်ဆောင်ထားတာကြောင့် လက်လွတ်မခံဘဲကြည့်သင့်ပါကြောင်း File Size : (950 ...
movie

Friend (2001)

2001