Channel Myanmar

Take Off 2 (2016)

DramaSport

7.0
IMDB: 7.0/10 23568 votes

70301

Report error

Take Off 2 (2016)

****************
2003 ခုနှစ် အာရှဂိမ်းမှာ ကိုးရီးယားက ပထမဆုံးအနေနဲ့ အမျိုးသမီးဟော်ကီကစားပွဲဝင်ပြိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။

အာရှဂိမ်းဝင်ပြိုင်ဖို့ ပထမဆုံးအမျိုးသမီးဟော်ကီအဖွဲ့ဖွဲ့ရမယ်ဆိုပြီး အစိုးရက နည်းပြနဲ့ကစားသမားတွေဖိတ်ခေါ်နေပါတယ်။ ဒါပေမဲ့ နည်းပြတစ်ယောက်ကမှ တာဝန်မယူချင်တဲ့အတွက် ညတိုင်းအရက်သောက်ပြီး ဘယ်သူကမှအလုပ်မခန့်တဲ့ ဟော်ကီနည်းပြဟောင်းတစ်ယောက်ကို ခန့်လိုက်ပါတယ်။

ကစားသမားတွေအနေနဲ့က မြောက်ကိုးရီးယားကထွက်ပြေးလာတဲ့ ပြည်ပြေးအီဂျီဝန်၊ စကိတ်ပြိုင်ပွဲဝင်ရာကအသင်းသားကိုတွန်းထုတ်သလိုဖြစ်ခဲ့လို့ ပြိုင်ပွဲဝင်ခွင့်ပိတ်ခံထားရတဲ့ ဘတ်ချယ်ယောင်း၊ အလှအပအရမ်းကြိုက်တဲ့ဂင်ဂါယွန်း၊ အထက်တန်းကျောင်းသူရှင်းဆိုဟျွန်း၊ သက်လတ်ပိုင်းအရွယ်ဂိုယောင်းဂျာ၊ ကုမ္ပဏီတစ်ခုရဲ့အတွင်းရေးမှူး ဂျိုမီရန်တို့ပဲဖြစ်ပါတယ်။

ဘာအထောက်အပံ့မှမရတဲ့သူတို့ဟာ ယောက်ျား‌လေးဟော်ကီအသင်းကစွန့်ပစ်ထားတဲ့အင်္ကျီတွေဝတ်ရပြီး လေ့ကျင့်စရာနေရာမရှိလို့ ရွာလေးတစ်ရွာရဲ့ကင်းမွန်အခြောက်လှမ်းတဲ့နေရာမှာ သွားလေ့ကျင့်ကြရပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတစ်ခုတည်းပါပဲ။ အာရှဂိမ်းမှာဆုတံဆိပ်တစ်ခုရနိုင်ဖို့ပါ။ ဒီလိုမျိုးကြိုးစားရာက အာရှဂိမ်းမှာ ဆုတံဆိပ်တကယ်ရယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။

ဒိတ်ဒိတ်ကြဲမင်းသမီးတွေသရုပ်ဆောင်ထားပြီး အသင်းအဖွဲ့စိတ်ဓါတ်နဲ့ အချင်းချင်းကူညီရိုင်းပင်းကြတာတွေ၊ ခဏခဏရန်ဖြစ်ကြတာတွေ၊ တစ်ယောက်ချင်းစီရဲ့ဘဝဇာတ်ကြောင်းတွေကို သရုပ်ဆောင်ချက်ကောင်းကောင်း၊ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။

 

File size… 2.19GB & 981MB
Quality… WEB-DL1080p,720p
Format…mp4
Duration….2h 06min
Genre ….. Sport, Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder…. Yee Wai
Translated by  Phyo Pyae



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Take Off 2 (2016)
Take Off 2 (2016)


No downloads available

Genres



Related movies