Channel Myanmar

Kim Dong-hee

Phantom (2023) 6.3
Phantom (2023) Phantom (2023)၁၉၃၃ ခုနှစ် ဂျိုဆွန်းပြည် (ကိုရီးယား) ကို ဂျပန်တွေအုပ်စိုးနေချိန်မှာ ဂျပန်ဘုရင်ခံချုပ်ကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု။ဘယ်သူဘယ်ဝါရယ်လို့ တရားခံမပေါ်သေးခင်မှာပဲ အစအနပျောက်သွားခဲ့ပေမဲ့ လူတိုင်းရဲ့စိတ်ထဲမှာ စွဲကျန်နေခဲ့တဲ့ “တစ္ဆေ” ဆိုတဲ့လူတစ်ဦး။ ဂျိုဆွန်းလူမျိုး “တစ္ဆေ” က ဦးဆောင်နေတဲ့ အကြမ်းဖက်ဂိုဏ်းဟာ ဂျိုဆွန်းရဲ့နေရာတိုင်းမှာသာမက ရှန်ဟိုင်းအထိပါ သူလျှိုတွေစေလွှတ်ထားပြီး ဂျပန်အစိုးရကို အကြီးအကျယ်ထိတ်လန့်စေနေခဲ့ပါတယ်။ဒီလိုနဲ့ ဒုတိယအကြိမ် ဘုရင်ခံချုပ် လုပ်ကြံခံလိုက်ရပြီးတဲ့နောက်မှာတော့ ဗိုလ်ချုပ်ကြီး ဒါခါဟာရာ ဟာ သံသယရှိသူ ဂျိုဆွန်းလူမျိုး ၅ ဦးကို ဟိုတယ်တစ်ခုထဲမှာ ထိန်းသိမ်းလိုက်ပါတော့တယ်။ကိုယ်က ‌တစ္ဆေမဟုတ်ကြောင်းကိုပဲ သက်သေပြမလား၊ ဒါမှမဟုတ် သံသယရှိသူကိုပဲ ထုတ်ပြောပြီး ကိုယ်လွတ်မြောက်ဖို့ကိုပဲ ရွေးချယ်ကြမလား ဆိုတဲ့ ရွေးချယ်စရာ ၂ ခုပဲရှိတော့တဲ့ အချိန်မှာတော့ ဒီလူ ၅ ယောက်‌အနေနဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကို ချကြမလဲ။ သူတို့ထဲမှာ တကယ်ပဲ “တစ္ဆေ” ရှိနေတာလား ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် Action, Thriller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။Casts တွေအနေနဲ့လည်း နာမည်ကြီးတွေဖြစ်ကြတဲ့ ...
movie

Phantom (2023)

2023
Northern Limit Line (2015) 6.6
Northern Limit Line (2015) Northern Limit Line (2015)_____IMDb - 6.6/10   ကိုယ်က ရုပ်ရှင်ကြည့်တာ ဝါသနာပါတော့ ကိုယ့်အားလပ်ချိန်တွေမှာ အချိန်ရရင်ရသလို ရုပ်ရှင်ကားကောင်းတွေကို ကြည့်လေ့ရှိပါတယ်။ ဒီတစ်ပတ်ကြည့်ဖြစ်တာက“Northern Limit Line”သာမန်အားဖြင့် ကိုရီးယားကားတွေ၊ ဇာတ်လမ်းတွဲတွေကို ကြည့်လေ့ မရှိပေမယ့် ဒီတစ်ကားတော့ ကြည့်ဖြစ်သွားတယ်၊ စစ်ကားဖြစ်နေတာလည်း ပါမှာပေါ့လေ။ဇာတ်လမ်းက ၂၀၀၂ခုနှစ် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲကို တောင်ကိုရီးယားမှာ ကျင်းပတဲ့အချိန် တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံကြား ပင်လယ်ဝါထဲက Northern Limit Line မှာ ရေတပ်ချင်း ထိတွေ့မှုဖြစ်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြန်ရိုက်ကူးထားတာပါ။ရုပ်ရှင်အကြောင်းကို မပြောခင် ‪#‎Northern Limit Line‬ (NLL) ဆိုတာဘာလဲဆိုတာကို ပြောချင်ပါတယ်။ ‪#‎NLL‬  ဆိုတာ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ပင်လယ်ဝါအတွင်း ရေပြင်ပိုင်ဆိုင်မှု အငြင်းပွားဆဲ နေရာကို ဖြတ်သန်းရေးဆွဲထားတဲ့ စိတ်ကူးမျဉ်းဖြစ်ပါတယ်။ ဒီလို ပိုင်းခြားသတ်မှတ်ထားတာကို မြောက်ကိုရီးယားက အသိအမှတ်ပြုခြင်းမရှိပါဘူး။ထို့ကြောင့် မြောက်ကိုရီးယား ငါးဖမ်းလှေ၊ သင်္ဘောတွေဟာ စစ်ရေယာဉ်များ အစောင့်လိုက်ပါပြီး ...
movie

Northern Limit Line (2015)

2015